ကျောက်ကပ်ဝေဒနာရှင်များအတွက် အထူးကောင်းမွန်တဲ့ ဒုဓလီရွက် နဲ့ ဖရဲသီး ဆေးနည်း

Health
ကျောက်ကပ်ဝေဒနာရှင်များအတွက် အထူးကောင်းမွန်တဲ့ ဒုဓလီရွက် နဲ့ ဖရဲသီး ဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောက်ကပ်ဝေဒနာရှင်များအတွက် အထူးကောင်းမွန်တဲ့ ဒုဓလီရွက် နဲ့ ဖရဲသီး ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောက်ကပ်ဝေဒနာရှင်များအတွက် အထူးကောင်းမွန်တဲ့ ဒုဓလီရွက် နဲ့ ဖရဲသီး ဆေးနည်း

ကျောက်ကပ်ရောဂါဆိုတာ ငွေကုန်ကြေးကျလည်းများသလို၊ ခံစားရတဲ့သူတွေအတွက်လည်း အရမ်းကိုပြင်းထန်တဲ့ ဝေဒနာဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ရှိသူတွေအနေနဲ့ အရမ်းရောဂါမရင့်ခင်မှာ အထူးဂရုစိုက်ဖို့လိုပါတယ်။ ခုဖော်ပြပေးမှာကတော့ ကျောက်ကပ်ဝေဒနာရှင်များအတွက် အထူးကောင်းမွန်တဲ့ ကျောက်ကပ်ရောဂါတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။

ဖရဲသီးစေ့

ဖရဲသီးစေ့ဟာ ကျောက်ကပ်ကို အရမ်းအကျိုးပြုနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်တွေကို ပြေစေနိုင်တဲ့ အစွမ်းရှိတဲ့အပြင် ကျောက်ကပ်ထဲကအညစ် အကြေးတွေကိုလည်းသန့်စင်ဖယ်ရှား ပေးနိုင်ပါတယ်။နောက်ပြီး ကျောက်ကပ်နဲ့ပတ်သက်တဲ့ နာကျင်မှုဝေဒနာတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

လိုအပ်သောပစ္စည်းများ

၁။ဖရဲသီးစေ့(အခြောက်) တစ်ဇွန်း။၂။ရေ (၂) ဖန်ခွက်။ပြုလုပ်နည်းး – ရေနွေးကရားထဲကို ရေ(၂)ဖန်ခွက်ထည့်လိုက်ပါ။ အဲဒီ့အထဲကို ဖရဲသီးစေ့ခပ်ပြီး မိနစ်အနည်းငယ်စောင့်ပါ။ ရေအေးသွားပြီဆိုရင် သောက်သုံးလို့ရပါပြီ။ တစ်နေ့ကို (၂)ခွက် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကျောက်ကပ်ရောဂါ သက်သာပျောက်ကင်းသွားမှာပါ။

ဒုဓလီရွက်

ဒုဓလီရွက်ဟာ ကျောက်ကပ်ထဲရှိ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးမှန်စေခြင်းအားဖြင့် ဘက်တီးရီးယားတွေကိုလည်း စွန့်ထုတ်ပေးပါတယ်။

ပြုလုပ်နည်း

ဒုဓလီရွက်တွေကို နေပူထဲမှာလှန်းပြီး အခြောက်ခံလိုက်ပါ။ ရရှိလာတဲ့ ဒုဓလီရွက်ခြောက် (၁)ဇွန်းကိုယူပြီး ရေပူ(၁)ခွက်ထဲမှာ ခပ်လိုက်ပါ။ ပြီးရင် ခဏအုပ်ထားပြီး (၁၅) မိနစ်ခန့်နှပ်ထားလိုက်ပါ။ဒီနည်းလမ်းကို တစ်နေ့ (၃)ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါတွေ သက်သာပျောက်ကင်းသွားမှာပါ။

ဒုဓလီပင် (ခြေင်္သ့သွား) – မေမြို့ပန်းမျိုးနွယ်ဝင် ဒုဓလီပန်းပင်မှာ အပင်ပုမျိုးဖြစ်ပြီး အမေရိက၊ ဂျပန်၊ တရုတ် နှင့် ကိုရီးယားနိုင်ငံများတွင် ဈေးကွက်ဝင် စားသုံး၍ရသော အလှစိုက်ပင်ဖြစ်သည်။ စတင်စိုက်ပျိုးသည့်နှစ်မှစ၍ မျိုးစေ့ချ စိုက်ပျိုးရုံနှင့် အလွယ်တကူမျိုးပွားနိုင်သည့် ဝတ်မှုန်တိုင်လည်း ပါရှိသည်။

ကိုရီးယားနိုင်ငံတွင် ဒုဓလီပန်းအား မုန့်နှစ်ကပ်၍ ကြော်ခြင်း၊ ပန်းပွင့်အား ရေနွေးကြမ်းခပ်၍သောက်သုံးခြင်း (အဆီကျဆေးများ)၊ ဒုဓလီအပင်ရဲ့ အပွင့် အရွက် အမြစ်ကိုလည်း ကင်မ်ချီ ဟင်းချိုနှင့် အစိမ်းသုတ်၊ ပြုတ်၍သုတ်ခြင်း စသဖြင့် ဟင်းလျာမျိုးစုံ ချက်ပြုတ်စားသုံးလေ့ရှိပါတယ်။တချို့က ရေမုန်လာလို့လည်း ခေါ်ပါတယ်။ နေရာဒေသအခေါ် ပြောင်းလဲနိုင်ပါတယ်။ဈေးမှ ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှာ မေးမြန်းပါ။ နေရာဒေသ အတော်များမှာပေါက်တတ်ပါတယ်။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။