February Predictions(Capricorn ,Aquarius ,Pisces )

Astrology

February Predictions(Capricorn ,Aquarius ,Pisces )

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ February Predictions(Capricorn ,Aquarius ,Pisces ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

February Predictions(Capricorn ,Aquarius ,Pisces )

Zodiac signs set capricorn aquarius pisces Vector Image

Capricorn

ကျော်လွန်လာတဲ့ဇန်နဝါရီအကုန်နဲ့ ဖေဖော်ဝါရီလဆန်းမှာ ကိုယ်ရှေ့ဆက်ဘာလုပ်ရမလဲ? ဘာတွေလုပ်သင့်လဲ?.. ဒီမေးခွန်းတွေက ကိုယ့်ခေါင်းထဲခေါက်တုံ့ခေါက်ပြန် သွားလာနေဖို့ရှိတယ် > သတင်းကောင်းလေးပါးရရင်.. ကိုယ့်အတွက် Confused ဖြစ်နေတာတွေ ၊ ဟိုတစ်ခုကောင်းနိုးနိုး ဒီတစ်ခုကောင်းနိုးနိုးဖြစ်နေတာတွေ သိပ်မကြာခင်ပဲပြီးဆုံးသွားပါတော့မယ် ။

အခုရောက်လာတဲ့ဖေဖော်ဝါရီက ကိုယ့်ကိုစိတ်သစ်လူသစ်စတင်ဖို့အတွက် အခွင့်အခါပေးလိမ့်မယ် ။ ဇန်နဝါရီတစ်ရက်နေ့ထဲက သေချာ Plan အပီအပြင်ဆွဲထားပြီး လက်တွေ့မှာရပ်လိုက်ဆက်သွားလိုက် ဖြစ်နေတဲ့သူတွေအတွက် ဖေဖော်ဝါရီကတကယ်နှစ်ကူးကာလလို့ ခံစားရစေဖို့ရှိနေတယ် ။ ဟုတ်ပါတယ်.. ကိုယ့်ရဲ့နှစ်သစ်ကအခုမှစတာပါ ။

ဘာတွေမျှော်လင့်ထားနိုင်မလဲဆို အတွေးများများအလုပ်နည်းနည်းကနေ ၊ အတွေးနည်းနည်း အလုပ်များများဖြစ်လာဖို့ ရှိနေတယ် ။ ပင်ပန်းရမယ် ၊ ဒါပေမယ့် Result ကောင်းနေသမျှ အပင်ပန်းခံရကျိုးနပ်တယ်ဆိုတဲ့ Capricorn တွေအတွက် နဖူးကချွေးကိုအပြုံးနဲ့သုတ်နိုင်ဖို့မြင်တယ် ။ ဟုတ်တယ်မှလား? အရင်တစ်လမှာကျန်းမာရေးအညံ့ရှိတာ ၊ အထူးသဖြင့်လကုန်ပိုင်းမှာ ဘာလုပ်လုပ်အဖုအထစ် အလွဲအချော်တွေများနေဖို့မြင်မိလို့ ဖေဖော်ဝါရီရောက်တဲ့အထိ အားခဲထားသူတွေရှိလိမ့်မယ် ။ တကယ်တမ်းလည်း ကိုယ်စောင့်စားနေတဲ့ ကံအထောက်အပံ့တွေ စောင့်ကြိုနေပါတယ် ။

ပြောရရင်ဖေဖော်ဝါရီတစ်လလုံး ကိုယ့်ဖက်ကမြန်မြန်ပြတ်သားလေ မြန်မြန်အဆင်ပြေလေဖြစ်ဖို့ရှိတယ် ။ အချိန်ကာလအားဖြင့် လဆန်းပိုင်းမှာတော့ ကိုယ့်ဖက်ကခရီးစထွက်လာတဲ့ကာလအဖြစ် ရှိနေမယ် ။ အရင်တစ်လထက်တော့ သိသိသာသာခိုင်မာလာပြီ ၊ ကိုယ်လည်းခံစားမိဖို့ရှိတယ် ဒါပေမယ့် အားမရတာလေးတွေ နှစ်ခုသုံးခုတစ်ပြိုင်ထဲပြီးစီးချင်တာတွေကြောင့် ထင်သလောက်တော့ခရီးမတွင်သေးဘူး ။ ယုံကြည်ချက်ထားပါ ။ ၈ ရက်နေ့အကျော်မှာပဲ သိသိသာသာအရှိန်ရသွားပါလိမ့်မယ် ။

