၇ ရက်သားသမီးအတွက် 2.2.2023 မှ 8.2.2023 အထိ တစ်ပတ်စာ ဟောစာတမ်း နှင့် ယတြာ

Astrology

၇ ရက်သားသမီးအတွက် 2.2.2023 မှ 8.2.2023 အထိ တစ်ပတ်စာ ဟောစာတမ်း နှင့် ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၇ ရက်သားသမီးအတွက် 2.2.2023 မှ 8.2.2023 အထိ တစ်ပတ်စာ ဟောစာတမ်း နှင့် ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၇ ရက်သားသမီးအတွက် 2.2.2023 မှ 8.2.2023 အထိ တစ်ပတ်စာ ဟောစာတမ်း နှင့် ယတြာ

သတင်းများ

တနင်္ဂနွေ

 

တနင်္ဂနွေ သားသမီးမ​ျားအနေဖြင့် ယခုကာလလေးမှာတော့ စကားအပြောဆို အနေထိုင် ဆင်ခြေသင့်သည့်ကာလေးလို့ဆိုရနိုင်ပြီး သေးငယ်သော အရာလေးများမှ ကြီးမားသော ပြသာနာလေးတစ်ချိူ့ဖြစ်တက်သည် ။ ဒီကာလလေးမှာ မိမိ နှင့်ရင်းနှီးသည့် အမျိုးသားတစ်ဦး၏ အထောက်ပံ့ အကူညီတစ်ခုခုရရှိတက်သည်။ အထူးသဖြင့် ဒီအချိန်အတောတွင်းမှာ မရိုးမအပါနှင့် တက်နိုင်စရွေ့လည်လည်ဝယ်ဝယ်နေထိုင်ပါ မိမိအကျိုးရှိသည့်အရာများဖြစ်ပေါ် ရောက်ရှိလာတက်သည်။

ကျန်းမာရေးအနေဖြင့် ဒီကာလလေးမှာ ဒူး ၊ ခြေထောက် နှင့် အရိုးအဆစ်များ နာကျင်ကိုက်ခဲသည့်များဖြစ်တက်သည်။ မိမိ၏အိမ်သား အထက်လူကြီးတစ်ဦးဦး ကျန်းမာရေးအနည်းငယ်အညံ့ရှိတက်သည်။
မိမိ သည်ဆေးလိပ်သောက် တက်သူတစ်ဦးဖြစ်ပါက ဒီကာလအတွင်းလျော့သောက်စေပါ။

စီးပွားရေးအနေဖြင့် ယှဥ်ပြိုင်မှု များရှိနေမည့်အချိန်ဖြစ်ပြီး ထိုအရာများကြောင်​့လည်း မိမိ၏ အဆင့်တန်းတစ်ခုမြင့်မားလာနိုင်သည်။ ဒီကာလအတွင်း ရင်းနှီးမြုံ့နှံမှုလုပ်ငန်းများ အားကောင်းနေတက်ပြီး မည့်သည့်အလုပ်မဆို ရဲရဲတင်းတင်းနှင့်ယုံကြည်မှုရှိရှိ လုပ်ကိုင်ပါအောင်မြင်နိုင်အုံးမည်ဖြစ်သည်။

ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်အတွင်း မိမိဂုဏ် သတင်းအား နိမ့်ချချင်သူများရှိနေသည်ကိုယ် သတိထားပါ။စီးပွားရေး အသစ်ရာဖွေ လုပ်ကိုင်ချင်သူများအနေဖြင့် မိမိ ထက်အသက်ဂုဏ်ရှိန်ဝါကြီးကဲ သူတစ်ဦးနှင့်တိုင်ပင်ဆွေးနွေးကာ စတင်ပြုလုပ်စေပါ ။

ငွေးကြေးကံလေးအနေဖြင့် မိမိရှိရင်းစွဲငွေအား မလိုအပ်ပဲ အပြင်မထွက်စေရန် အထူးဂရုစိုက်ရမည့်အချိန်ဖြစ်သည်။ ငွေကုန်ပေါက်လေးတွေရောက်လာတက်ပြီး စုစုဆောင်းဆောင်းဖြင့်သာ နေထိုင်ပါ မကြာခင်ငွေဝင်လာမှုလေးများရှိလာလိမ့်မည်။

အချစ်ရေးအနေဖြင့် ဒီကာလလေးမှာ ချစ်သူ ရည်းစား အိမ်ထောင်ဖက် ရှိသူများအနေဖြင့်မကြာခနဆိုသလို တစ်ကြိတ်ကြိတ်ရန်ဖြစ်နေတက်ပြီး တစ်ယောက်နှင့်တစ်ယောက် အပြိုင်ဆိုင် စိတ်ကောက်နေတက်သည့်အချိန်ဖြစ်သည်။ သေးငယ်သော ပြသာနာလေးများရှိတက်ပြီး ထိုအရာများကိုယ်ပြေပျောက်စေရန် မိမိဘက်ကသာ အလျော့ပေးနေထိုင်ပေးပါ။

အချစ်ရေးတွင် ကလေးမဆန်ခြင်းက ပိုမိုကောင်းမွန်သောအချိန်တစ်ခုဖြစ်သည်။ အိမ်ထောင်သည် များအနေဖြင့် မိမိတို့အိမ်ထောင်ရေး အားမည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်စွတ်ဖတ်ခြင်းမခံပါနှင့် ထိုအရာများကြောင့် အိမ်ထောင်ရေး ပဠိပက္ခလေးများဖြစ်တက်သည်။

ချစ်သူ ရည်းစား မရှိသေးသူများ အနေဖြင့်ကတော့ အချစ်ရေးတွင် crushနှင့် လိုရာခရီးမ​ေရာက်ပဲဖြစ်နေတက်သည် ။ သို့သော် အချစ်ရေးတွင် အမျိူးသမီးတစ်ဦးဦး၏ အကူညီဖြင်​့ ကံကောင်းမှုလေးတွေရရှိနိုင်အုံးမည်ဖြစ်သည်။

ပညာရေးမှာ တစ်ချို့သောအခ​ျိန်များအတွင်အတွေးများကာ စာထဲစိတ်မရောက်ဖြစ်နေတက်သည်။ ထိုအချိန်များတွင် ယခုအချိန်အတွင်းဖြစ်ပေါ်နေသော တစ်ချို့သောခံစားချက်များအား မေ့ပြစ်ကား မိမိဖြစ်လိုတဲ့အရာတစ်ခုတွက်စတင်ကြိူးစားပေးပါ။

