ကမ္ဘာကျော်အကြားအမြင်အမျိုးသမီးကြီးBabaVangaရဲ့အနာဂတ်ဟောကိန်းများ

Astrology
ကမ္ဘာကျော်အကြားအမြင်အမျိုးသမီးကြီးBabaVangaရဲ့အနာဂတ်ဟောကိန်းများ

ရှေ့ဖြစ်ဟောအကြားအမြင်ပညာရှင် မက်ဆီဒိုးနီးယန်းမျက်မမြင်အမျိုးသမီးကြီး Baba Vanga ၏ကြောက်မက်ဖွယ် ဟောကိန်းများ

၁၉၉၆ တွင်thayဆုံးခဲ့သည့် မျက်မမြင် Vanga အမျိုးသမီးကြီးရဲ့ ထိတ်လန့်ဖွယ်ဟောကိန်းများဟာ မှန်ကန်ခဲ့တာကြောင့် သူမဟာကမ္ဘာကျော်ခဲ့ပါတယ်။
သူမ အသက် သုံးနှစ်အရွယ်ကတည်းကပင် သူမရဲ့ မိဘနှစ်ပါးလုံးthayဆုံးခဲ့ပြီး သူမအသက်၁၂ မှာ မျက်စိကွယ်ခဲ့ပါတယ်။

Vangaဟာ
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာမည့်အကြောင်းတွေ၊ ဆိုဗီယက်ယူနိယံကြီးပြိုကွဲမည့်အကြောင်း၊
အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီပူးပေါင်းသွားမည့်အကြောင်း၊
မင်းသမီး ဒိုင်ယာနာthayဆုံးမည့်အကြောင်းတွေ၊
အင်ဒိုနီးရှားဆူနာမီဖြစ်ပေါ်မည့်အကြောင်းတွေ၊
world trade center ဖြိုချခံရမည့်အကြောင်း၊
ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပေါ်မည့်အကြောင်း၊
၄၄ယောက်မြောက်အမေရိကန်သမ္မတဟာ လူမည်းဖြစ်မည့်အကြောင်း ၊
စသည့် ကမ္ဘာ့ထိတ်လန့်ဖွယ်ဖြစ်ရပ်များကို သူမthayဆုံးမီကပင် မှန်ကန်စွာ ဟောကိန်းထုတ်နိုင်ခဲ့ပါတယ် ။

သူမဟာ သူမthayဆုံးမည့်ရက်နှင့် ကမ္ဘာကျော်တချို့ရဲ့thayဆုံးမည့်ရက်အတိအကျကိုပဲမှန်ကန်စွာဟောကိန်းထုတ်နိုင်ခဲ့ပါတယ် ။ သူမရဲ့ ၂၀၁၆ ဟောစာတန်းဖြစ်သည့် ISIS အဖွဲ့ပေါ်ပေါက်လာမည့်အကြောင်း၊ မွတ်စလင်များ ဥရောပကို နေရာယူလာမည့်အကြောင်း၊တရုတ်နိုင်ငံအင်အားကြီးမားလာမည့်အကြောင်းတွေဟာလဲ လတ်တလော မှန်ကန်နေသည့် ဖြစ်ရပ်များပဲဖြစ်ပါတယ်။

သူမရဲ့ ရှေးဖြစ်ကိန်းဟောစာတန်းများဟာ ဗုဒ္ဓရဲ့ဟောကိန်းများဖြင့်ကိုက်ညီမှုရှိတာကိုလည်းအံ့အားသင့်ဖွယ်တွေ့မြင်ရပါတယ်။ နောက်ဘုရားတစ်ဆူပွင့်ပြီး မှ ကမ္ဘာပျက်မည့်အကြောင်းဟာလည်း ဗုဒ္ဓဘာသာ တို့ရဲ့ ယုံကြည်မှုတွေ့နဲ့ကိုက်ညီနေပါတယ်။

သူမဟောကိန်းထုတ်ခဲ့စဉ်တုန်းကတော့ လူအများစုဟာ မဖြစ်နိုင်ဖူး၊ ပေါကြောင်ကြောင် ဟောကိန်းများဟု လှောင်ပြောင်ခဲ့ကြသော်လည်း ထိုခေတ်အခါက ကမ္ဘာပေါ်တွင်ကြားတောင် မကြားဖူးသည့် ဆူနာမီကဲ့သို့ ဖြစ်ရပ်များဟာကမ္ဘာပေါ်မှာဖြစ်ပေါ်ခဲ့ပါတယ်။

သူမရဲ့ဟောကိန်းတွေအထဲ လတ်တလောစိတ်ဝင်စားစရာအကောင်းဆုံးကတော့ အာဖရိကန် နွယ်ဖွားအမေရိကန်သမ္မတဟာ အသက်ရှင်သည့်နောက်ဆုံးသမ္မတဖြစ်လိမ့်မယ်…တဲ့။ ဒီဟောကိန်းဟာ အိုဘာမားကို ဆိုလိုခဲ့တာပါ။ ဒီဟောကိန်း မှန်မမှန်ကတော့ လတ်တလောစောင့်ကြည့်ကြရမှာပါ ။

