ရာသီဖွားများ၏အကောင်းအဆိုးဟောကိန်းများ

Astrology
ရာသီဖွားများ၏အကောင်းအဆိုးဟောကိန်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရာသီဖွားများ၏အကောင်းအဆိုးဟောကိန်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရာသီဖွားများ၏အကောင်းအဆိုးဟောကိန်းများ
Aries (မိဿရာသီဖွား) မတ် (၂၁)ရက်မှ ဧပြီ (၂၀)

အကောင်း ။ ။ တက်တက်ကြွကြွရှိတယ်။ ကြင်နာတတ်တယ် ။ သတ္တိရှိတယ် ။ ဖန်တီးနိုင်စွမ်းကောင်းပြီး အနုပညာ ပါရမီပါတယ် ။ခေါင်းဆောင်ကောင်းစိတ်ဓာတ်သူလည်းဖြစ်တယ် ။

အဆိုး ။ ။ စိတ်တော့သိပ်မရှည်ချင်ဘူး ။ ကိုယ့်ကို လာထိရင် မဟုတ်မခံပြန်ပြောချင်စိတ်ရှိတယ် ။ တခါတလေ စကားကို မပွင့်မလင်းပြောတတ်တယ် ။ မစဉ်းစားဘဲ တဇွတ်ထိုးလုပ်တတ်တယ် ။

အကြံပြုချက် ။ ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ထားပါ ။ တခုခုကို ဇောက်ချလုပ်ပါ ။လူအများနှင့် ဆက်ဆံရာတွင် ပွင့်လင်းပါ ။ ပြီးတော့ သူငယ်ချင်းများနှင့် မကြာခဏ အချိန်ဖြုန်းပါ ။

Taurus (ပြိဿရာသီဖွား) ဧပြီ (၂၁) ရက်မှ မေ (၂၀)

အကောင်း ။ ။ လက်တွေ့ကျတယ် ။ အားကိုးလောက်တယ် ။ ဂရုစိုက်တတ်ပြီး စိတ်လှုပ်ရှားလွယ်တယ် ။ အပေါင်းအသင်း ခင်တယ် ။ ပျော်တတ်တယ် ၊ မိဘကို ရိုသေသူလည်းဖြစ်တယ် ။

အဆိုး။ ။ စိတ်ကြီးတယ် ။ ဒေါသထွက်ရင် မဆင်မခြင်လုပ်မိတတ်တယ် ။ တခါတလေ ဆရာကြီးလုပ်တတ်တယ် ။ မရည်ရွယ်ပဲနဲ့လည်း ဒေါသအလျှောက် စကားတွေ ပြောမိတတ်တယ် ။ တောင်းပန်ရမှာ ၀န်လေးတယ် ။ အလုပ်ကို အပင်ပန်းခံလုပ်တယ် ။

အကြံပြုချက် ။ ။ စိတ်လိုက်မာန်ပါလုပ်တတ်ခြင်းကို ပြင်ပါ ။ ကိုယ့်တစ်ခုခုကို ပြောမယ်ဆိုရင် အဲဒီစကားရဲ့အကျိုးဆက်ကို စဉ်းစားပြီးမှပြောပါ ။ အမှားလုပ်မိရင် ကြိုးစားပြီး ၀န်ခံပါ ။ ကိုယ့်ကိုယ်ကို အနားပေးဖို့မမေ့ပါနဲ့ ။

Gemini (မေထုန်ရာသီဖွား) မေ (၂၁) ရက်မှ ဇွန် (၂)

အကောင်း ။ ။ ပင်ကိုယ် ထူးချွန်မှုရှိတယ် ။ လုပ်ရည်ကိုင်ရည်ကောင်းတယ် ။ ဥာဏ်ရှိတယ် ။ တစ်ခုခုဆို မှတ်မိလွယ်တယ် ။ အေးဆေးနေတတ်တယ် ။ အများအကျိုးကိုလည်း လိုလားသူဖြစ်တယ် ။

အဆိုး ။ ။ တခါတလေ အစွန်းရောက်သွားတတ်တယ် ။ ဟန်ဆောင်လွန်းတယ် ။ ကျန်းမာရေးညံ့တယ် ။ ကိစ္စတွေကို အကောင်းထက် အဆိုးဘက်မှပိုမြင်တယ် ။ ဝေဖန်တတ်တယ် ။ ကိုယ့်ကို လာဝေဖန်ခြင်းကိုတော့ လုံး၀မကြိုက်ပေ ။