ယတြာအနေဖြင့် မိမိထက် အသက်ဂုဏ်ရှိန်ဝါ ကြီးကဲသူတစ်ဦးဦးအား သစ်သီးဒါနပြုလုပ်ကာတောင်းဆုပြုစေပါ ကံတရား၏အထောက်ပံ့ရရှိတက်သည်။
ကံကောင်းစေသော အရာများမှာ ဂဏန်းအားဖြင့် ၇ ဂဏန်း ၄ ဂဏန်းတို့ဖြစ်ပြီး အရောင်အားဖြင့် အပြာရောင်နှင့် အသားရောင်တို့ဖြစ်ကြသည်။

တနင်္လာ

တနင်္လာ သားသမီးမ​ျားအနေဖြင့် ယခုကာလလေးမှာတော့ လျှပ်စစ်မီးအသုံးပြု မှုများ
ဖယောင်းတိုင်မီးအသုံးပြု မှုများ နှင့် လျှပ်စစ်နှင့်ပတ်သတ်သောအရာများ ကိုင်တွယ်သုံးပြုရာတွင် အထူးသတိထားစေပါသည်။ ဒီကာလေးမှာ မိမိ လုပ်ဆောင်နေသောအလုပ်များထဲမှ အောင်မြင်မှုများ ရရှိတက်သည်။ ဂုဏ်သတင်းကြောဇောမှု အားကောင်းနေသည့်အချိန်လည်းဖြစ်သည်။

တစ်ချို့သောအရာများတွင်မူ ပျင်းရိ့ ခြင်းကြောင့် မိမိလိုရာပန်းတိုင်မရောက်ဖြစ်တက်သည် ထိုကြောင့်ဒီအချိန်အတွင်းမှာ မည့်သည့်အရာမဆိုကြိုးစားလုပ်ကိုင်ပါ သင်မျှော်လင့်သည်ထက် ပိုကောင်းမွန်သောရလဒ်များ ရရှိတက်သည်။

ကျန်းမာရေးအနေဖြင့် အဆုတ်အားနည်း​ခြင်း ကြောင့် ဖြစ်တက်သော ဝေဒန ာများခံစားရတက်သည်။ ရေချိုးချိန်များကိုယ် အရမ်းနောက်မကျစေပါနှင့်မနက် နှင့် နေ့ခင်းပိုင်းမချိန်များသာရေးချိုးပေးပါ။ မကြာခနဆိုသလို လူက အားနည်းနေတက်သေးသည်။

စီးပွားရေးအနေဖြင့် လုပ်ငန်း ဆိုင်ခန်းများအတွင်း ယခင်ကထက် ရောင်းအား ဝယ်အားနည်းနေသည်ဖြစ်ပြီး စီးပွားရေးအနည်းငယ် အကြပ်တက်ဖြစ်နေသောအချိန်သည်။ သို့သော် မကြာသောရက်ပိုင်အတွင်းမှာတင် သိသိသာသာပြန်လှည် ရောင်းအားတက်လာမည်ဖြစ်သည်။ မိမိ လုပ်ကိုင်သော သောအလုပ်အပေါ် မိမိတန်ဖိုးထားရန်ပိုမိုအပ်နေပြီ ထိုအရာကသာ မိမိစီးပွားရေးတိုးတက်ရန်အကောင်းဆုံး ပံ့ပိုးပေးမည့်အရာဖြစ်ပါသည်။

စီးပွားရေးတို့ချဲ့ မှုများသည်တော့မပြုလုပ်သင့်သေး အရှုံးပေါ်တက်သည်။ လုပ်ငန်း ခွင်အတွင်းပိုမိုအောင် မြင်မှုရရှိစေရန် မိမိထက် အလုပ်ကိုင်အတွေ့ကြုံပိုမိုရှိသူများ၏ အကူညီများရယူပါ။ ဝန်ထမ်းများအနေဖြင့် အထက်လူကြီးများနှင့် စကားအနည်းငယ် အခြေတင်ပြောဆိုရတက်သည် သို့သော်အသေးမွှားသည်သာ။

ငွေကြေးကံလေး အနေဖြင့်ကတော့ ငွေအဝင်လေး နည်းနေတက်သော ကာလလေးဖြစ်ကာတစ်နည်းအားဖြင့် အထွက်ငွေများနေသည်ကိူယ် ဆိုနိုင်သည် ။ သို့သော် မိမိစီးပွားရေး လုပ်ငန်းများလည်ပတ်မှုကြောင့် ငွေတစ်ချို့ပြန်ဝင်တက်သည် ။

အချစ်ရေးအနေဖြင့် ချစ်သူ ရည်းစား အိမ်ထောင်ဖက် ရှိသူများအနေဖြင့် မိမိချစ်သူ အပေါ် ပိုမိုသည်းခံ နားလည်ပေးရန်လိုအပ် သည့်အချိန်လည်းဖြစ်သည်။ တစ်ချို့အချိန်များတွင် တစ်ဦးပေါ်တစ်ဦး နားလည်မှုလေးများလွဲကာ ဖြစ်တက်သော ပြသာနာလေးများတစ်ချို့ရှိသည်။ အချစ်ရေးတွင် ရင့်ကြပ်စွာနေထိုင်ပါ ကလေးမဆန်ပါနှင့် ဒီကာလလေးမှာ မိမိ၏ တစ်ဖက်ချစ်သူသည် စိတ်မလိုမကျမှုများနေတက်သည် ထိုကြောင့် သူ၏ အလိုမကျမှုများအား ပိုမိုဖိအားပေးခြင်းမျိုးဖြစ်သည်​့ အရာများ မပြုလုပ်မိရန်လိုအပ်သည်။

အိမ်ထောင်သည်များ အနေဖြင့် အိမ်တွင်ရေးဆူပူမှုများရှိတက်သည်။
ချစ်သူ ရည်စား မရှိသေးသူများအနေဖြင့်ကတော့ အခြေနေအပြောင်းလည်း သိပ်မရှိသေးပဲ အချစ်ရေးတွင်တည်ငြိမ်နေအုံးမည်။ အချို့သောအချိန်များတွင် အဆက်ဟောင်းအား သတိရတက်သည်။