ဘာလုပ်ရမလဲဆိုရင် ခေါင်းမာမာနဲ့ အရင် Plan ကြီးအတိုင်းတိုးဝင်နေလို့မရဘူး ။ ပြုပြင်ယူပါ ၊ ပြောင်းလဲပါ ။ အလုပ်မဖြစ်တာအတွက် အချိန်မကုန်သင့်တော့ဘူး ။ ဇန်နဝါရီရဲ့အဓိကသင်ခန်းစာက ကိုယ်ဘယ်နားတွေအလုပ်မဖြစ်ဘူးလဲ ပြင်ဆင်သင့်လဲဆိုတာကို ပြသပေးခဲ့တယ်လို့မှတ်ယူရင် ဖေဖော်ဝါရီမှာ ပိုပြီးလက်တွေ့ဆန်တဲ့နေထိုင်မှု Routine တွေ ၊ တွေးခေါ်ပုံတွေ ကိုယ့်ခေါင်းထဲ ထင်းခနဲမြင်သာဖို့ ရှိနေတယ် ။

ဒီတစ်လက ကိုယ့်ကိုကိုယ်စိတ်ကျေနပ်မှုပြန်ရလာဖို့ရှိသလို အလုပ်နဲ့နေထိုင်မှုပုံစံအသစ်က Main Focus အဖြစ်ရှိနေပါမယ် ။ ရိုးရိုးကျင့်မြင့်မြင့်ကြံရမယ့်လမို့ အပျင်းတစ်ပြီးဖြတ်လမ်းနည်း လုံးဝ No ပါ ။ ကျော်တာခွတာ လုံးဝ No ပါ ။ စေတနာမှန်မှန်လုပ်ပေးတာတွေနဲ့ပတ်သက်ပြီး ထိုက်တန်တဲ့အသိအမှတ်ပြုမှု တစ်ဖက်ဖက်ကလှည့်ဝင်လာဖို့ရှိတယ် ။ အလုပ်မှာ နာမည်တပ်ချီးကျူးခံရတာ ၊ ရာထူးလစာတိုးဖို့ ကြိုးစားနေသူတွေအတွက် Positive ကာလတစ်ခုဖြစ်ပါတယ် ။

ဖေဖော်ဝါရီမှာအဓိကရှောင်ဖို့က စိတ်ကိုလွှတ်မထားဖို့ပါ ၊ အလုပ်များများပြီးလာဖို့ရှိသလို စိတ်အခြေအနေက အလုပ်ဖိအား/အနာဂတ်ဖိအားကြောင့် အနည်းငယ်ဆတ်တဲ့ဖက်ရောက်နေမယ် ။ တော်ရုံခေါင်းထဲမထည့်တဲ့ကိစ္စတွေ ဒီရက်ပိုင်းကိုသိသိသာသာ သည်းခံဖို့ခက်နေလိမ့်မယ် ။ အရင်မတုန့်ပြန်တာတွေမှာ တုန့်ပြန်မိနေဖို့ရှိတယ် ။ အဓိကပြသနာက စိတ်ကြဥ်းကြပ်မှုကြောင့် အချစ်ရေး ၊ လူမှုရေးတစ်ခုခုအပေါ်ပုံချဖို့အသင့်ဖြစ်နေတာမျိုးပါ ။

