ဒီပဲယင်းမြို့နယ် ကျေးရွာ ၆ ခု အိမ်ခြေ ၁၄၀ ကျော်ကို အကြမ်းဖက် စစ်တပ် က ၂ ရက်အတွင်း မီးရှို့ ဖျက်ဆီး

Local News

ဒီပဲယင်းမြို့နယ် ကျေးရွာ ၆ ခု အိမ်ခြေ ၁၄၀ ကျော်ကို အကြမ်းဖက် စစ်တပ် က ၂ ရက်အတွင်း မီးရှို့ ဖျက်ဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒီပဲယင်းမြို့နယ် ကျေးရွာ ၆ ခု အိမ်ခြေ ၁၄၀ ကျော်ကို အကြမ်းဖက် စစ်တပ် က ၂ ရက်အတွင်း မီးရှို့ ဖျက်ဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရွာ(၆)ရွာမှ အိမ်ခြေ ၁၄၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။


ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများဖြစ်သော ညောင်လှရွာမှ နေအိမ် ၅၈ လုံး၊ ကံကုန်းရွာမှ နေ အိမ် ၁၃ လုံး၊ နများရွာမှ နေအိမ် ၂၄ လုံး၊ ယဉ်ကျေး ရွာမှ နေအိမ် ၁၅ လုံး၊ ပျော်ဘွယ်ရွာမှ နေအိမ် ၂၈ လုံး၊ မစိုးရိမ်ရွာမှ နေအိမ် ၅ လုံး စုစုပေါင်း ၁၄၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကနဦး ကောက်ခံ ရရှိထားကြောင်း KAUNG KIN PDF ထံမှ သိရသည်။
“ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ထွေ/အုပ်ရုံး၊ ဆက်သွယ်ရေးရုံး တွေပါ မကျန် အကုန်မီးရှို့သွားတာ၊ စခတွေက အတော်ကိုရက်စက် ကြမ်း ကြုတ် တယ်၊ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်၊ အပြစ်မဲ့ပြည်သူ တွေခံစား နေရသလို စစ်အာဏာရှင်စုနဲ့ ဆက်စပ်ပတ်သက်သူ မှန်သမျှ ထပ်တူ ခံစားကြပါစေ” ဟု Kaung Kin PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် (၄၈၁၂) လုံး ပြာကျခဲ့ပြီး စစ်ကိုင်တိုင်းအတွင်း၌ နေအိမ် ၃၃၂၀ လုံးဖြင့်အများဆုံးဖြစ်ကာ မကွေးတိုင်း၌ ၁၁၃၄ လုံးဖြင့် ဒုတိယ အများဆုံးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။