ရွှေပလ္လင် သက်ရောက်ဟောကိန်း

Astrology

ရွှေပလ္လင် သက်ရောက်ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရွှေပလ္လင် သက်ရောက်ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


သက်ရောက်တွက်နည်း များစွာ ရှိသည် အနက်မှ။
ယခု ရွှေပလ္လင်ဟောကိန်းဟာလည် သက်ရောက်
တွက်နည်းတစ်ခု ဖြစ်ပါတယ်။
တွက်၍ ခက်ခဲသော နည်း မဟုတ်၍။
ဗေဒင်ဝါသနာရှင်များ ဗဟုသုတ ဖြစ်၍ လွယ်ကူစွာ
တွက်ကြည့်နိူင်ရန် ဖော်ပြပေးလိုက်ပါတယ်။
လွယ်ကူသော နည်းဖြစ်သဖြင့် တွက်နည်း ဥပမာ မပြေားတော့ပါဘူး။
အဟောပုစ္ဆာ ကြည့်ရန် သာ ဖော်ပြပေးလိုက်ပါတယ်။

မိမိအသက်ကို ၁၂ ဖြင့်စား။

၁ ခုကြွင်းလျှင် ရွှေပလ္လင်ရသော ကိန်းဖြစ်သဖြင့်
စီးပွားရေး အချစ်ရေး ကစပြီး အစစ အရာရာ ကောင်းမွန်သော အသက်ပိုင်းဖြစ်ပါတယ်။
သို့သော် အတိုက်အခံ ရန် မကြာခဏ ကြုံရတက်ပြီး
မကြာခဏ ရန်ဖြစ် ရန်များရတက်ပါတယ်။

၂ ခုကြွင်းလျှင် စမ္ပေယျ နဂါးမင်း လူပြည်ဆင်း၍
ဥပုလ်စောင့်သော ကိန်းဖြစ်သဖြင့်။
ခရီးယာယီ သွားလာရတက်ပါတယ်။
စိတ်နှလုံး ပူပင်ရတက်ပြီး ရန်သူ နှိပ်စက်ခံရတက်ပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး သူတော်ကောင်း
မိတ်ဆွေ အကူအညီ ရရှိပါမယ်။

၃ ခုကြွင်းလျှင် ဇနက္ကမင်းသား သင်ဘော် ပျက်ကိန်း
ဖြစ်သဖြင့် ။ ခရီးယာယီ ထွက်ရတက်ပါတယ်။
ကြီးသူတို့ ဆုံးမ စကား နားမ၀င် ဖြစ်နေပါမယ်။
ကြီးသော သူတို့နှင့် အတိုက်အခံ ရန် ကြုံရတက်ပါတယ်။ ဖျားနာ ကိုယ်လက် မအီမသာ ဖြစ်လျှင် ရတနာ၃ပါး အထူးဂရုစိုက် ပူဇော်ပါ။

၄ ခုကြွင်း ဇနက္ကမင်းသား ဖုတ်သွင်း ရထား ဆိုက်သော
ကိန်းကြုံသဖြင့်။ နေရာ ဌာန ရရှိတက်ခြင်း။
အိမ်ထောင်ကျရတက်ခြင်း ၊ စီးစရာ ယာဉ် ပစ္စည်း ၀င်တက်ပါတယ်။

၅ ခုကြွင်း သိုက်ဆရာ ကိန်း ကြုံသဖြင့်။
ခရီးယာယီရှိမည်။ အလွယ်နှင့် ရလိုသော စိတ်ကြောင့်
စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ ဖြစ်ရတက်ပါတယ်။

၆ ခုကြွင်း လိပ် တံခွန်စိုက်ကိန်း ကြုံ သဖြင့်
စုတ်ရော လာဘ်ရော ၀င်မည်။ မိမိနှင့် သင့်လျော်သော
အရာတို့ကို ရရှိမည်။ အကြံအစည် အောင်မြင်မည်။

၇ ခုကြွင်း ထီးဖြူရသော ကိန်းကြုံသဖြင့်
စီးပွားဥစ္စာ တိုးတက်မည်။
ကောင်းမူ ကုသိုလ် ပြုရမည်။ ဘေးဥပါဒ် ရန် ကင်းဝေးမည်။

၈ သူနာ ကိန်းကြုံသဖြင့် ကျန်းမားရေး ညံမည်
စီးပွားရေး ဥစ္စာယုတ်လျော့မည်။ မီးဘေး သူခိုးဘေး
ကြုံရမည်။

၉ ခု ကြွင်းလျှင် ဆေး သမား ကိန်းကြုံသဖြင့်
နာမည်ကောင်း ရရှိမည် ။ မျက်နှာ ပွင့်လန်းသော်လည်
ကိုယ်အတွက် ကုသိုလ်မှ လွဲ၍ လာဘ်လာဘ အရနဲမည်။
အနောက်တောင် အရပ်က အရှက်ခွဲသော သူနှင့် တွေ့ကြုံ ရတက်ပါတယ်။

၁၀ ခုကြွင်းလျှင် အသူရိန်နတ်မင်းကိန်း ကြုံသဖြင့်။
မိမိ ဂုဏ်သတင်းတက်၍ အများ ကြည်ညို လေးစားမူ
ရရှိမည်။

၁၁ ခုကြွင်းလျှင် ရွှေအိုး လေးလုံးရကိန်း ဖြစ်သဖြင့်။
လာဘ်လာဘ ပေါများမည်။ စီးပွား ဥစ္စာတိုးတက်မည်။
ထီပေါက်ကိန်း ရှိမည်။ အကြွေးဟောင်း အတောင်း ခံရမည်။

၁၂ ခုကြွင်းလျှင် အမောင် စောရ အထုအတောင်းခံရ
သော ကိန်းဖြစ်သဖြင့် ။ ရာထူး ရာခံ လျောကျတက်ခြင်း
အစွပ်အစွဲ ခံရခြင်း။ အနှောင်အဖွဲ့ ခံရခြင်း ထိခိုက် ရှနာ တွေ့ ကြုံရခြင်းတို့ ဖြစ်စေတက်သည်။
( ၁၂ အကြွင်းနဲ့ သုည အကြွင်း အတူတူပင် မှတ်သားရန် )

ရေးသားသူ – ဗေဒင်ဥယျာဉ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။