ဒီအတွက် ကိုယ့်စိတ်ထဲမဆိုင်တဲ့လူကို အပြစ်တင်မိတာ ၊ အရင်ထက်စိတ်တိုလွယ် စိတ်ပျက်လွယ် ထိရှလွယ်နေတာလေး သတိထားဖို့လိုတယ် ။ ဒါလေးကလွဲရင်တော့ အချစ်ရေးအိမ်ထောင်ရေး ကြီးကြီးမားမားစိုးရိမ်ဖို့တော့ မရှိဘူး ။ ကတောက်ကဆလေး မျှော်လင့်ထားသင့်ပေမယ့် အချိန်တိုအတွင်း ပိုအဆင်ပြေခြင်းမျိုးလည်းရှိနေဖို့မြင်တယ် ။ February ကကိုယ့်အတွက် အလုပ်မဖြစ်တဲ့ Plan အဟောင်းတွေ ၊ ချဥ်းကပ်ပုံဟောင်းတွေနဲ့ပတ်သက်ပြီး ပြသနာမြန်မြန်ပေါ်တတ်သလို ကိုယ့်ဖက်ကမြန်မြန် Adapt လုပ်နိုင်တာ တာဝန်ခံနိုင်တာနဲ့ပတ်သက်ပြီး ပိုကောင်းတဲ့ဖက်ပို့ပေးသွားလိမ့်မယ် ။

လုပ်ငန်းချဲ့ထွင်မလား? Career ပိုင်းပြောင်းလဲသင့်တယ်မြင်နေလား? အဖြေက Yes ဆိုတဲ့ဖက်ရောက်နေတယ် ။ အချစ်ရေးမှာဆိုလည်း Adjust လုပ်စရာလေးတွေပေါ်မယ် ။ ပွင့်လင်းရမယ် ၊ တောင်းပန်ရမယ် ၊ ဝန်လည်းဝန်ခံရမယ် ။ ဒီကနေတစ်ဆင့် ပိုပြီးခိုင်မာတဲ့အခြေအနေတစ်ခု တည်ဆောက်ယူနိုင်ပါလိမ့်မယ် ။ အကောင်းဆုံးကတော့ နှစ်သစ်ကဒီနေ့ကစတာဆိုပြီး ကိုယ့်ကိုကိုယ် Remind လုပ်ပေးလိုက်သင့်တယ် ။ အချုပ်ပြောရရင် စိန်ခေါ်မှုရှိမယ် ၊ ပြုပြင်ပြောင်းလဲရမယ် ၊ အထူးသဖြင့် လက်ရှိပုံစံကိုအားမရဖြစ်နေတဲ့သူတွေအတွက် မထင်ထားတဲ့နည်းလမ်းအသစ်က ချဥ်းကပ်မှုအသစ်နဲ့ အောင်မြင်ဖို့ရှိနေတယ် ။ စိတ်နဲ့ကိုယ်ပင်ပန်းရနိုင်သလို သေချာပေါက်အလုပ်ပြီးမြောက်ပြီး စိတ်ကျေနပ်မှုပေးမယ့်လတစ်လ ဖြစ်ပါတယ် ။

Aquarius

မွေးနေ့လအတွင်းရှိနေတဲ့ဖေဖော်ဝါရီလက Aquarius တွေအတွက် တည်ငြိမ်မှုနဲ့ရွေ့လျားမှု အချိုးညီညီရှိနေပါတယ် ။ အလှုပ်ကလေးတွေစပြောရရရင် ဒီတစ်လအတွင်း ကိုယ်စမ်းသပ်ချင်တာလေးတွေ လက်တည့်စမ်းနေဖို့ရှိတယ် ။ ဝါသနာပါတာလေးတွေ တကုပ်ကုပ်လုပ်နေတာ ၊ အရင်ကသွားမယ်စားမယ်ဆိုပြီး မရောက်ဖြစ်သေးတဲ့ဆိုင်တွေနေရာတွေ ရောက်ဖြစ်နေဖို့ရှိတယ် ။ တစ်ယောက်ထဲတော့မဟုတ်ဘူး ၊ ချစ်ခင်ရသူအချို့နဲ့ဖြစ်လိမ့်မယ် ။

