“”ဘုရားဂြိုဟ်ပတ်ယတြာ””(သောကြာ သက်ရောက်အတွက်)

Astrology

“”ဘုရားဂြိုဟ်ပတ်ယတြာ””(သောကြာ သက်ရောက်အတွက်)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”ဘုရားဂြိုဟ်ပတ်ယတြာ”(သောကြာ သက်ရောက်အတွက်) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“”ဘုရားဂြိုဟ်ပတ်ယတြာ””(သောကြာ သက်ရောက်အတွက်)

ဆရာဖြစ်သူမှ စီမံဆောင်ရွက်ပေးရသော အဆင့်မြင့်ဂြိုဟ်ပတ်ယတြာ မဟုတ်သော်လည်း အကျိုးထူးများရရှိစေတဲ့အတွက် ၇.ရက်သားသမီးများ ကိုယ်တိုင်လုပ်ဆိုင်နိုင်သော ဂြိုဟ်ပတ်ယတြာဖြစ်ပါတယ်

ဂြိုဟ်ပတ်ယတြာပြုလုပ်လှူဒါန်းခြင်းဖြင့် ဂြိုဟ်ပြေ နာမ်ပြေ
ကံမြင့် ကံပွင့်စေပါတယ်၊ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝစေပါတယ်၊
မိမိရောက်ရှိနေတဲ့ သက်ရောက်နှစ်ရဲ့ ကောင်းကျိုးများကို လျှင်မြန်ပြည့်ဝရရှိစေပါတယ်၊ သက်ရောက်နှစ်ဆိုးများ ဖြစ်နေရင်လည်း အဆိုးအညံ့များကို ပြေပျောက်စေတယ်၊ ချေဖျက်ပေးပါတယ်၊

၇.ရက်သားသမီးများ ပြုလုပ်နိုင်ဖို့ သောကြာ သက်ရောက်အတွက် ဖော်ပြပေးလိုက်ပါတယ်၊

၁။ မိမိတို့ရဲ့ မွေးနေ့နံနက် ၉နာရီမှ ၁၀း၃၀အတွင်း နဝင်းချိန်မှာ လှူဒါန်းရမှာဖြစ်ပါတယ်၊
၂။ ဂြိုဟ် ၈ခွင်ရှိသော ဘုရားစေတီမှာ ပြုလုပ်ရမှာဖြစ်ပါတယ်၊
“လှူဒါန်းရန်လိုအပ်သော ပစ္စည်းများ”
၃။ ရောင်စုံတံခွန်လုံးအသေး ၉လက်၊ ဖယောင်းတိုင်၉တိုင်၊ အမွှေးတိုင်၉တိုင်၊ ရေ ၉ခွက် သပ္ပါယ်ရပါမယ်၊
၄။ မိမိတို့ရဲ့ အကောင်းဆုံး အညွန့်ဆောင်ပန်း ၉ညွန့် ၊
(မိမိတို့ရဲ့ အညွန့်ဆောင်ပန်းများကို ဆရာအောင်မင်းမင်း၏ ပုလဲနဝင်း အမှတ် ၁ စာအုပ်မှာ ၇.ရက်သားသမီးများအတွက် ဖော်ပြပေးထားပါတယ်)

“လှူဒါန်းပူဇော်နည်း”

ဘုရားစေတီရှိ မိမိမွေးနံထောင့် ဂြိုဟ်တိုင်မှ အစပြုပြီး တံခွန်လုံးတစ်လက်၊ မိမိတို့၏ ဆောင်ပန်းတစ်ညွန့် ၊ ဖယောင်းတိုင်တစ်တိုင် ၊ အမွှေးတိုင်တစ်တိုင် လှူဒါန်းပြီး ရေတစ်ခွက်သပ္ပါယ်ရပါမယ်၊
မတ်တပ်ရပ်လျက် လှူဒါန်းပူဇော်ဆုတောင်းရပါမယ်၊
ဘုရားစေတီရှိ ဂြိုဟ်ခွင်များကို လက်ယာရစ် လှည့်ပြီး ဂြိုဟ်တိုင်ထောင့်တိုင်းကို အထက်ကဖော်ပြသလို တံခွန်လုံး တစ်လက် ၊ ဆောင်ပန်းတစ်ညွန့် ၊ ဖယောင်းတစ်တိုင် ၊ အမွှေးတိုင်တစ်တိုင် ၊ ရေတစ်ခွက်စီ ၊လှူဒါန်းပူဇော်သွားရပါမယ်၊

မိမိမွေးနံထောင့်မှ အစပြုပြီး ဂြိုဟ်ခွင်များကို အစဉ်လိုက်ပတ်လှူပြီး မိမိရဲ့ မွေးနံထောင့်ကို ပြန်ရောက်တဲ့အခါမှာ လက်ထဲမှာကျန်ရှိနေသော တံခွန်လုံး တစ်လက် ၊ ဆောင်ပန်းတစ်ညွန့် ၊ ဖယောင်းတစ်တိုင် ၊ အမွှေးတိုင်တစ်တိုင် ၊ ရေတစ်ခွက်သပ္ပါယ်ပြီးထိုင်၍ လှူဒါန်းပူဇော် ဆုတောင်းမေတ္တာပို့ အမျှဝေခြင်းကို ပြုလုပ်ရပါမည်၊

ယခုဖော်ပြပေးခဲ့တဲ့ သောကြာသက်ရောက် ဘုရားဂြိုဟ်ပတ်ယတြာကို သောကြာအဝင် တစ်လမှ စပြီး သောကြာသက်ရောက်ကုန်သည်အထိ လစဉ်မပြတ်ဆောင်ရွက်သွားခြင်းဖြင့် အဆိုးများကင်းဝေးစေပြီး ကောင်းကျိုးများခံစားရရှိကြမှာ ဖြစ်ပါတယ်၊
မိမိအကြောင်းကိစ္စအပေါ်မူတည်ပြီး
၉ပတ် ဆက်တိုက်ပြုလုပ်သွားလို့လည်းရပါတယ်၊(အထူးကောင်းပါတယ်)

ရေးသားသူ – ဆရာအောင်မင်းမင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။