ပညာရေးအနေဖြင့် ကောင်းမွန်နေသော အချိန်တစ်ခုဟိုဆိုနိုင်ကာ မိမိလေ့လာနေသော ပညာရပ်များတွင် ပိုမိုနားလည်တက်မြှောက်မှုများရှိတက်သည်။

ယတြာအနေဖြင့်ကတော့ မိမိ အိမ်တွင်ဟောင်း နွမ်းနေသောအဝတ်စားနှင့် ပစ္စည်းတစ်ခု အားစွန့်ပစ်ခြင်း (သိူ့) ပေးကမ်းခြင်းပြုလုပ် စေပါ မိမိ ကိုယ်ပိုင် ပစ္စည်းဆိုပိုမိုကောင်းမွန်သည်။
ကံကောင်းစေသော အရာများမှာ ဂဏန်းအားဖြင့် ၆ ဂဏန်း ၉ ဂဏန်းတို့ဖြစ်ကြပြီး အရောင်အားဖြင့် အနီရောင် နှင့် ခဲရောင်တို့ဖြစ်ကြသည်။

အင်္ဂါ

အင်္ဂါ သားသမီးများအနေဖြင့် ယခုကာလလေးမှာ သူတစ်ပါး၏ အချုပ်နှောင်များ ဖိအားပေးမှုများမှ ကင်းလွတ်လာနိုင်မည့် အချိန်ပဲဖြစ်သည်။ ဒီကာလမှာ မကောင်းမှုနှင့် ကောင်မှု သည်ဒွန်တွဲနေတက်ပြီး မိမိလုပ်ရပ်များ မိမိနေထိုင်မှုပေါ်မူတည်ပြီး ကံတရား၏ အဆိုး အကောင်း အားခံစားရမည့်အချိန်ဖြစ်သည်။

ဒီကာလေးမှာ လောဘ နှင့် ရမ္မက် စိတ်တို့ကြောင့်အမှားများ ကြူးလွန်မိတက်သည် ထိုကြောင့် ၏စိတ်များအားလျော့စေပါ။ ဒီကာလ အတွင်းမိတ်ဟောင်း ဆွေဟောင်း တို့နှင့်မထင်မှတ်ပဲပြန်စုံတက်သည်။ ထိုသူများ၏ အကူညီကောင်းများကိုယ်လည်းရရှိတက်သေးသည်။

ကျန်းမာရေးအနေဖြင့် ဇတ်ကြောတက်ခြင်း ခေါင်းကိုက်ခြင်း နှင့် အအေးမိခြင်းတို့ဖြစ်တက်သည်။ အဝတ်ထား ထူထူများဝတ်ဆင်ပါ ရေချိုးမမှားပါစေနှင့်။ တစ်ချို့သော အချိန်များတွင် စိတ်လေးလံသလိုလို စိတ်ထိုင်းမှိုင်းသလိုများရံဖန်ရံခါဖြစ်တက်သည်။မိမိ၏ ချစ်သူရည်းစားများ၏ ကျန်းမားရေးဂရုစိုက်ပေးပါ။

စီးပွားရေးအနေဖြင့် စီးပွားရေး လည်ပတ်မှု အရမ်းကောင်းမွန်နေသယောင်ယောင်အရှိသေးသော်လည်း မိတ်ကောင်း ဆွေကောင်းများ၏ အကူညီဖြင့် စီးပွားလုပ်ငန်းများ တိုးတက်လာနိုင်သည်။ စီးပွားရေးတွင် တိုးချဲ့လုပ်ကိုင်လိူပါက မိမိအကျွမ်းတဝင်မရှိသော အလုပ်များအားမလုပ်ကိုင်ပါနှင့် အရှုံးပေါ်တက်သည် မိမိနှင့် အကျွမ်းတဝင် ရှိသောအလုပ်များသည်ကိုယ်သာ လုပ်ဆောင်ပါ။

လုပ်ငန်းအတွင်း အနှောက်ယှက်အနည်းငယ်ရှိတက်သည် ( ရေးတင်ပေးထားသော8 ဂဏန်း ယတြာအားဆောင်စေပါ)
ယခု ကာလအတွက်အကျိုးပေးသော လုပ်ငန်းများမှာ မိမိယခင်က ပြုခဲ့ဖူးသော အလုပ်ငန်းများဟောင်းများသည်သာဖြစ်သည်။

ဝန်ထမ်းများ အဖို့လုပ်ငန်းခွင် အတွင်း ရိုးသားစွာလုပ်ကိုင်ပါ မည်သူတစ်ဦးတစ်ယောက်ကိူယ်မှ အနာလိုစိတ်မထားပါနှင့် တိုးတက်အောင်မြင်အုံးမည်။

ငွေးကြေးကံအနေဖြင့် ဒီကာလေးမှာ မိမိကြောင့် မဟူတ်ပဲ တစ်ခြားသောသူများကြောင့် ငွေကို်ကြေးကျများနေအုံးမည်သည်။ မိမိစေတနာရှိကာ ပေးသောငွေမှ အပ မည့်သူ့ကိုယ်မဆို ငွေချေးငှားခြင်းမှရှောက်ကြင်ပါ ထိုလူနှင့်မိတ်ပျက်တက်သည်။

အချစ်ရေးအနေဖြင့် ​​ချစ်သူ ရည်းစား အိမ်ထောင်ဖက်ရှိသူများ အနေဖြင့် မိမိအချစ်ရေးအတွင်း တစ်စုံတစ်ဦး၏ ဝင်ရောက်စွတ်ဖက်မှုများကြောင့် တစ်ဦးပါတစ်ဦး စိတ်ဆိုး စိတ်ကောက်မှုလေးများ အမြင်မကြည်မှုလေးများ ဖြစ်တက်သည်။ ထိုနှင့် တစ်ဆက်ထဲ ယခင်ကဖြစ်ခဲ့ဖူးသော ပြသနာများသည်ပါ ပေါ်ပေါက်လာတက်သည်။ ထိူကြောင့် ဒီကာလလေးအတွင်း မိမိချစ်သူအား ဂရုစိုက်ပါ ကြင်နာပါ အချိမ်ပေးပါ ဘေးစကားများအား နားမရောင်မိဖို့လည်း မှာကြားစေပါ။