အကြုံပြုချက် ။ ။ အိပ်ရေး၀၀အိပ်ပါ။ စိတ်လွတ်ကိုယ်လွတ်နေထိုင်ပါ ။ အကောင်းမြင်စိတ်မွေးပါ ။ ဘယ်အရာကိုမှ အလောတကြီးမလုပ်ပါနဲ့ ။

Cancer (ကရကဋ်ရာသီဖွား) ဇွန်(၂၁) ရက်မှဇူလိုင်(၂၀)

အကောင်း ။ ။ စိတ်ကောင်းရှိတယ်။ စိတ်ကူးစိတ်သန်း ကောင်းတယ် ။ သနားတတ်တယ် ။ ပေးဆပ်တတ်တယ် ။ ပျော်ပျော်နေတတ်ပြီး အပေါင်းအသင်းများကို အမြဲအားပေးတတ်သူလည်းဖြစ်တယ် ။

အဆိုး ။ ။ ခံစားချက်ပြင်းထန်တယ် ။ အနားမှာ ဂရုစိုက်ပေးမယ့်သူ အမြဲလိုအပ်တယ် ။ ဒေါသထွက်ရင် သူများတွေထက်ပိုဆိုးပြီး သောင်းကျန်တယ် ။ အဝေဖန်လုံး၀မခံနိုင်ဘူး ။ မှားမှန်းသိနေရင်တောင် ဇွတ်လုပ်တတ်တယ် ။

အကြံပြုချက် ။ ။ ကိုယ့်စိတ်ကို အမြဲငြိမ်းချမ်းနေအောင်ထားပါ ။ စကားကို ကြမ်းကြမ်းတမ်းတမ်းမပြောမိပါစေနဲ့ ။ အပြောထက် အလုပ်ကို ပိုကြိုးစားပြီး အမြဲ ရိုးရိုးသားသားနေပါ ။

Leo (သိဟ်ရာသီဖွား) ဇူလိုင် (၂၁) ရက်မှ သြဂုတ် (၂၁)

အကောင်း ။ ။ အရည်အချင်းရှိတယ် ။ လူတော်ဖြစ်တယ် ။ စဉ်းစားဆင်ခြင်ဥာဏ်ရှိပြီး တန်ခိုးဩဇာကြီးသူဖြစ်တယ် ။ အများအကျိုးအတွက်ဆို နှမြောတွန့်တိုခြင်း မရှိသောသူလည်းဖြစ်တယ် ။ ထက်ထက်မြက်မြက်ရှိပြီးအောင်မြင်နိုင်စွမ်းလည်း ရှိတယ် ။

အဆိုး ။ ။ အတ္တကြီးတယ် ။ ခေါင်းမာတယ် ။ ကိုယ်မှန်တယ်ထင်ရင် ဇွတ်လုပ်တတ်တယ် ။ အရှုံးပေးရတာကို မုန်းတယ် ။ လိုချင်တာရှိရင်
မရမချင်း ဘယ်သူတားတား ရအောင်ယူတတ်တယ် ။

အကြံပြုချက် ။ ။ ကိုယ့်ကို ဂရုစိုက်သူတွေကို ပြန်အလေးထားပါ ။ အရာရာကို နှလုံးသားနဲ့ပဲ မဆုံးဖြတ်ပါနဲ့ ။ သည်းခံစိတ်မွေးပြီး ဘာသာတရားကိုင်းရှိုင်းပါ ။

Virgo (ကန်ရာသီဖွား)ဩဂုတ် (၂၂) ရက်မှစက်တင်ဘာလ (၂၂)

အကောင်း ။ ။ ဥာဏ်အရမ်းကောင်းတယ် ။ ပါရမီစွမ်းရည်ရှိတယ် ။ ကိုယ့်ပုံစံနဲ့ကိုယ်နေတတ်တယ် ။ ကြွားဝါမှုနည်းတယ် ။ အပေါင်းအသင်းခင်လွယ်ပြီး လက်တွေ့သမားဖြစ်တယ် ။

အဆိုး ။ ။ အပျော်အပါးမက်တယ် ။ ကြေးများတယ် ။ စိတ်အပြောင်းအလဲမြန်တယ် ။ ကိုယ့်အပေါ်ကောင်းသူတွေကို လျှစ်လျူရှုတတ်တယ် ။ ဆိုဆုံးမရခက်တယ် ။