ဒီလအတွင်း Communication နဲ့ပတ်သက်ပြီး အလှုပ်အခတ်လေးတွေရှိမယ် ။ မိတ်ဆွေဟောင်းတွေနဲ့ပြန်ဆုံတာ ၊ အတိတ်ဟောင်းနဲ့အဆက်အသွယ်ပြန်ရတာမျိုး အားသာချက်ရှိတယ် ။ နောက်ပြီး ကိုယ့်အာရုံလေးကရှင်းနေဖို့ရှိတယ် ။ Negative တွေကြောင့် ထူးပြီးစိတ်ရှုပ်ရဖို့မရှိသလို ကိုယ့်ခေါင်းထဲလည်းကြီးကြီးမားမား ကျန်နေခဲ့ဖို့လည်းမမြင်ဘူး ။ ဒါတွေကိုကျော်လွန်ပြီး တခြားအကောင်အထည်ဖော်ချင်တဲ့ကိစ္စတွေ ၊ ကိုယ်အရေးပေးချင်တဲ့လူတွေမှာပဲ ကိုယ့်ရဲ့ Focus ကရှိနေပါမယ် ။

ပြောရရင် အချစ်ရေးအရ ကံကောင်းတဲ့လလို့လည်း ပြောရမယ် ။ စန်းပွင့်တာမျိုး ၊ ကိုယ့်စကားအပြောအဆိုက ပိုပြီး Impact ဖြစ်နေတာမျိုးလေးရှိတယ် ။ အထူးသဖြင့် လလည်ပိုင်းကနေ လကုန်ပိုင်းလောက်လို့ခန့်မှန်းမိတယ် ။ ဒီလိုကာလလေးတွေမှာ စပ်တူလုပ်စရာတွေ ၊ စာချုပ်ချုပ်တာ ၊ ညှိနှိုင်းစရာတွေ ၊ ချစ်သူအိမ်ထောင်ဖက်တွေနဲ့ အနာဂတ်ကိစ္စတွေ အချိန်ပေးတိုင်ပင်တာလေးအားပေးတယ် ။ ကိုယ်လိုချင်တဲ့ရလာဒ်တစ်ခု ရလာဖို့အားသာနေပါလိမ့်မယ် ။

ဖေဖော်ဝါရီဟာ Chance အရလည်း စိတ်ရှင်းရှင်းနဲ့နေဖြစ်ဖို့ရှိသလို ကိုယ့်ဖက်ကလည်း ပိုပြီးပွင့်လင်းဖို့ကြိုးစားသင့်တယ်လို့ မြင်တယ် ။ ဥပမာ- မသိစိတ်နဲ့ပတ်သက်ပြီး ထူးခြားမှုရှိလိမ့်မယ် ။ အပြင်ပန်းထက် စိတ်ထဲကကိုယ်ဖြစ်ချင်တာ ၊ ပြောချင်တာလေးတွေ ကိုယ်တိုင်ကိုယ်ကျလည်း ပိုသိလာဖို့ရှိတယ် ။ အဆင်ပြေမယ်ထင်ပြီး မပြေလောက်တဲ့ကိစ္စတွေ ရိပ်မိလာဖို့ရှိသလို ၊ အဆင်မပြေလောက်ဘူးထင်ပေမယ့် ကိုယ့်ကိုအကျိုးပေးနိုင်တဲ့လူတွေ Plan တွေလည်း ရှိလာမယ့်လတစ်ခုပါ ။

ဒီအတွက် တအားကြီးခေါင်းမာမနေပဲ ပြုပြင်ပြောင်းလဲဖို့တိုက်တွန်းချင်တယ် ။ ရုတ်တရက် တက်ချင်လာတဲ့သင်တန်းတွေ တက်လိုက်ပါ ၊ ရုတ်တရက် ပညာရေး/Career ဒါမှမဟုတ် ကိုယ့်ရဲ့အချစ်ရေး Marriage Life နဲ့ပတ်သက်ပြီး မတူညီတဲ့လမ်းကြောင်းပြောင်းချင်လာရင် (စိတ်လိုက်မာန်ပါလုပ်ဖို့မဟုတ်ပေမယ့်) သာမန်အချိန် လျှောက်တွေးစိတ်ကူးယဥ်တာမျိုးထက် ပိုပြီးအရေးတယူရှိဖို့ အသိပေးပါတယ် ။ ဘာဖြစ်လို့ဆို အပေါ်မှာပြောခဲ့သလိုပဲ ကိုယ့်ကိုပိုကောင်းမွန်စေမယ့်လမ်းချိုးကွေ့တစ်ခု ဒီလအတွင်းမှာအစပျိုးဖို့ အားသာချက်တွေအတော်လေးများပါတယ် ။