ချစ်သူ ရည်းစား မရှိသေးသူများအနေဖြင့်ကတော့ မိမိကိုယ်တိုက်ယခင်က အချစ်ဇတ်လမ်းများအား မေ့ပြစ်နိုင်ပြီးမှသာ နောက်ထက်အချစ်သစ်တစ်ခုရှာဖွေရန်လိုအပ်ပါသည်။

Crushရှိများအနေဖြင့်ကတော့ မကြာသောအချိန်တွင်း တစ်ဖက်သူ၏ ကောင်းသောတုန့်ပြန်မှုများ ရရှိတက်သည်။ တစ်ချို့သော LDRSများအနေဖြင့် ပြန်လှည်တွေ့စုံကြမည်ဖြစ်သည်။

ပညာရေးအနေဖြင့် အနှောက်ယှက် ရှိတက်သည် ထိုအနှောက်ရှက်သည်လည်း မိမိကိုယ်တိုင်သာဖြစ်ပြီး အချစ်ရေးနှင်​့ တစ်ခြားသော စိတ်ခံသားမှုများကြောင့် ပညာရေးတွင်အားနည်းတက်သည်။ ထိုအရာအားပြင်ဆင်ပါ။

ယတြာအနေဖြင့် ကြေးခေါင်းလောင်းလေးတစ်လုံးအားနေ့စဥ်မနက်တိုင်း မိမိအိပ်ခန်း အတွင်း တီးခက်ကာ အခက်ခဲအားလုံးပြေပျောက်စေရန် တောင်းဆုပြုစေပါ။
ကံကောင်း စေသည့်အရာများကတော့ ဂဏန်းအားဖြင့် ၅ ဂဏန်း ၂ ဂဏန်းတို့ဖြစ်ပြီး အရောင်အားဖြင့် အညိုရောင် နှင့် အပြာရောင်တို့ဖြစ်ကြသည်။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူး သားသမီးများအနေဖြင့် ယခုကာလလေးမှာ အရာရာကိုယ် လုပ်ကိုင်ချင်စိတ်များ ဖြစ်ချင်ဇောများ မများဖို့အရးကြီးပါသည်။ ဒီကာလလေးမှာ မိမိ၏ ဂုဏ်သတင်းကျော်ဇော်မှုများ ရှိတက်ပြီး ထိုအရာများနောက်တွင်းလည်း မသာယာမိရန်လိုအပ်ပါသည်။

မည့်သည့် ကိစ္စများမျိုးကိုယ် မဆိုအလောတစ်ကြီးပြုလုပ်ခြင်းကိုယ် ရှောင်ကြင်ပါ အမှားများတက်သည် မကြာသောအချိန်တွင်း မိမိထက်အသက်ဥာဏ်ပညာကြီးမားသောသူတစ်ဦးနှင့် မိတ်ဆွေဖွဲ့တွေ့စုံရအုံးမည်ဖြစ်သည်။ ဒီကာလေးမှာ မိမိ လေ့လာနေသော အရာများထဲမှာ key တစ်ချောင်းကိုယ်တွေ့ရှိကာ အသိပညာတစ်ခုတိုးပွားအုံးမည်ဖြစ်သည်။

ကျန်းမာရေးအနေဖြင့် ဒီကာလလေးထဲမှာ ကိုယ်ခန္ဓာ ယားယံခြင်း ၊ ဦးခေါင်းယားယံခြင်းနှင့် ဆံပင်မ​ျား မကြာခနဆိုသလို ကျွတ်ခြင်းတို့ဖြစ်တက်သည်။ ကားလမ်း ကူးသည့်အခါများ တွင်သတိထားစေပါ ေခြချော်လဲတက်သည်။
မိမိ၏ လက်အောက်ငယ်သား တစ်ဦးဦး၏ ကျန်းမားရေးအညံ့ရှိတက်သည်။

စီးပွားရေးအနေဖြင့် ယခုကာလေးမှာ ကောင်းမွန်နေသည်ဟု ဆိုနိုင်ပြီး စီးပွားရေးပုံမှန်လည်ပတ်နေကာ အကျိုးမြတ်များလည်း ရရှိနေတက်သည်။ သို့သော်ဒီကာ​လးမှာ လုပ်ငန်းထိုးချဲ့ခြင်း တို့မပြုလုပ်သင့်သေးပဲ ရှိရင်းလက်ရှိအလုပ်တွင်သာ ပိုမိုကောင်းမွန်ရန် ပြုလုပ်နေထိုင်သင့်သည်။
စီးပွားရေး ကောင်းမွန်နေသော်လည်း အပြိုင်ဆိုင် များနေမည့်အချိန်ဖြစ်ပြီး မိမိနှင့်စီးပွားတူ လုပ်ငန်းတူ လုပ်ကိုင်သောသူများများစွာရှိနေတက်သည်။ စီးပွားရေးအတွက် အကြံပေးသူများရှိပါက လည်းမည့်သည့်စကားမဆို အလုံးစုံ မယုံကြည်သင့်သော်အချိန်ဖြစ်သည်။
ဝန်ထမ်းများအနေဖြင့် မိမိအထက်လူကြီး တစ်ဦးဦး မြှောက်စားခြင်း ချီကျူးခြင်းတိုခံရတက်သည်။ လုပ်ငန်းပြောင်းရွေ့ချင်သူများအနေဖြင်​​့ အချိန်ကောင်းတစ်ခုမဟူတ်သေးပါ။

ငွေးကြေးကံလေးအနေဖြင့် ငွေဝင်မှုလေးများရှိနေအုံးမည်ဖြစ်သည် သို့သော် လက်ထဲငွေရောက်ရှိသည် နှင့် သုံးချင်သောစိတ်လေးအားလျှော့ပါ ဝင်သမျှ ပြန်ကုန်တက်သည်။ သတိထားရမည့်အရာလေးမှာ ေငွးကြေးကြောင့် ခိုက်ရန် စကားများမှုများဖြစ်တက်သည် ငွေကြေးအရှုပ်ရှင်းကင်းအောင်နေထိုင်ပါ။