အကြံပြုချက် ။ ။ အကြီးအကဲများကို ရိုသေပါ ။ ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးပါ ။ စိတ်ညစ်ညစ်နှင့်လုပ်ချင်တာတွေ ဇွတ်မလုပ်ပါနှင့် ။ ကိုယ့်ဘ၀တိုးတက်ဖို့ကို အမြဲကြိုးစားပါ ။

Libra (တူရာသီဖြား)စက်တင်ဘာ (၂၃) ရက်မှ အောက်တိုဘာ (၂၂)

အကောင်း ။ ။ လိုက်လျော်ညီထွေမှုရှိတယ် ။ တရားမျှတမှုကို လိုလားတယ် ။ ဆင်ခြင်ဥာဏ်ကြီးတယ် ။ မဟုတ်မခံစိတ်ရှိတယ် ။သဘောကောင်းပြီး အလုပ်ကြိုးစားသူဖြစ်တယ် ။

အဆိုး ။ ။ ယုံကြည်မှုလွန်ကဲတယ် ။ မာနကြီးတတ်တယ် ။ အယုံလွယ်တယ် ။ တခါတရံ ဆုံးဖြတ်ချက်ချရာတွင် ချီတုံချတုံဖြစ်တတ်တယ် ။

အကြံပြုချက်။ ။ ကိုယ့်အရည်အချင်းများကို အမြဲသွေးနေပါ ။ ပတ်၀န်းကျင်က ဝေဖန်မှုများကို ဂရုမစိုက်ပါနဲ့ ။ ကိုယ့်ကိုယ်ကို အနားပေးပါ ။ တသီးတသန့်မနေဘဲ အပေါင်းအသင်းများနှင့်အချိန်ဖြုန်းပါ ။

Scorpio (ဗြိစ္ဆာရာသီဖွား) အောက်တိုဘာ(၂၃) ရက်မှ နိုဝင်ဘာ (၂၂)

အကောင်း ။ ။ စေ့စပ်သေချာတတ်တယ် ။ ကြင်နာသနားတတ်ပြီး ကူညီတတ်သူဖြစ်တယ် ။ ပင်ကိုစွမ်းရည်လည်းရှိတယ် ။ လူချစ်လူခင်များပြီး အားလုံးနှင့် အဆင်ပြေအောင် နေတတ်တယ် ။

အဆိုး ။ ။ ကလေးဆန်တတ်တယ် ။ အားနာတတ်တယ် ။ စိတ်ညစ်ရင် လုပ်ချင်တာတွေ လျှောက်လုပ်တတ်တယ် ။ အရာရာကို ခံစားလွယ်တယ် ။

အကြံပြုချက် ။ ။ တစ်ခုခုဆိုတိုင်ပင်ပြီးမှ လုပ်ကိုင်ပါ ။ အပျော်အပါးလိုက်စားခြင်းမှ ရှောင်ကြဉ်ပါ ။ တဇွတ်ထိုးလုပ်တတ်ခြင်းကို ပြင်ပြီး အကျိုးရှိမယ့် ကိစ္စများကိုပဲ လုပ်ဆောင်ပါ ။

Sagittarius (ဓနုရာသီဖွား) နိုဝင်ဘာ (၂၃) ရက်မှ ဒီဇင်ဘာ (၂၀)

အကောင်း ။ ။ ကိုယ်ပိုင်ဥာဏ်စွမ်းရှိတယ် ။ သူငယ်ချင်းကောင်းဖြစ်တယ် ။ ထူးချွန်ပြီဆိုလျှင် သူမတူအောင်စွမ်းတယ် ။ ရည်မှန်းချက်ကြီးပြီး စကားပြောကောင်းသူ တစ်ဦးဖြစ်တယ် ။

အဆိုး ။ ။ ဘယ်သူပြောတာမှ နားမထောင်ဘဲ ကိုယ်လုပ်ချင်တာလုပ်တတ်တယ် ။ ပွင့်လင်းသောဆုံးဖြတ်ချက်များကြောင့် လူမုန်းခံရတတ်တယ် ။ အလိမ်အညာခံရတတ်တယ် ။ ဖြစ်သလိုနေတတ်တယ် ။

အကြံပေးချက် ။ ။ အောင်မြင်လိုပါက လူများကို အလွယ်တကူမယုံကြည်ပါနှင့် ။ ကိုယ့်အစွမ်းများကို အပြည့်အ၀အသုံးချပါ ။ ကလဲ့စားချေစိတ် ဘယ်တော့မှ မမွေးပါနှင့် ။

