ဂါဇာမြို့ကနေ အရပ်သားတွေထွက်ခွာဖို့ အစ္စရေးစစ်တပ်က ၄ နာရီအချိန်ပေးထား

International News
ဂါဇာမြို့ကနေ အရပ်သားတွေထွက်ခွာဖို့ အစ္စရေးစစ်တပ်က ၄ နာရီအချိန်ပေးထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂါဇာမြို့ကနေ အရပ်သားတွေထွက်ခွာဖို့ အစ္စရေးစစ်တပ်က ၄ နာရီအချိန်ပေးထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂါဇာမြို့ကနေ အရပ်သားတွေထွက်ခွာဖို့ အစ္စရေးစစ်တပ်က ၄ နာရီအချိန်ပေးထား

ဂါဇာတလွှား လုံခြုံတဲ့နေရာမရှိဘူးလို့ ကုလအဖွဲ့တွေပြောနေချိန် မြောက်ပိုင်းကလူထုတောင်ပိုင်းရွှေ့ဖို့ အစ္စရေး စစ်တပ်ပြော

ဂါဇာတောင်ပိုင်းမှာ အစ္စရေးရဲ့ အခုနောက်ဆုံး လေကြောင်းက တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ ကျော် thayဆုံးသွားတယ်လို့ ဟားမတ်စ် ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ရာဖာနဲ့ ခန်ယူးနစ် က အဆောက်အဦ အပျက်အစီးတွေအောက်က သွေးသံတရဲရဲနဲ့ ပါလက်စတိုင်းတွေကို ဆွဲထုတ်နေတဲ့ပုံတွေ တွေ့ရပါတယ်။

ပါလက်စတိုင်းတွေရဲ့ လုံခြုံရေးအတွက် ဂါဇာတောင်ပိုင်းကို ရွှေ့ကြဖို့ အစ္စရေးက ထပ်တလဲလဲ တိုက်တွန်းနေပါတယ်။

ဂါဇာမြောက်ပိုင်းမှာတော့ အစ္စရေး စစ်တပ်က အရပ်သားတွေကို မြို့ကနေ ၄ နာရီအတွင်း ထွက်ခွာဖို့ အချိန်ပေးထားပါတယ်။

လက်ရှိတော့ အစ္စရေး စစ်တပ်က ဂါဇာစီးတီးကို ဝိုင်းထားပါတယ်။

ကုလလူ့အခွင့်အရေးမင်းကြီးရဲ့ ဂါဇာ ခရီးစဉ်ကနေ ဘာအကျိုးရလဒ် ထွက်ပေါ်နိုင်မလဲ
ဂါဇာစစ်ပွဲ တလအတွင်း thayဆုံးသူ တသောင်းကျော်ထဲ ခလေးတွေက သုံးပုံ ၂ပုံရှိတယ်လို့ ကုလပြော

ကုလလူ့အခွင့်အရေးမင်းကြီး Volker Turk ဗော့လ်ခါတာ့ခ်ဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ အရှေ့အလယ်ပိုင်း ၅ ရက်ခရီးကို စတင်လိုက်ပါတယ်။

ဂါဇာက ပျက်စီး ထိခိုက် ခံစားနေရတဲ့ အခြေအနေဟာ ဆိုးရွားလှပြီး မရပ်တန်း ဆက်ဖြစ်နေတယ်လို့ ကုလမင်းကြီးက ပြောပါတယ်။

မနေ့ အင်္ဂါနေ့က ကိုင်ရိုမြို့မှာ ဆွေးနွေးခဲ့ပြီးနောက် မစ္စတာ တာ့ခ်ဟာ ဂါဇာနဲ့ အီဂျစ် ဖြတ်သန်းသွားရာ ရာဖာနယ်စပ်ကို ရောက်လာဖို့ ရှိပါတယ်။ အဲဒီမတိုင်ခင် သူဟာ ဂျော်ဒန်ကို သွားရောက်ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ဂါဇာထဲကို ကိုယ်တိုင်သွားဖို့ ကြိုးစားမှာ ဖြစ်သလို အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း ဒေသကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ ကုလလက်အောက်ခံ နဲ့ တခြားကယ်ဆယ်ရေး အဖွဲ့ပေါင်း ၁၈ ခုက ဂါဇာမှာ လူသားချင်းစာနာတဲ့ အနေနဲ့ ချက်ချင်း အပစ်ရပ်ဖို့ ပန်ကြားထားပြီး ဒီပန်ကြားချက်ကို အစ္စရေးဘက်က ထပ်တလဲလဲ ငြင်းပယ်နေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။