ပြောရရင် အခုလက်ရှိတောင် Current Condition ကြီးကိုငြီးငွေ့ပြီး ပိုတက်လမ်းရှိတဲ့ ပိုအသက်ရှူချောင်စေမယ့် Adventure ရှာချင်သူတွေ များနေလောက်တယ် (အရာရာအဆင်ပြေနေရင်တောင်မှပေါ့) ။ ပညာရေးကံဆိုတာထက် Risk ယူရတာမျိုးလေးတွေကြောင့် အကျိုးအမြတ်ရဖို့ရှိတယ် ။ လက်ရှိဘာပြောင်းလဲသင့်လဲ ဘာလမ်းလိုက်ရမလဲဆိုတဲ့သူတွေ ဒီလအတွင်းကိုပဲ သင့်တော်ကောင်းမွန်တဲ့နည်းလမ်း ရှာတွေ့ပါလိမ့်မယ် ။

အငြိမ်လေးတွေဆိုရင် လက်ရှိအချစ်ရေးအဆင်ပြေနေသူတွေ ပိုကောင်းတဲ့ Commitment တစ်ခုရှာတွေ့လာဖို့ရှိတယ် ။ ပိုပြီး Settle ဖြစ်လာတာ ၊ အထူးသဖြင့်ကိုယ့်စိတ်ကနေ အငြိမ်ဘဝလေးတစ်ခုမှာ ပိုပျော်တတ်လာမျိုးအားသာချက်ရှိတယ် ။ သတိပြုဖို့က လက်ရှိမှာနားလည်မှုအလွဲတွေ သိသိသာသာများနေသူတွေအတွက်တော့ အဆင်ပြေလာဖို့ ပိုပြီးရုန်းကန်ရဦးမယ် ။ ကောင်းတာတွေပိုကောင်းပြီး ၊ ဆိုးတာတွေလည်း အဆိုးဖက်ငြိမ်နေတာမျိုးပေါ့ ။

ဒီတော့ဘာလုပ်ရမလဲဆို ကိုယ့်မျက်လုံးကိုပြောင်းပါ ။ အကောင်းမြင်တာ ၊ ကောင်းတဲ့အရာတွေ ကိုယ့်အတွက်ရှိတယ်လို့လက်ခံယုံကြည်ခြင်းကတဆင့် အောင်ပွဲရပါလိမ့်မယ် ။ ဖေဖော်ဝါရီရဲ့အဓိကစိန်ခေါ်မှုက ဘေးပတ်ဝန်းကျင်ကလာဖို့မရှိဘူး ။ ကိုယ့်စိတ်ထဲကပဲ လာပါမယ် ။ Negative Energy တွေကိုလက်ခံမထားဖို့လိုတယ် ။ ဒီတစ်လမှာသူများအတွေးအမြင် ဂရုစိုက်နေဖို့မရှိဘူး ။ ချစ်ခင်သူအနည်းငယ်လောက်နဲ့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ ကိုယ်ပေးချင်ကမ်းချင်ကူပေးချင်တာတွေကို အကောင်အထည်ဖော်ဖြစ်သွားပါလိမ့်မယ် ။

