ဆုံးပါးသွားပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Rosey Aung

Celebrity

ဆုံးပါးသွားပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Rosey Aung

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဆုံးပါးသွားပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Rosey Aung ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဆုံးပါးသွားပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Rosey Aung

မRosey Aungရဲ့သမီးကြီး ဖြစ်သူ မအေးမွန် မှသူမရဲ့ facebook accမှာ အခုလိုတင်ထားခဲ့တာဖြစ်ပါတယ်

“လူတွေ သိရင်လဲ သိကြမယ်၊
မသိတယ့်သူတွေလဲရှိမယ်။
ကျွန်မ က မာမီ့ ရယ့် ချွေးမကြီး။
သူ့ရယ့် ကောင်းကွက်တွေကြီးပဲ ပြောမယ်။

သူ့ဘဝမှာ သူ့သား သုံယောက်ဟာ သူ့ကမ္ဘာပဲ။
အရမ်း ဂုဏ်စာ သော proud mama ပေါ့။
သူ အရမ်းကို ချစ်တာ သူ့သားသုံးယောက်ကို။

ချစ်သလောက်လဲ အဲ့သားသုံးယောက်ကို
အမျိုးစုံ၊ ကကြိုးခုန်
ပြဿနာရှာပြီး ခေါင်းစားတာလဲ
သူ့အပြင် ၂ ယောက်မရှိ။

သူငယ်ချင်း မိတ်ဆွေတွေဆိုရင်
သူက ချစ်ခင်မိပြီ
ဆိုရင် ၊ အနစ်နာခံပေါင်းပြီး ၊
သူ့အပေါ် ကောင်းကောင်း၊
မကောင်းမကောင်း ၊
နောက်ကျောက ဓါးနဲ့ ထိုးမှန်းသိလဲ
အဲ့လူ မျက်ခွက်ရှေ့ ဒဲ့ ဖေပေါင်းများစွာနဲ့
ဆဲပြီး ပြန်ပေါင်းတာလဲ သူပဲ။
ဘယ်သူ ဘယ်လောက်ပြောပြေ
အမှတ်မရှိသူကြီးပေါ့။

ဟား အဆဲတကာ့ အဆဲထဲမှာ
ကျွန်မ သူ ဆဲတာတွေကိုတော့
ကဗျာ ကျက်သလိုကို အကုန်
အမှတ်ယတယ်။ ရှယ် တွေကြီးပဲ။

သူ့ ဘဝမှာ သူ့မောင်ရယ် သူအမကြီး
မားသိန်းKyii Kyii Theinရယ်ဟာ
သူ့ ကျေးဇူးရှင်နဲ့ သူ့သွေးသား။
သူ တို့ ၂ ယောက်ဆိုတာလဲ သူ့ရယ့်
ကောင်းကံ ၊ ဆိုးဒဏ်ကို ခံရတာ ရုပ်ရှင် ရိုက်ရင်တောင် ရွှေကမ္ဘာလုံး ဆု
ရလောက်တယ်။ အဲ့သလိုပါ ဆိုသူ က။
တူ၊ တူမ ၊ မြေးတွေ ကိုလဲ သူအရမ်း ချစ်ပေါ့။
သူ့ရယ့် အကြိုက်ဆုံးထဲက နာမည်တွေထဲက သူ့ရယ့် fav က ( ဆူးနှင်းဆီ ) ဆိုတယ့်
အမည်ကတော့ သူအကြိုက်ဆုံး။

အလှူအတန်းတွေ ဆိုရင်လဲ
လက်မနှေးသူပါ မာမီဟာ။
ရက်ကွက်ထဲမှာ ဆိုက်ကားသမား အစ၊
လမ်းဘေး စျေးသည် ၊ သူတောင်းစားက အစ
( အမကြီး ) ဆိုပြီး အကုန်သိ။