အချစ်ရေးအနေဖြင့် ဒီကာလလေးမှာ ချစ်သူ ရည်းစား အိမ်ထောင်ဖက်ရှိသူများအနေဖြင်​့ အချစ်ရေး အိမ်ထောင်ရေးတွင် မိမိသည်သာ အဓိက ဖြစ်နေသောအချိန်ဖြစ်သဖြင့် အရာရာသင်ကိုယ်တိုင်ဦးဆောင်ပါ (အနာဂတ်အတွက်)

မိမိ ချစ်သူအပေါ် တွင်း မလေးမစားဆက်ဆံခြင်း များရှောင်ကြင်ပါ မိမိကိုယ်တိုင်သူ့အား အလေးထားမှုပေးကာ ဆက်ဆံပါ အချစ်ရေး ယခုထက်ပိုမိုအဆင်ပြေကောင်းမွန်လာပါလိမ့်မယ်။ အချစ်ရေးတွင် မိမိချစ်သူအား စနောက်ကာဖြစ်စေ အတည်အနေထားဖြင့် ဖြစ်စေ နိမ့်ချဆက်ဆံပြောဆိုခြင်းအား အထူးရှောင်ရှားစေပါ။

ချစ်သူ ရည်းစားမရှိသေးသူများအနေဖြင့်ကတော့ မကြာသောအချိန်တွင်း မိမိထကခအသက်ရွယ် အနည်းငယ်ကြီးသော သူတစ်ဦးနှင့် ဆုံစည်းရဖို့ရှိနေပါသည်။ Crushရှိသူများအနေဖြင့်ကတော့ ေရှ့တိုးမလွယ် နောက်စုတ်မလွယ်ဖြစ်နေသည့်အချိန်ဖြစ်သည်။

ပညာရေးကံလေး အထူးကောင်းမွန်နေပြီးတော​့ မိမိလေ့လာ နေသောပညာရပ် များတွင်လွယ်ကူစွာတက်မြောက်နေအုံးမည့်အချိန်ဖြစ်သည်။ ဒိကာလေးမှာ လေးမှာဘေးပတ်ဝန်းကျင် အပျော်ပါးမှားလိုက်စားခြင်းရှောင်ကြင်ပါ ထိုအရာများသည် ပညာရေးအတွက် အနှောက်ရှက်များဖြစ်သည်။

ယတြာအနေဖြင်​့ ဘုန်ကြီး (သို့) မိမိကိုးကွယ်ရာ ဘာသာရေးအကြီးကဲ တစ်ဦးဦးအား ဒါနပြုလုပ်ပါ။
ကံကောင်းစေသောအရာများမှာ ဂဏန်းအားဖြင် ၅ ဂဏန်း ၀ ဂဏန်းတို့ဖြစ်ပြီး အရောင်အားဖြင့် အဖြူရောင် နှင့် လိမော်ရောင်တို့ဖြစ်ကြသည်။

ကြာသာပတေး

ကြာသာပတေး သားသမီးမ​ျားအနေဖြင့် အထူး ကောင်းမွန်သော ကာလလေးတစ်ခုလိုဆိုနိုင်ပြီး မိမိ ကြုံရွယ် ကြံစည် ထားသောအရာလေးတွေဖြစ်မြှောက် အောင်မြင်လာမည့်အချိန်ဖြစ်သည်။ ဒီကာလလေးမှာ ဘယ်အရာမဆို ယုံကြည်ချက်ဖြင့် အလုပ်လုပ်ပါ မိမိယုံကြည်မှုတိုင်းက အစွမ်းသက်ရောက်နေအုံးမည်ဖြစ်သည်။ ဒီချိန်တွင်းလေးမှာ မိမိ အနားတွင်ရှိ အခက်ခဲ ဒုက္ခ ရောက်နေသူများအား လစ်လျှူမရှုထားပါနှင့် မိမိတက်နိုင်သလောက်ကူညီပါ သင်မထင်ထားသော ကံကောင်းခြင်းများပြန်လှည် ရောက်ရှိလာတက်သည်။

ကျန်းမာရေးအနေဖြင့် ခေါင်းမူး ခေါင်းကိုက်ခြင်း ၊ ချောင်းဆိုးခြင်း နှင့် အပူအအေးမမျှ သောကြောင့်ဖြစ်ပေါ်တက်သော ဝေဒန ာအနည်းငယ် ခံစားရတက်သည်။
မိမိ ၏ဆရာသမားများ ထဲမှတစ်ဦးဦး အနည်းငယ် ကျန်းမာရေးအညံ့ရှိသည်။

စီးပွားရေးအနေဖြင့် ဒီကာလလေးမှာ ပုံမှန်ကောင်းမွန် လည်ပတ်နေအုံးမည်ဖြစ်ပြီး လုပ်ငန်းအတွင်း မိမိကြိုးစား လျှင်ကြိုးစားသည်ထက်ပိုသော ရလဒ်များရရှိလာနိုင်သည် ။ ဒီကာလမှာ စီးပွားရေး အားစိုက်လုပ်ပါ ရင်းနှီးမှုများပြုလုပ်ပါ မုတ်ချအောင်မြင်မည်။ စီးပွားရေး ပြုလုပ်ရာတွင် မည့်သည့်အရာမဆို တစ်ခုခြင်း တစ်ဆင့်ခြင်း ပြုလုပ်ဆောင်ရွက်ပါ သလောမကြီးပါနှင့် မှားတက်သည်။

မိမိ ယုံကြည်ရာဖြင့်လုပ်ကိူင်သောလုပ် ငန်းများအတွင်းပိုမိုအောင်မြင်မှုရရှိတက်သည်။ လုပ်ငန်း တိုးချဲ့ချင်သူများအနေဖြင်​့ ယခုအပတ်အတွင်း စတင်အကောင်ထည်ဖော်ပါ။ ဝန်ထမ်းများအဖို့ လုပ်ငန်းခွင်အတွင်း အပြိုင်ဆိုင် များအနည်းငယ်ရှိသော်လည်း အထက်လူကြီးကြောင့် ပျော်စရာလေးများရရှိအုံးမည်။ လုပ်ငန်း ရှာဖွေနေသူများအနေဖြင့် နှင်းဆီပန်း အရွက်လေးများအား မိမိ၏ ပိုက်ဆံအိတ် (သိူ့) အိတ်ကပ်အတွင်း ထည့်ဆောင်ထားပါ အမြန်ဆုံးအလုပ်ရနိုင်သည်။

