စီးပွားလာဘ်လာဘတွေတထိန်ထိန်လာဘ်မှန်အိမ်ဓါတ်မှန်အိမ်

Astrology
စီးပွားလာဘ်လာဘတွေတထိန်ထိန်လာဘ်မှန်အိမ်ဓါတ်မှန်အိမ်

စာမရေးဖြစ်တာ အတော်လေး ကြာသွားပါပြီ ။ စာ ရေးနေကျ စာရေးဆရာတစ်ဦးလည်း မဟုတ်တဲ့အတွက် ကိုယ်ရေးမယ့် အကြောင်းအရာတွေ ရင်ထဲဦးနှောက်ထဲမှာ ပြည့်နေပေမဲ့ စာဖတ်သူ နားလည်အောင် ဘယ်လိုစရေးရ မှန်း မသိဖြစ်ရတယ် ။ ဗေဒင်ဟောတဲ့ သက်တမ်း နှစ်ဆယ့် ငါးနှစ်ကျော်အတွင်းမှာ ရရှိထားတဲ့ အတွေ့အကြုံတွေဟော ပြောတွက်ချက်ပြီး ပြုလုပ်ခဲ့ရတဲ့ ယတြာတွေ ၊ အောင်မြင်မှု ရတာလေးတွေကို စာဖတ်သူတွေရဲ့ အကျိုးအတွက် ရေးပြချင်ပေမဲ့ တစ်နေကုန် ဗေဒင်ဟောခန်းမှာထိုင်ပြီး မနားတမ်း ဟောပြောခဲ့ရတော့ ပင်ပန်းတာတွေရယ် ၊ လူမှုရေးကိစ္စမှအစ အကြောင်းအမျိုးမျိုးကြောင့်ရယ် မရေးဖြစ်တာတွေလည်းရှိခဲ့ တယ် ။

တစ်နေ့မှာ ကျွန်တော် ဗေဒင်ဟောပြောပြီးခါနီး စမ်းချောင်းက အန်တီဝင်းနဲ့ သူ့မိတ်ဆွေတစ်စုတို့ ရောက်ရှိ လာကြပါတယ် ။ ထုံးစံအတိုင်း ရောက်ရောက်ချင်း အန်တီဝင်းက….“ဆရာ့ပရိသတ် မိတ်ဆွေတွေက ဆရာနဲ့ မတွေ့ တာလည်း ကြာပြီ ။ မနောမယဂျာနယ် ၊ မနောကြာဖြူ မဂ္ဂဇင်းမှာ ဆရာရေးနေတဲ့ စာတွေ မဖတ်ရတာလည်း ကြာပြီဆိုပြီး မေးရင်းနဲ့ လိုက်လာကြတယ်”

လို့ ပြောပါတယ် ။ ကျွန်တော်လည်း အလုပ်ပြီးချိန် နှင့် အံကိုက်ဖြစ်နေတဲ့အတွက်
“ကဲ . . အားလုံးပဲ လွတ်လွတ်လပ်လပ် ထိုင်ကြပါ ။ ဗေဒင်မေးမယ့်သူတော့ တစ်ယောက်မှ မပါဘူးနော် ။ ပါရင် လည်း ကျွန်တော် တွက်မပေးတော့ဘူး ။ ကျွန်တော် အလုပ်ချိန် ပြီးသွားပြီ”လို့ ပြောလိုက်တော့ အန်တီဝင်းနဲ့အတူပါလာသူတွေထဲက ကားပွဲစား ကိုညွန့်ဘိုက…
“သိပါတယ် … သိပါတယ် ။ ဆရာက နောက်ဆုံး လူစာရင်းကုန်ရင် ဘယ်သူလာလာ မတွက်မှန်းသိပါတယ်” လို့ ပြောပြောဆိုဆို စားပွဲရှေ့ ထိုင်ခုံပေါ်မှာ ဝင်ထိုင် လိုက်ပါတယ် ။

“ဗေဒင်တော့ မတွက်ခိုင်းတော့ပါဘူး ။ ကျွန်တော့် ရဲ့ ကားဝယ်ရောင်းလုပ်ငန်း ပိုပြီးအဆင်ပြေဖို့ အဆောင်လေးတော့ ဆရာ့ဆီမှာ တောင်းချင်လို့ပါ”
လို့ ကိုညွန့်ဘိုက ပြုံးစေ့စေ့နဲ့ ပြောပါတယ် ။ “ခင်ဗျား လုပ်ငန်းတွေ အဆင်ပြေနေတယ်လို့ အန်တီဝင်း ပြောဖူးပါတယ် ။ ဘာအဆောင်းများ လိုချင်သေး လို့လဲ”
“ပိုပြီး လာဘ်ပွင့်ပြီး ရောင်းပန်းဝယ်ပန်းကောင်းစေ တဲ့ အဆောင်ပေါ့ ဆရာ”

“ကဲ . . . ကိုညွန့်ဘို ။ ခင်ဗျားစီးပွားရေးတွေ ပိုပြီး ပွင့်အောင် ကျွန်တော် ဆရာကြီးနဲ့အတူနေစဉ်က သူကိုယ်တိုင် ဆွဲပေးထားတဲ့ ‘ဓာတ်မှန်အိမ် လာဘ်မီးအိမ်’ဆိုတဲ့ ပုံကလေး ကျွန်တော် ပေးလိုက်ပါမယ်။ အဲဒီ မှန်အိမ်ပုံလေးကို ပလတ် စတစ်လောင်းပြီး ခင်ဗျားအိမ် သင့်တော်တဲ့နေရာ ၊ လက်လှမ်း မီတဲ့နေရာမှာ ချိတ်ထား ။ မှန်အိမ်ပုံကို နံနက်တိုင်း လက်ဝါးနဲ့ ပွတ်ပြီး ခင်ဗျားဖြစ်ချင်တာ ဆုတောင်းပေါ့”

လို့ ပြောပြီး အံဆွဲထဲက မိတ္တူကူးထားတဲ့ ပုံကို ရှာနေ စဉ် ကိုညွန့်ဘိုတို့ အစ်မဖြစ်သူ မသန်းသန်းဝင်းက “ကျွန်မရဲ့ ဆိုင်အတွက်လည်း ပေးရမယ်”လို့ ပြောပြန်ပါတယ် ။
“ကဲပါဗျာ ခင်ဗျားတို့ မောင်နှစ်မ နှစ်ဦးအတွက်လည်း ပေးလိုက်ပါ့မယ် ။ ဘာမှမလုပ်တဲ့ အန်တီဝင်းအတွက်လည်း ပေးလိုက်ပါ့မယ် ။ ငွေဝင် ၊ လာဘ်ဝင် ၊ ထီပေါက် ချင်ရင် မီးအိမ်ကို မကြာခဏ ပွတ်ပြီး တောင်းပေတော့….။
“ကျေးဇူးတင်ပါတယ် ဆရာ ။ ကျွန်မတို့ လာလည်ရ
ကျိုးနပ်ပါတယ်”လို့ မသန်းသန်းဝင်းက ပြောပါတယ် ။

“ခင်ဗျားတို့ လာလည်တဲ့အတွက်လည်း ကျေးဇူးတင် ပါတယ် ။ မနောမယဂျာနယ်အတွက် စာလေးတစ်ပုဒ်လောက် ရေးဖြစ်သွားတာပေါ့”လို့ ပြောပြီး သူတို့အတွက် အောက်ပါပန်းချီကား လေးများကို ပေးလိုက်ရပါတော့တယ် ။

Crd ဆရာဖြိုးဟန်ကျော်၏ဧကံသယတြာများမှ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။