Capricorn (မကာရရာသီဖွား) ဒီဇင်ဘာ (၂၁) ရက်မှ ဇန်နဝါရီ (၁၉(

အကောင်း ။ ။ အလုပ်ကြိုးစားတယ် ။ မိဘကို ရိုသေတယ် ။ ဦးဆောင်နိုင်စွမ်းကောင်းတယ် ။ ပျော်ပျော်ရွင်ရွင်နေထိုင်တတ်တယ် ။ အေးဆေးနေတတ်ပြီး တိတိကျကျလုပ်ကိုင်တတ်သူတစ်ဦးဖြစ်တယ် ။

အဆိုး ။ ။ သူများစကားနားယောင်တတ်တယ် ။ အပြောအဆိုခံရမှာ အရမ်းကြောက်တယ် ။ တစ်ခါတရံ သူတစ်ပါးအပေါ် ချူပ်ကိုင်တတ်ခြင်းကြောင့် ပြသနာကြုံရတတ်တယ် ။ သံသယများတယ် ။

အကြံပြုချက် ။ ။ စိုးရိမ်ပူပန်ခြင်းများကို လျှော့ချပြီးစိတ်ချမ်းသာစွာနေထိုင်ပါ ။ မဖြစ်နိုင်တာတွေကို အတင်းမလုပ်ပါနဲ့ ။ လူတွေကို ယုံကြည်စိတ်မွေးပါ ။

Aquarius (ကုမ်ရာသီဖွား) ဇန်နဝါရီ (၂၀) ရက်မှ ဖေဖော်ဝါရီ (၁၈)

အကောင်း ။ ။ ဇွဲရှိတယ် ။ တီထွင်ဖန်တီးမှုအားကောင်းပြီး ဗဟုသုတများတယ် ။ အတွေ့အကြုံများမှ သင်ယူနိုင်စွမ်းရှိတယ် ။ ယုတ္တိရှိရှိတွေးခေါ်တတ်ပြီး တည်တည်ငြိမ်ငြိမ်နေသူဖြစ်တယ် ။

အဆိုး ။ ။ လူ့ဂွစာဟု အထင်ခံရတတ်တယ် ။ မှားမှား မှန်မှန် ကိုယ့်သဘောအတိုင်းလုပ်တယ် ။ အထီးကျန်တတ်ပြီး တခါတလေ အရာရာကို သိတဲ့ပုံစံနဲ့ လူတတ်ကြီးလုပ်တတ်တယ် ။

အကြံပြုချက် ။ ။ ကိုယ်လိုချင်တာကိုယ်သိအောင်လုပ်ပါ ။ တစ်ခုဆိုတစ်ခု ပေါက်မြောက်အောင်လုပ်ပါ ။ မိမိကိုယ်မိမိတိုးတက်အောင်လုပ်ပြီး လူတွေကို ကူညီပေးပါ ။

Pisces (မိန်ရာသီဖွား) ဖေဖော်ဝါရီ (၁၉)ရက်မှ မတ်လ (၂၀)

အကောင်း ။ ။ အတွေးအခေါ်စိတ်ကူးကောင်းတယ် ။ သူတပါးကို ဒုက္ခပေးလိုစိတ်မရှိသူဖြစ်တယ် ။ စိတ်ကောင်းရှိပြီး ကိုယ့်အာရုံနှင့်ကိုယ်နေတတ်သူဖြစ်တယ် ။

အဆိုး ။ ။ ဆုံးဖြတ်ချက်နှေးတယ် ။ အတိတ်ကိုပဲ အမြဲတွေးနေတတ်တယ် ။ သူငယ်ချင်းများကို အဆက်အသွယ်လုပ်နည်းတယ် ။ ကိစ္စတွေကို အဆိုးဘက်ကတွေးတာများတယ် ။

အကြံပြုချက် ။ ။ တက်တက်ကြွကြွနဲ့ပျော်ပျော်ရွင်ရွင်နေထိုင်ပါ ။ စကားများများပြောပြီး သူငယ်ချင်းများကို မကြာခဏဆက်သွယ်ပါ ။ ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည်နဲ့ လုပ်စရာရှိတာတွေကိုလုပ်ပါ ။

ဒါတွေက ရာသီဖွားတွေရဲ့ အကောင်းအဆိုးတွေကို အကြမ်းဖျင်းတင်ပြချက်ပါ ။ အားလုံးပဲ အဆိုးတွေကိုပြင်ပြီး အကောင်းတွေကို ပိုမို တိုးတက်အောင်လုပ်နိုင်ကြပါစေ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။