Pisces

ငါးလေးတွေအတွက် ဒီတစ်လသိသာထင်ရှားမယ့်အပိုင်းက ဝင်ငွေနဲ့ပတ်သက်တာ ၊ စီးပွားရေးကိစ္စတွေပဲ ဖြစ်ပါလိမ့်မယ် ။ ဟုတ်ပါတယ်.. လစာတိုးတာ ၊ မုန့်ဖိုးရတာ ၊ လုပ်ငန်းအောင်မြင်တာ တစ်နည်းနည်းနဲ့လက်ထဲငွေသီးလာဖို့ အတော်လေးရာခိုင်နှုန်းများနေတယ် ။ ကုသိုလ်အကျိုးပေးတွေဝင်လာဖို့ရှိတာမို့ ကုသိုလ်ဆက်ဖို့လိုမယ် ။ ကာလဒါနလေး များများလုပ်နိုင်လေ အကျိုးပေးသိသာမယ့်လတစ်လလို့မြင်ပါတယ် ။ အနည်းဆုံးတော့ အကောင်းမြင်စိတ်လေးနဲ့ မုဒိတာထားပါ ၊ မနာလိုစိတ် စိတ်ပုပ်စိတ်ယုတ်လေးတွေတော့ ရှောင်နိုင်မှလက်ခံရလိမ့်မယ် ။

Valentine’s Day ရှိတဲ့လဆိုပေမယ့် Pisces တွေအတွက် အချစ်ရေးကဒုတိယ ၊ ဘယ်နားပိုက်ဆံရမလဲဆိုတာမျိုး ဖြစ်နေဖို့မြင်တယ် ။ လဆန်းပိုင်းလေးမှာတော့ စိတ်ရှုပ်ရစရာလေးတွေ အရင်ရောက်လာတတ်တယ် ။ ကိုယ့်အတွက် အကောင်းဆုံးအချိန်တွေက Aquarius Season အကုန် ကိုယ့်မွေးနေ့ Pisces Season အဝင် ဖေဖော်ဝါရီတတိယအပတ်နဲ့လကုန်ပိုင်းတွေ ဖြစ်ပါလိမ့်မယ် ။

ဒါကြောင့်မို့ ကြီးကြီးမားမားရက်ချိန်းတွေ လကုန်ပိုင်းနဲ့နောက်လထဲချိန်းယူပါ ။ ဒီမတိုင်ခင်တော့ Risk ယူရမှာတွေအားမပေးဘူး ။ လုံးဝကြီးခြေလှမ်းမစဖို့တော့မဟုတ်ဘူး ။ ကိုယ်တကယ်ပိုင်နိုင်မှာသေချာမှ လက်ဖို့အားပေးတယ် ။ မဟုတ်ရင် နှစ်ခေါက်ပြန်လုပ်ရတာ ၊ ကိုယ်ရသင့်တဲ့ Potential တစ်ခု ရဖို့ခက်ခဲမှုရှိနေပါမယ် ။

ထူးထူးခြားခြား သိထားဖို့ဆိုရင် ဒီလမှာ Focus လုပ်စရာတွေများဖို့ရှိတယ် ။ အရင်ထဲကလည်း Focus နည်းတဲ့လူတွေမဟုတ်ပေမယ့် ဖေဖော်ဝါရီမှာကိုက ကိုယ့်ဘယ်ဖက်အသားပေးရမှန်းမသိအောင် အာရုံများစေဖို့မြင်တယ် ။ ဥပမာ- အကောင်းဆိုရင်လည်း အကောင်းတွေဆက်တိုက်လာတတ်တယ် ။ ငွေရမယ့်လမ်းမြင်ရင်လည်း နှစ်ခု ၊ နှစ်ခုနဲ့အထက်ဖြစ်နေတာ ၊ ပညာရေးဖက်ဆိုလည်း အခွင့်အရေးတွေပေါ်လာတာ ၊ ကိုယ်သိချင်တတ်ချင်တာတွေကများ အချိန်ကမလောက်ဆိုတဲ့ကိစ္စလေးတွေ ရှိနေလိမ့်မယ် ။ တစ်ဖက်မှာလည်း စိတ်ရှုပ်ရမှာမျိုးမှာလည်း အလုပ်ကများ ၊ အချစ်ရေးကတစ်မှောင့်ဆိုတာမျိုး ဘယ်ပြသနာအရင်စရှင်းရမှန်းမသိ ဖြစ်လာတတ်တယ် ။

