သူမရဲ့ဘဝရည်မှန်းချက်နဲ့ ကစ်ကစ်နဲ့အတူ သရုပ်ဆောင်ချင်ကြောင်းပြောပြခဲ့တဲ့ စစ်လွန်းဝတီထက်

Celebrity Local News
သူမရဲ့ဘဝရည်မှန်းချက်နဲ့ ကစ်ကစ်နဲ့အတူ သရုပ်ဆောင်ချင်ကြောင်းပြောပြခဲ့တဲ့ စစ်လွန်းဝတီထက်

မင်းသမီးကြီးထက်ထက်မိုးဦးကတော့ မသိသူမရှိတဲ့ နိုင်ငံကျော်ထိပ်တန်းမင်းသမီးကြီးပဲဖြစ်ပါတယ်။ အနုပညာလောကကို ကြောညာတွေရိုက်ကူးရင်း စတင်ဝင်ရောက်လာပြီး ကြော်ညာဘုရင်မဆိုပြီး ဂုဏ်ပုဒ်ကို ပရိသတ်တွေကပေးခဲ့ကြတဲ့အထိ ကြော်ညာလောကမှာ ထိပ်တန်းဖြစ်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထပ်ဆင့်အကယ်ဒမီကိုရရှိထားတဲ့ထိ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာဖြစ်ပါတယ်။

သူမရဲ့သမီးလေးဖြစ်သူ စစ်လွန်းဝတီထက်ကလည်း မိခင်စီက အလှတရားတွေကို အမွေဆက်ခံထားသူတယောက်ဖြစ်ပါတယ်။ အမေတူသမီးပီပီ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြော်ညာတွေစတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ အမေထက်ထက်မိုးဦးနဲ့လည်း ပြန်အဆင်ပြေသွားခဲ့ပြီး ချစ်ချစ်ခင်ခင်ရှိကြတာမို့ ပရိသတ်ကြီးက ဝမ်းသာနေကြတာဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ စစ်လွန်းလေးက သူမရဲ့ဘဝရည်မှန်းချက်ကိုပြောပြလာခဲ့ပါတယ်။ “ စစ်လွန်းက အရင်ကဆို ဒေါက်တာဖြစ်ချင်ခဲ့တာ။ သူများတွေကိုကြည့်ပြီး ကြောက်မိလို့ အင်ဂျင်နီယာပဲ ဖြစ်ချင်သွားတာပေါ့နော်။ စစ်လွန်းက သီချင်းဆိုတာထက် Drum ပဲ တီးချင်တာ … ?”လို့သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ သမီးချောလေး စစ်လွန်းဝတီထက်က ပြောပြလာတာပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖြစ်ခဲ့ရင်လည်း ဝါရင့် စီနီယာ မင်းသမီး ဝတ်မှုန်ရွှေရည်နဲ့အတူတူ သရုပ်ဆောင်ချင်ကြောင်းပြောပြခဲ့တာဖြစ်ပါတယ်။

ရုပ်/သံကြည့်ရန်- https://fb.watch/pVu_udE4PD/

ရေးသားသူ –Let pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။