ကလေးငယ်ကို အသက်စွန့်ကယ်တင်ခဲ့တဲ့ အမျိုးသား တိုက်ခန်းတစ်ခန်း ချီးမြှင့်ခံရ

International News Local News
ကလေးငယ်ကို အသက်စွန့်ကယ်တင်ခဲ့တဲ့ အမျိုးသား တိုက်ခန်းတစ်ခန်း ချီးမြှင့်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေးငယ်ကို အသက်စွန့်ကယ်တင်ခဲ့တဲ့ အမျိုးသား တိုက်ခန်းတစ်ခန်း ချီးမြှင့်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၈ လွှာတိုက်ခန်း ပြတင်းပေါက်ကနေ ပြုတ်ကျလုဆဲဆဲဖြစ်နေတဲ့ ကလေးငယ်ကို အမျိုးသားတစ်ဦးက အသက်စွန့်ကယ်တင်ခဲ့ပါတယ်။ သူ့အမေ ဈေးသွားတုန်း ကလေးငယ်က ခုံတွေပေါ်ကတစ်ဆင့် ပြတင်းပေါက်ပေါ် တွယ်တက်ခဲ့တာပါ။

Man Climbs Out Of 8th Floor Apartment Window To Catch Toddler Hanging From  Window

ဆာဘစ်လို့ အမည်ရတဲ့ အမျိုးသားက အလုပ်သွားဖို့ အဲ့နားကနေ ဖြတ်လာရင်း ပြတင်းပေါက်ကနေ ကလေးငယ် ပြုတ်ကျတော့မလို ဖြစ်နေတာ တွေ့သွားခဲ့တာပါ။ ဒါနဲ့ပဲ သူက တိုက်ခန်းပေါ် ပြေးတက်သွားပြီး ၇ လွှာတိုက်ခန်း (ကလေးငယ်ရဲ့ အောက်ထပ်အခန်း)ကို တံခါး‌ခေါက်ခဲ့ပါတယ်။

” အဲဒီအချိန်မှာ စိတ်ထဲ ဘာမှ မတွေးမိဘူး။ ကလေးငယ်ကို ကူညီပေးချင်တာပဲ သိတယ်။ ပြီးတော့ ကျွန်တော် အလုပ်သွားတယ်။ လူမှုကွန်ရက်မှာတော့ ကျွန်တော့်ကို သူရဲကောင်းလို့ ခေါ်နေကြပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူရဲကောင်းလို့ မခံယူပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ ဘယ်သူ့ကိုမဆို ကူညီပေးရမှာပါပဲ” လို့ ဆာဘစ်က ပြောပါတယ်။

ဆာဘစ်ဟာ ကလေးငယ်ကို ကယ်ပေးခဲ့တဲ့လုပ်ရပ်ကြောင့် အိပ်ခန်း ၃ ခန်းပါ တိုက်ခန်းတစ်ခန်း ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ တိုက်ခန်းပိုင်ဆိုင်ခွင့်ရပြီဖြစ်လို့ ဆာဘစ်ဟာ သူ့ရဲ့ကလေး ၄ ယောက်ကို သူရှိရာ မြို့ဆီ ခေါ်နိုင်တော့မှာပါ။ ဒီဖြစ်ရပ်ကတော့ ၂၀၂၂ ခုနှစ် မေလက ကာဇက်စတန်နိုင်ငံမှာ ဖြစ်ခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။