ငွေ​ကြေးကံလေး သည်လည်းကောင်းမွန်နေအုံးမည်ဖြစ်ပြီး အရောင်ဝယ် ကိစ္စများကြောင်​​့ ငွေဝင်ကိန်းရှိသည်။ ဒီကာကလေးမ​ှာ မိမိထက်ဆင်းရဲမွမ်းပါးသူတို့ငွေကြေးကူညီစွန့်ကြဲပါ တန်ပြန် သက်ရောက်မှုများရရှိတက်သည်။

အချစ်ရေးအနေဖြင့် ချစ်သူ ရည်းစား အိမ်ထောင်ဖက် ရှိသူများအဖို့ အလုပ်ကိုင် များကြောင့် အချစ်ရေးအား အချိန်မပေးနိုင်ဖြစ် နေသည့်အချိန်ဖြစ်သည်။ အချစ်ရေးတွင် မိမိချစ်သူနှင့် အရိုးသားဆုံး အပွင့်လင်းဆုံးနေထိုင်ပါ မည်သည့်အရာမှဖုံးကွယ်ထားခြင်းမပြုလုပ်ပါနဲ ထိုဖုံးကွယ်မှုများ ပေါပေါက်တက်သည်။
ဒီကာလ လေးမှာတက်နိုင်သလောက် အချစ်ရေးမှာ ရိုးသားပါ ပွင့်လင်းပါ နောက်ပြီး မိမိလိုချင်သည့် အချစ်ရေးတစ်ခုရအောင်ပုံဖော်ပါ ။

အိမ်ထောင်ရှင်များ မိမိ၏ အိမ်ထောင်ဖက်အား အလေးထားဆက်ဆံပေးပါ ကောင်းမွန်သောတန်ပြန်သက်ရောက်မှုမ​ျားရရှိနိူင်မည်ဖြစ်သည်။
ချစ်သူ ရည်းစားမရှိသေးသူများအနေဖြင် အချစ်ရေးထက် တစ်ခြားသော အရေးကိစ္စ များအားပိုမိုအာရုံစိုက်နေရသည့်အချိန်ဖြစ်သဖြင်​ြ အချစ်ရေးတွင် ချစ်သူ ရည်းစားရရှိဖို့ အားနည်းနေတက်သည်။ သို့သော် ယခုအပတ်အတွင်း သင့်နားသိူ့ ချည်းကပ်လာမည့်သူတစ်ဦးရောက်ရှိလာ အုံးမည်ဖြစ်သည်။

ပညာရေးအနေဖြင်​​့ ရွေးချယ်မှုများ မများသင့်သည့်ကာလဖြစ်ပြီး မိမိလေ့လာ ဆည်းပူးနေသော ပညာရပ်တစ်ခုထဲကိုယ်ပဲ တစ်စိုက်မက်မက်လေ့လာဆောင်ရွက်ပါ ။ ဒီကာလအတွင်း စာမေးပွဲဖြေဆိုမည့် သူများရှိပါက ယုံကြည်စွာဖြင့်ဖြေဆိုပါ အောင်မည်ဖြစ်သည်။

ယတြာအနေဖြင့် ယခုတစ်ပတ်လုံး မိမိ အိမ်ရှေ့နှင်​့ အိပ်ခန်းထဲတွင် နှင်းဆီပန်းအားထားရှိ ချိတ်စွဲထားပါ ထိုပန်းလေးများ နွမ်းသည့်အခါတွင်လည်း မိမိပိုက်ဆံအိတ် မိမိ ခေါင်းအုံးအောက်တွင်ထားရှိပါ ကံတရာ၏ အထောက်ပံ့များပိူမိူရရှိတက်သည်။
ကံကောင်းစေ သည့်အရာများမှာ ဂဏန်းအားဖြင့် ၁ ဂဏန်း ၄ ရဏန်းတို့ဖြစိပြီး အရောင်အားဖြင့် အနီရောင် နှင့် အဖြူ ရောင်တို့ဖြစ်ကြသည်။

သောကြာ

သောကြာ သားသမီးများအနေဖြင့် ဒီကာလလေးမှာ မိမိ ကိုယ်တိုင်ဆုံးဖြက်ရမည့် အရာလေးများ မိမိကိုယ် တိုင်ရွေးချယ်ရမည့်အရာလေးများနှင့်ကြုံတွေ့ရအုံးမည်။ ဒီကာလေးမှာ သူတစ်ပါးအပေါ် မကောင်ကြံခြင်း ရှောင်ကြင်ပါ တူသောအကျိုးများဖြစ်ပေါ်နိုင်မည့်ကာလ ဖြစ်သောကြောင့်ဖြစ်သည်။ မိမိ ကူညီဆောင်မပေးထားသော သူတစ်ချို့ထံမှ လက်ဆောင်ပဏ္ဍာများ ပြန်လှည်ရရှိတက်သည်။ မိမိ ကိစ္စမဟူတ်သော အရာများဝင်ရောက် စွတ်ဖက်ခြင်းအပြုလုပ်ပါနှင့် ဓားခုတ်ရာလက်ဝင်ရှို သလိုဖြစ်တက်သည်။
ဒီချိန်လေးမှာ မိမိအားချစ်သူများအား ပိုမိုတန်ဖိုးထားစေပါ ထိုသူများသည် မိမိအားလိုအပ်နေသောအချိန်ဖြစ်သည်။

ကျန်းမာရေးအနေဖြင့် ေခြမမြဲ လက်မမြဲဖြစ်တက်ခြင်း အကြောအားနည်းခြင်းနှင်​​့ ခေါင်းမူး ခေါင်းဝေ မကြာခနဆိုသလိုဖြစ်တက်သည်။
အမျိုးသားများအနေဖြင့် ဆီးလမ်းကြောင်းနှင့်ပတ်သတ်သော အရာများဂရုစိုက်ပါ။