အချစ်ရေးနဲ့ပတ်သက်ပြီးပြောရင် ပျော်စရာအခိုက်အတံ့လေးတွေရှိသလို သဘောထားကွဲလွဲမှုလေးတွေ ၊ ကိုယ့်ကိုကိုယ်မေးခွန်းပြန်ထုတ်ရတာမျိုးလေးလည်း ရှိမယ် ။ တစ်နည်းပြောရင် အတက်အကျများဖို့ မြင်မိတယ် ။ သေချာတာကတော့ ကိုယ်ချစ်ခင်ရသူတွေနဲ့ကိုယ်နဲ့ကြား ဗျာများရတတ်ပြီး အဆုံးမှာတော့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကိုပဲ ဦးစားပေးသွားဖို့ရှိတယ် ။ တစ်နည်းပြောရရင် အချစ်တွေများပေမယ့် ဒီတစ်လအတွင်းကိုယ်အချစ်ရဆုံးပုဂ္ဂိုလ်က ကိုယ်ကိုတိုင်ပဲဖြစ်နေပါလိမ့်မယ် ။

ဒီလို ကိုယ့်စိတ်တိုင်းကျလုပ်လိုက်ရင် မှန်ပါ့မလား? ဒါကလည်း ဒီလထဲကိုယ့်စိတ်ထဲအဓိကရှိနေမယ့် မေးခွန်းတစ်ခုပဲ ။ အဖြေက- မှန်ပါတယ် ၊ လုပ်ပါ ။ တအားကြီး Rush မဖြစ်ဖို့ပဲလိုမယ် ။ Risk ယူတာနဲ့ နောင်ဖြစ်မှနောင်ရှင်း လုပ်လိုက်တာမတူပါဘူး ။ ကိုယ်သေချာအချိန်ယူစဥ်းစားပြီး ရေရှည်ကောင်းဖို့ဆိုတာသေချာရင် Risk ယူသင့်ယူရမယ် ။

ဒါကြောင့် ဖေဖော်ဝါရီရဲ့ Theme တစ်ခုအနေနဲ့ အရင်ဆုံးဒွိဟများရမယ် စိတ်ရှုပ်စရာလေးတွေလာတတ်တယ် ၊ ဒါကျော်လွန်တာနဲ့ ကိုယ့်ကိုကိုယ်ဦးစားပေးသွားမယ် ။ ဒီအတွက် အနာဂတ်မှာဘယ်လိုရှိမလဲဆို ကိုယ်ရွေးချယ်လိုက်တဲ့ Choice တစ်ခုအတွက် စိတ်ကျေနပ်မှုတွေ ရလာဖို့ရှိပါတယ် ။

ဖေဖော်ဝါရီဟာ Productive ဖြစ်သလောက် Stress လည်းအပြိုင်ရှိနေမယ့်လလို့မြင်ပါတယ် ။ အထူးသဖြင့် လုပ်ငန်းတိုးချဲ့တာ ၊ စီးပွားရေး ဝင်ငွေလမ်းကြောင်းတွေနဲ့ပတ်သက်ပြီး Plus ပြသလို အချစ်ရေး ၊ လူမှုရေးနဲ့ပတ်သက်ပြီး Minus ပြဖို့ရှိတယ် ။ ဒါကြောင့် စကားအပြောအဆိုဂရုစိုက်သင့်တဲ့ လပါ ။ ဓါးခုတ်ရာလက်ဝင်လျိုမိတတ်လို့ တအင်းအင်းနဲ့ထောက်ခံမိပြီး နောက်မှကိုယ့်စကားဖြစ်သွားတတ်တယ် ။ အထူးသဖြင့် ဝန်ထမ်းတစ်ယောက်ဆိုရင် ကိုယ့်အရည်အချင်းနဲ့ပတ်သက်ပြီး အသိအမှတ်ပြုချီးကျူးခံရတတ်သလို မနာလိုတဲ့လုပ်ဖော်ကိုင်ဖက်ရဲ့ ချောက်ချတာမျိုးလည်း သတိထားဖို့တိုက်တွန်းပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။