နေ့တစ်ပိုင်း နေ့လည် (၁) နာရီမှစထွက်လာသည့် ၂၅၀၀ စားများကိုမြင်တွေ့ရ

Local News
နေ့တစ်ပိုင်း နေ့လည် (၁) နာရီမှစထွက်လာသည့် ၂၅၀၀ စားများကိုမြင်တွေ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေ့တစ်ပိုင်း နေ့လည် (၁) နာရီမှစထွက်လာသည့် ၂၅၀၀ စားများကိုမြင်တွေ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်တွင် အာဏာသိမ်းမှု ၂ နှစ်ပြည့်ကို ကြိုဆိုသော စစ်တပ်ထောက်ခံပွဲ အတွက် မိုက်ကယ်ကျော်မြင့် ဦးဆောင်သော အဖွဲ့က ဗဟန်းဘက်မှ ရန်ကုန် မြို့တော် ခန်းမသို့ လမ်းလျှေက်လာကြရာတွင် စစ်တပ်နှင့်ရဲများက lat nat အပြည့်အစုံဖြင့် ဝန်းရံ ခြံရံ လိုက်ပါကြသည်။

“ဘေးနားမှာလည်း ရဲကား၊ စစ်ကားတွေ နောက်လိုက်တယ်။ လူကတော့ ရာဂဏန်း တောင်မရှိဘူး။ ယောက်လမ်းဘက်ကနေ ချီတက်လာတာ။ လမ်းက ရှင်းနေတော့ သူတို့ချည်းပဲ ထီးထီးကြီး။ ကားမရှိ လူမရှိဆိုတော့။ အခုတော့ မြို့တော်ခန်းမဘက်မှာ လူစုနေကြပြီ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ထောက်ခံကြိုဆိုပွဲများကို ပြုလုပ်နေကြပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ၊ ပျူစော ထီး (ခေါ်) ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ မဘသနှင့် အမျိုးသားရေး အဖွဲ့ များက မြို့နယ် ထွေ/အုပ်ရုံးများတွင် စုစည်းကြမည်ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း ကားများဖြင့် ရန်ကုန်မြို့အနှံ့ မြို့နယ်များ အလိုက် နေရာ များ ခွဲ၍ လှည့်လည်နေကြကြောင်း သိရှိရသည်။

ရေးသားသူ – Myanmar Celebrity News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။