စီးပွားရေးအနေဖြင့် အရမ်းမစွန့်စားသင့်သော အချိန်တစ်ခုဖြစ်ပြီး တိုးချဲ့မှုများ ရင်းနှီးမှုများမပြုလုပ်သင့်သေး မိမိ ထင်ထားသလောက်အကျိုးရလဒ်မထွက်ပေါ် သည့်အခြေနေများ နှင့်ကြုံရတက်သည်။ စီးပွားရေးတွင် ရွေးချယ်စရာလုပ်ငန်းများပေါ်ပေါက်လာတက်သည်ရင်းနှီးမှုနှင့်ပြုလုပ်ရသောလုပ်ငန်းများထက် မိမိခွန်အား ဥာဏ်အားဖြင့် ပြုလုပ်ရသောလုပ်ငန်းများတွင် ပိုမိုအောင်မြင်မည့်ကာလဖြစ်သည်။ ဝန်ထမ်များဖို့ အလုပ်ခွင်အတွင်းအမှားလေးများ များနေတက်သည် ထိုကြောင့် အရာရာဂရုစိုက်ပြုလုပ်ပါ ။ တက်နိုင်သရွှေ့ မိမိလုပ်ငန်းအပေါ်တွင်း သစ္စာ ရှိပါ ။ စီးပွားရေး အသစ်စတင်မည့်သူများ အနေဖြင့်ကတော့ ဒီကာလေးမှာ ခတ်တခန စောင့်ဆောင်းနေခြင်းက ပိုမိုကောင်းမွန်သည်။

ငွေးကြေးကံလေးအနေဖြင့် ဝင်ငွေထက် ထွက်ငွေပိုမိုများနေတက်ပြီး လက်ထဲမစုမိသလောက်ဖြစ်နေသည့် မချိန်ဖြစ်သည် ။ ဒီကာလေးမှာ ချွေချွေတာတာဖြင့်နေထိုင်ပါ လိုချင်တက် လိုအပ်တာကိုယ်ပဲပိုမိုဦးစားပေး ငွေအသုံးပြုပါ။

အချစ်ရေးအနေဖြင့် ချစ်သူ ရည်စား အိမ်ထောင်ဖက် ရှိသူများအနေဖြင့် ဒီကာလေးမှာ မိမိချစ်သူနှင့် စကားအပြောဆို လေးများသိပ်မဆက်ဟက် မတည့်ဖြစ်နေပြီး တစ်ဦးပေါ်တစ်ဦး အမြင်လေးများစောင်းနေတက်သည့်အချိန်ဖြစ်သည်။ ဒီကာလလေးမှာ တက်နိုင်သရွှေ မိမိ ချစ်သူအား အချိန်ပေးပါ ဂရုစိုက်ပါ ယုံကြည်မှုရအောင်ပိုမိူနေထိုင်ပါ သို့မှသာ ယခုအချိန်တွင်း အချစ်ရေးလေးကောင်းမွန်နိုင်မည်ဖြစ်သည်။ အိမ်ထောင်သည်များ အနေဖြင်​့ မိမိ အိမ်ထောင်ဖက်အပေါ် ဆူဟောက်ခြင်းနှင့် မလေးမစားဆက်ဆံခြင်းတို့ကိုယ်ရှောင်ကြင်ပေးပါ သင်အတွက်သေးငယ်သည်ဟု ထင်ရသော အရာလေးများသည် ကြီးမားသော ပြသာနာများအဖြစ် ပြောင်းလည်းသွားနိုင်သည်။
ချစ်သူ ရည်စား မရှိသေးသည်များအနေဖြင့် အချစ်ရေးမှာ နှလုံးသားထက် ဦးနှောက်ကို်ယ်ပိုမို အလေးပေးသင့်သည့်ကာလဖြစ်ပြီးတော့ အချစ်ရေးမ​ှာ ဖြစ်ချင်တာထက် ဖြစ်သင့်သာကိူယ်ပိူမိူလုပ်ဆောင်ပါ ဘယ်အရာမှတဇွတ်ထိုးမပြူလုပ်ပါနှင်​့။ LGBTများအနေဖြင်​့ အချစ်ရေးမှာ ေရွးချယ်စရာလေးများပေါ်ပေါက်လာနိုင်သည်။

ပညာရေးကံလေးကတော့ လေ့လာမှုပိုင်း အားနည်းနေသည့်အချိန်ဟု ဆိုနိုင်ပြီး စာထဲ (သို့)မိမိလေ့လာနေသော အရာများထဲစိတ်မရောက်ဖြစ်နေတက်သည်။ သို့သော် ပညာရေးတွင်င်နေ့စဥ် အချိန်တစ်ခုပေးကာ လေ့လာ အားထုတ်ပါ။

ယတြာအနေဖြင့် မိမိအိပ်သော အိပ်ယာအထက်ပိုင်းတွင် ရေခွပ်လေးတစ်ခွပ်အား မှောက်လျှက်ထားရှိပါ။
ကံကောင်းစေသော အရာများမှာ ဂဏန်းအားဖြင်​​့ ၂ ဂဏန်း ၁ ဂဏန်းတို့ဖြစ်ပြီး အရောင်အားဖြင့် မိုးပြာရောင် ကြက်သွေးရောင်တို့ဖြစ်ကြသည်။

စနေ

စနေ သားသမီးများအနေဖြင့် ယခုကာလလေးထဲမှာ အသိပညာ ဥာဏ်ပညာပိုင်းအားကောင်းနေသော ကာလလေးဟုဆိုနိုင်ပြီး အရာရာကိုယ် မိမိဥာဏ် ဖြင့်တိုင်းထွာလုပ်ဆောင်ပါက အောင်မြင်မှုများရရှိနိုင်မည်ဖြစ်သည်။ ဒီကာလေးမှာ အခက်ခဲ သေးသေးလေးများနှင့်ရင်းဆိုင်ရနိုင်ပြီး ထိုအရာလေးများထဲမှ သင်ယူစရာများရရှိနိုင်အုံးမည်ဖြစ်သည်။ ဒီချိန်မျိုးမှာ အပျော်အပါးထက် မိမိတိုးတက်တာကိုယ်ပိုမိုလူပ်ဆောင်သင့်ပြီး ယခုကံကြမ္မာတက်ချိန်လေးမှာ မိမိကိုယ်မိမိ အားမြင့်တင်ပါ။ဒီအပတ် အတွင်းမှာ ပျော်ပွဲရွင်ပွဲများသွားလာရတက်ပြီး ရောက်ရှိရာနေရာတိုင်းတွင်း သူတစ်ပါး၏ အလေးပေးခြင်းအားခံရတက်သည်။