တိရိစ္ဆာန်တွေဆိုလဲ ခွက်ကြီး ခွက်ငယ် နဲ့ ဘယ်နေရာ ရောက်ရောက်
သူ စားစရာမရှိရင်နေမယ် သူ့စားဖို့ထဲကနေ ကျွေးတာလဲ သူပဲ။

ကျွန်မကို သူအမြဲပြောတယ့်စကားက( သမီး လူက စာရင် ပါးစပ်နဲ့ လက်ဟန်ခြေဟန်နဲ့ ပြော တောင်းစား လို့ ရတယ်၊ တိရိစ္ဆာန်က လူကျွေးမှ စားရတာ ၊ သူတို့ကို ဘယ်တော့မှ အငတ်မထားပါနဲ့၊ မရှိ ရှိတာနဲ့ ကျွေးပါ ) ဆိုပြီး ဆို ဆုံးမ တယ်။

ဟား ခုတော့ သူက ဘာသာခြား ဖြစ်သွားပြီ။အရင်တုန်းကတော့ သူ့လောက် နတ် ၊ ဗေဒင် ကိုးကွယ် ယုံကြည် ကိုးစားတာ ဩ ချ တယ်။အိမ်မှာ ရွှေ ချ ထားတယ့် သူ့ရယ့်
ကိုကြီး ကျော်ကြီးကိုကျွန်မ မှာ မနက်တိုင်း ဘုရား ရှိခိုး ဆွမ်းကပ်ပြီးတိုင်း ရေကပ် အမွှေးတိုင်ပူဇော်ပြီးသူ ၂ လုံး၊ ၃ လုံး ထီပေါက်ဖို့ ဆုတောင်းပေးရတာဘာ နဲ့မှ မတူ။

အိမ်ပေါ်မှာ ဆိုရင် သူ့ရယ့် သူငယ်ချင်းတွေဆိုတာ
အသိုင်း အဝိုင်းပေါင်းစုံ၊ အလွှာပေါင်းစုံက လာကြဆုံကြတာ နေ့ ည လူ မပြတ်။
မီးဖို ချောင်ထဲမှာ ဆိုလဲ ဟင်းက မပြတ်။
သူက ဟင်း ချက်ကောင်းတာ လက်ရာကလဲ ရှယ်။ချက်ရင်းစား စားရင်းချက် ဆိုတာ သူပေါ့။

သူ ရယ့် နိုင်ငံရေး ခံယူချက် နဲ့ အမြင်ကလဲအားလုံး သိကြတယ့် အတိုင်းပေါ့။
ပြောချက်တွေက ဒဲ့ ၊ ရှယ်၊ အလန်း တွေကြီးပဲ။
အဲ သူ့ရယ့် စန်းပွင့် ချက်ကလဲ ရှယ်။ကိုယ် single mum တောင် သူ့လောက် စန်းမပွင့်။
သူများတွေ မူယာ မာယာများတယ်ဆိုတာ ဘာ လဲ၊ကလေး ကစား သလောက်ပဲ ရှိတယ်။

သူ့ ဆီမှာ သင်ယူရမှာ ၊ သူကမှ တကယ့် Drama Queen ပေါ့။
သူ့ဆီကနေ လူ့အကြောင်း၊ ဘဝအကြောင်း၊
ယောကျာ်းတွေ အကြောင်း အကောင်း၊ အဆိုးအကုန် သင်ယူခဲ့ ရပါတယ်။
ခုတော့ အဲ့ ဒါတွေ အားလုံးကို ထားပြီး သူ ထွက်ခွါသွားခဲ့ ပါပြီ။
မာမီ ကောင်းရာ မွန်ရာ ဘုံဘဝရောက်ပါစေလို့
သမီး စိတ်နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ
ဆုတောငိး ပေးပါတယ်။

အစစ အရာရာ အတွက် ကျေးဇူးပါ မာမီ။ ” သမီးကြီး အေးမွန် ဆိုပြီးfacebookမှာဖော်ပြခဲ့တာဖြစ်ပါတယ်

ရေးသားသူ – Aye Mon

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။