တိရစ္ဆာန်စကားများနားလည်စေတက်သောမန္တန်

Astrology

တိရစ္ဆာန်စကားများနားလည်စေတက်သောမန္တန်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့တိရစ္ဆာန်စကားများနားလည်စေတတ်သောမန္တန် ဆိုတဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။

ရှေးလွန်လေပြီးသော နှစ်ပေါင်းများစွာအခါတုန်းကထူးဆန်းသော
မန္တန်မန္တရားအတက်များရှိခဲ့ပါ၏–ယခုခေတ်လူငယ်များ လူကြီးများအချို့မသိကြတော့ချေ။
စာပေကျမ်းဂန်နှံ့စပ်သူများသာသိရှိနိုင်လေ၏–
-thayဆုံးသူဦးခေါင်းခွံကိုခေါက်၍thayဆုံးသွားသူမည်သည့်ဘဝရောက်နေလဲဆိုတာသိနိုင်သောမန္တန်အတက်
-ရတနာရွှေမိုးငွေမိုးများကို ရွာစေတက်သောမန္တန်အတက်
-ခြေရာမြေကိုကြည့်၍ ထိုသူဘယ်ရောက်နေသလဲသိနိုင်သောမန္တန်အတက်
-ဆင်များကိုခိုင်းစေနိုင်သောမန္တန်အတက်
-ရုပ်လွှာအမျိုးမျိုးကိုဖန်ဆင်းထင်ယောင်စေသောမန္တန်အတက်
-သြဇာအာဏာကြီးမားစေသော သက်ရှိသက်မဲ့များအားစေခိုင်းနိုင်သောမန္တန်အတက် တိရစ္ဆာန်တို့ပြောကြားသောစကားကိုသိရှိနားလည်နိုင်သောမန္တန်အတက်များရှိကြလေ၏

Cats know when you're talking about them: A new study sheds light in the  feline mind | Salon.com
ယခုတင်ပြသောမန္တန်သည်တိရစ္ဆာန်စကားနားလည်စေတက်သော မန္တန်ဖြစ်၏ မန္တန်ပညာအတက်သည်ခရီးသည်ရှည်၏—စောင့်ထိန်းနိုင်ရ၏—-အောက်ပါမန္တန်ရွတ်ပွားသူသည်လိုအပ်သောစည်းကမ်းချက်များနှင့်ပြည့်စုံရမည်။
ငယ်စဉ်ကအထိသူများအသက်ကို မthetခဲ့ အဆိပ်ဖြစ်စေ လက်နဲ့ဖြစ်စေ အရာဝတ္ထုတစ်ခုနှင့်ဖြစ်စေ မthetဖူးသူဖြစ်ရမည်။ သတ်သတ်လွတ်ရာသက်ပန်စားနိုင်သူဖြစ်ရမည်။ တိရစ္ဆာန်ချစ်သူ
သနားကြင်နာတက်သူမေတ္တာကြီးမားသူကိုယ်ချင်းစာတရားရှိသူသာ ဤ မန္တန်အစွမ်းတန်ခိုးရနိုင်လေ၏—
ဤမန္တန်စတင်ရွတ်ပါက ငါးပါးသီလမြဲပြီး သတ်သတ်လွတ်သမားဖြစ်၍ မန္တန်အား တနေ့ တစ်ထောင်တိတိ အမြဲမပြတ်ရွတ်ရမည်ဖြစ်၏ ၃ နှစ်မပျက်မကွက်ရွတ်ရမည်။

What's Going On When You Talk to Your Pet - Vetstreet | Vetstreet

ထိုသို့တိကျမှန်ကန်ဆောင်ရွက်သော်လောကရှိတိရစ္ဆာန်မှန်သမျှစကားကိုနားလည်လာပြီး ကယ်ဆယ်နိုင်လိမ့်မည်။ သူတို့၏ အကူအညီဖြင့်သူတို့စကားနားလည်လာသောအခါ တိုင်းပြည်နမိတ်များ ရှေ့ဖြစ်လာမည့်သဘာဝဘေးများသိလာမည်။
ရှားပါးသော သစ်ဥသစ်ဖုဆေးများ ရတနာများ တန်ခိုးထက်မြက်သော သိဒ္ဓိဝင်ပစ္စည်းများ ရရှိနိုင်လာ၏
မိမိဉာဏ်ရှိသလို ဆောင်ယူနိုင်လေ၏—- ဝစီပိတ်သမားများဖြစ်က မန္တန်ခရီး အမြန်ရောက်ပိုကောင်း၏—–


လောက၌ တကယ်ရှိခဲ့သော တန်ခိုးကြီး မန္တန်များသည်ယခုဘဒ္ဒကမ္ဘာ၌ လူတွေ၏အာဃာသတရားး
ကိုယ်ချင်းစာစိတ်ကင်းမဲ့သောတရား တို့ကြောင့်ကွယ်ပျောက်ကုန်ကြလေပြီ။ ယခုထိကျန်ရှိနေသော ဗုဒ္ဓ၏ အဆုံးအမ ပရိတ်ဂါထာ တရားတော်များသည်ဗုဒ္ဓ၏ မေတ္တာဂရုနာတော်ကြောင့်သာတည်ရှိနေသေး၏
အမှန်စင်စစ်မှာ လောဘဒေါသ မောဟနှင့်လူလူချင်း တိုင်းရင်းသားအချင်းချင်း ခုတ်ကြဖျက်ကြ တိုက်ခိုက်ကြ အာဃာသတွေ အတ္တတွေ မနာလိုမှုတွေရဲ့ ဓါတ်တွေကြောင့်အကျိုးပေးသင့်သလောက်မပေးတော့ချေ။
လုပ်ဆောင်လို့ အကျိုးမပေးသော်အပြစ်တင်၏ အပြစ်တင်သော်ယခုလက်ရှိခံစားနေရတဲ့ ဒုက္ခ
နှင့်ချစ်ခြင်းမုန်းခြင်း လူ့ငရဲ/ နောင်သေလွန်သော်မဟာပထဝီငရဲတို့၌ သရုပ်ဆောင်ကြရလေ၏——-
စိတ်ထားကောင်းမှကံကောင်းမည်။ အပြောအဆိုဆင်ခြင်မှဝဋ်လိုက်မှုကင်းမည်။ ယခုဘဝငရဲနှင့်
နောင်တမလွန်ငရဲကင်းလိမ့်မည်။ လုပ်သမျှတရား ရွတ်သမျှဂါထာအကျိုးပေးပါလိမ့်မည်။———ဤ မန္တန်သည်အဖျက်အနှောက်ကြီး၏ ဇွဲကောင်းဖို့နှင့်မေတ္တာနှင့်ယှဉ်သောစိတ်ရှိဖို့လို၏ ဤ အထက်ပါ
စည်းကမ်းများမလိုက်နာပါက မရွတ်တာမှကောင်းမွန်ပါသေး၏ စိတ်တစ်ခုဖြစ်တိုင်း အပြောတစ်ခုထွက်တိုင်း မိမိသာခံစားရမည့် ကံဖြစ်၍ အားလုံး အသိတရားလေးတစ်ခုရကြပါစေ

ရေးသားသူ – နဝင်းမောင်(ဂမ္ဘီရလောကီပညာ)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။