ဓာတ်ပုံအလား ထင်မှတ်မှားရတဲ့ လက်ရာမြောက်ပန်းချီကားတွေကို မီးမှုတ်သေနတ်နဲ့ ပုံဖော်ဖန်တီးသူ

International News Local News
ဓာတ်ပုံအလား ထင်မှတ်မှားရတဲ့ လက်ရာမြောက်ပန်းချီကားတွေကို မီးမှုတ်သေနတ်နဲ့ ပုံဖော်ဖန်တီးသူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဓာတ်ပုံအလား ထင်မှတ်မှားရတဲ့ လက်ရာမြောက်ပန်းချီကားတွေကို မီးမှုတ်သေနတ်နဲ့ ပုံဖော်ဖန်တီးသူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဓာတ်ပုံအလား ထင်မှတ်မှားရတဲ့ ပန်းချီကားတွေကို နိုင်ဂျီးရီးယားအနုပညာရှင် အဲလက်စ်ပီတာအိုင်ဒိုကိုက မီးနဲ့ပုံဖော် ဖန်တီးတာပါ။ မီးနဲ့ပုံဖော်ဖန်တီးတဲ့အတတ်ပညာကို Pyrography လို့ ခေါ်ပါတယ်။ သစ်သားကန်းဗက်စကို မီးနဲ့ရှို့ပြီး ပုံဖော်ဖန်တီးရတာဖြစ်လို့ မီးအချိန်အဆ နည်းနည်းလေးတောင် လွဲလို့ မရပါဘူး။

အိုင်ဒိုကိုဟာ ငယ်ငယ်ကတည်းက ပုံတူပန်းချီကားတွေ ရေးဆွဲရတာ ဝါသနာထုံသူပါ။ ဓာတ်ပုံအလား ထင်မှတ်မှားရတဲ့ ပန်းချီကားတွေကို သမားရိုးကျနည်းနဲ့ ရေးဆွဲရတာတောင် အနုစိတ်လွန်းလို့ ခက်ခဲပါတယ်။ မီးမှုတ်thayနတ်၊ ကော်ပတ်၊ ဆူးကြိုးတွေနဲ့ ဖန်တီးရတာဆို ပိုလို့တောင် ခက်ခဲပါသေးတယ်။

ဒါကြောင့် အိုင်ဒိုကိုဟာ Pyrography တစ်ချပ်ကို အနည်းဆုံးတစ်လကြာ အချိန်ယူ ရေးဆွဲလေ့ရှိပြီး လနဲ့ချီ ကြာတာမျိုးလည်း ရှိပါတယ်။ ” ကျွန်တော့်လက်ရာတွေကတော့ အာဖရိကရဲ့ အရှိတရားတွေကိုပဲ ရေးဆွဲတာပါ။ လွတ်လပ်ခွင့်၊ အပြောင်းအလဲလုပ်ဖို့နဲ့ စိန်ခေါ်မှုတွေရဲ့ အဖြေများ အစရှိသဖြင့်ပေါ့။ အနုပညာဆိုတာ လူတွေနားလည်တဲ့ ဘာသာစကားတစ်ခုပါ။ ကိုယ့်နှလုံးသားကနေ ဆက်သွယ်၊ ထင်ဟပ်ပြနေသရွှေ့ အဲဒီဘာသာစကားကို လူတွေ နားလည်ကြမှာပါ” လို့ အိုင်ဒိုကိုက ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။