ကျန်းမာရေးအနေဖြင့် ကူးစပ်ရောဂါများ အထူးသတိထားပါ ကိုယ်ခန္ဓာ လေးလံထိုင်မှိုင်းခြင်းနှင့် အညောင်းမိခြင်းတို့ ဖြစ်ပေါ်တက်သည် ထိုကြောင့် မကြာခနဆိုသလို သွေးပူလေ့ကျင့်ခန်းလေးများပြုလုပ်ပေးစေပါ။

စီးပွားရေးအနေဖြင့် ပုံမှန်ကောင်းမွန်နေအုံး မည့်အချိန်ပြီး စီးပွားရေးမှာ ရဲရင့်ပါ ယုံကြည်မှုထားပါ အောင်မြင်မှုရရှိနိုင်ရန် အချိန်ကောင်းဖြစ်သည်။ ဒီကာလ အတွင်းမှာ အမျိူးသမီး တစ်ဦးဦးနှင့် ဆက်တူလုပ်ငန်းများ လုပ်ရှိပါကပိုမိူအောင်မြင် နိုင်အုံးမည်ဖြစ်သည်။ စီးပွားရေး တိုးချဲ့မှုများ ရင်းနှီးမြုံ့နှံမှုများ ပြုလုပ်ရန်လည်း ကောင်းမွန်သောအချိန် တစ်ခါဖြစ်နေပြီး စီးပွားရေးတွေ မိမိကြိူးစားသလောက် ပြန်လှည်အကျိူးမြတ်များ ရရှိနိုင်မည့်အခ​ျိန်လည်း ဖြစ်သည်။ ဝန်ထမ်းများအနေဖြင့်ကတော့ အလုပ်ခွင်တွင်း တစ်ချို့ သေးသယ်သောအခက်ခဲလေးများ ရှိနေသေးသည် သို့သော်ထိူအရာများအား ကောင်းသောအမြင်ဖြင့်သာ ဖြေရှင်းကျော်လွှားစေပါ။ ဒီကာလေးမှာ လုပ်ငန်းပြောင်းရွှေ့ရန် စဥ်းစားနေသူများအနေဖြင့် ရဲရဲသာပြုလုပ်ပါ ။

ငွေး​ကြေးကံလေး ကတော့ ဝင်ငွေထွက်ငွေ ညီမျှလည်ပတ်နေအုံးမည့် အချိန်ဖြစ်ပြီး ငွေဝင်လေးများလည်းပုံမှန်ရှိနေအုံးမည် ။ ဒီကာလ ေလးမှာ မိမိကြောင့်မဟူတ်ပဲ တစ်ခြားသူများကြောင့် ငွေကုန်မှုလေးများပေါ်ပေါက်တက်သည်။

အချစ်ရေးအနေဖြင့် ချစ်သူ ရည်းစား အိမ်ထောင်ဖက် ရှိသူများအနေဖြင့်ကတော့ ဒီကာလလေးမှာ အလုပ်ကိုယ်စီ အကြောင်းရာမျိုးစုံဖြင့် တစ်ဦးပေါ်တစ်ဦး အချိန်မပေးမိဖြစ်နေတက်သည်။ အချို့သော ချစ်သူရည်းစာများအဖို့ အချစ်ရေးတွေ အနည်းငယ်သွေးအေးနေတက်သည်။ ထိုကြောင့် အချစ်ရေးတွင် တက်နိုင်သလောက်လေး အချိန်ပေးပါ ရင်ခုန်မှုလေးများမလျော့သွားစေရန် ပြုလုပ်ပေးပါ။ အချစ်ရေးမှာ အနည်းငယ် အချင်းများစရာ ကိစ္စလေးများနှင့် ကြုံတွေ့ရတက်ပြီး ထိုအရာလေးများအား နားလည်မှု ယုံကြည်မှုဖြင့် ဖြေရှင်းစေပါ လွယ်ကူစွာပြီးဆုံးသွားမည်ဖြစ်သည်။
ထူခြား ချက်မှာ အိမ်ထောင်ရေးတွင် ယခုကာလအတွင်း မည့်သည့်အကြောင်းရာများ ရှိစေကာမှု အမျိူးသမီး၏ ဆုံးဖြက်ချက် နှင့် ဦးဆောင်မှုသည် အိမ်ထောင်ရေးအတွက် ပိုမိုကောင်းမွန်နေသော အချိန်ဖြစ်သည်။
ချစ်သူ ရည်းစား မရှိသေးသူများအနေဖြင့် ကံကြမ္မာ အပြောင်းလည်းလေးများကြောင့် ရင်ခုန်စရာလေးများ နှင့်တွေ့စုံရနိုင်အုံးမည်ဖြစ်ပြီး အင်္ဂါသာသမီးများနှင့် အချစ်ရေးတွင် ပိုမိူအကျိုးပေးတက်သည်။ Crushရှိသူများ အနေဖြင့်ကတော့ ရှေ့တိုးရန် အနည်းငယ် တွေဝေစရာလေးမ​ျားနှင့်ကြုံရတက်သည်။

ပညာရေးကံလေး အထူးကောင်းမွန်နေပြီး မိမိလေ့လာနေသမျှအား အလွယ်တကူ တက်မြှောက်လာမည့်ဖြစ်သည်။ ဒီကာလအတွင်း စာမေးပွဲဖြေဆိုစရာများရှိပါကလည်း လွယ်ကူစွာဖြေဆိုအောင်မြင်နိုင်အုံးမည်။

ယတြာအနေဖြင့် စာကလေး ၊ ခို ၊ ကျီးကန်းနှင့် ငှက်တစ်မျိုးမျိုးအား အစာဒါနပြုလုပ်စေကာ ကံတရား၏အ​ထောင့်ပံ့ ကောင်းများရရှိယူစေနိုင်သည်။
ကံကောင်းစေနိုင်သော အရာများမှာ ဂဏန်းအားဖြင်​့ ၀ ဂဏန်း ၃ ဂဏန်းတို့ဖြစ်ပြီး အရောင်အားဖြင့် အညိုရောင် ​နှင့် အဖြူရောင်တို့ဖြစ်ကြသည်။

ရေးသားသူ – ဆရာနှင်းဆီခိုင်(ခါတော်မှီဗေဒင်ရပ်ဝန်း)တားရော့ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။