ရှေ့ဆက်ဖြစ်မယ့်ခန့်မှန်းချက်များ

၂၀၂၅တွင် ဥရောပဒေသ၏ လူဦးရေသည် သုံညနားသို့ ကပ်သွားလိမ့်မည်။

၂၀၂၈: လူသားတို့ ဗီးနပ်စ်ဂြိုလ်ကို စွမ်းအင်ရှာဖွေရေးအတွက် ခရီးထွက်ခွာလိမ့်မည်။

၂၀၃၃: ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတောင်များ အရည်ပျော်ကာ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာလိမ့်မည်။ (ဒါ ဖြစ်ပြီးနေပြီ။)

၂၀၄၃: ဥရောပဒေသကို အစ္စလာမ် ကာလီဖိတ်ဒေသ အဖြစ်အသွင်ပြောင်းရေးသည် ပြီးပြည့်စုံပြီ ဖြစ်သည်။ ရောမမြို့သည် မြို့တော်ဖြစ်လာမည်။
ကမ္ဘာ့ စီးပွားရေး လှုပ်ရှားမှု အားလုံးကို မွတ်စလင်မ်တို့ ချုပ်ကိုင်အုပ်စိုးမည်။

၂၀၄၆: ကိုယ်တွင်းအဂါတွေကိုထုတ်လုပ်လာနိုင်ကာ အလွယ်ကူဆုံးနဲ့လူကြိုက်အများဆုံးကုသမှုတွေ့လာလိမ့်မယ် ။

၂၀၆၆: အမေရိကန်တို့ ရာသီဥတုပြောင်းလဲရေး လက်နက်သစ် တစ်မျိုးကို ပထမဆုံး အကြိမ် စတင် ထုတ်သုံးကာ ရောမကို ပြန်တိုက်ယူမည်ဖြစ်ပြီး ခရစ်ယာန်ကို ပြန်လည် အသက်သွင်းလိမ့်မည် ။

၂၀၇၆: ကွန်မြူနစ်ဝါဒသည် ဥရောပနှင့် အခြားသော နေရာများတွင်ပါ ပြန်လည် ဦးမော့လာမည်။

၂၀၈၄: သဘာဝတရား ပြန်လည်ရှင်သန်လာမည်။ (ဤအချက်လဲ မည်သူမျှ နားမလည်သေး)

၂၀၈၈: စက္ကန့်ပိုင်းအတွင်း အရွယ်အိုသွားစေတဲ့ရောဂါအသစ်ပေါ်လာမယ် ။

၂၀၉၇: ထိုရောဂါကို ကုသနိုင်မယ် ။

၂၁၀၀: လူသားတို့ပြုလုပ်ထားသော “နေအတု” သည် ကမ္ဘာ့ ညအခြမ်းကို တောက်ပစွာ အလင်းပေးနိုင်မည် ။ (၂၀၀၈ ကထဲက စတင်နေပြီဖြစ်သည်။ နျူကလီယား ဖြူးရှင်းစနစ်ဖြင့် လည်ပတ်မည့် နေတုစီမံကိန်း အကြောင်း ရှာဖတ်
ပါလေ။)

၂၁၂၃: နိုင်ငံအငယ်လေးတွေမှာစစ်ဖြစ်မယ်။နိုင်ငံကြီးတွေလုံးဝဝင်မပါ ။

၂၁၂၅: အာကာသမှ ထူးခြားတဲ့အချက်ပြမှု ဟန်ဂရီမြို့မှာတွေ့လိမ့်မယ် ။

၂၁၃၀: ဂြိုလ်သားတို့၏ အထောက်အပံ့ဖြင့် လူသားတို့သည် ရေအောက်တွင် နေထိုင်နိုင်မည် ဖြစ်သည် ။

၂၁၆၇: ဘာသာတရားအသစ်ပေါ်မယ်

၂၁၇၀: ကမ္ဘာတစ်ခုလုံးအနှံ့ မိုးခေါင်မည်။

၂၁၈၇: ကမ္ဘာ့အကြီးဆုံး မီးတောင်နှစ်တောင် ပေါက်ကွဲခြင်း လုံးဝရပ်တန့်သွားမည်။

၂၁၉၆: အာရှသားနဲ့ဥရောပသား လုံးဝရောထွေးသွားလိမ့်မယ် ။

၂၂၀၁: နေ၏ စွမ်းအင် ချက်လုပ်မှု နှေးလာသည်နှင့်အမျှ ကမ္ဘာပေါ်သို့ ကျရောက်သော အပူချိန်သည်လည်း ကျဆင်းလာလိမ့်မည်။

၂၂၂၁: အပို-ကုန်းအသက်အဘို့ရှာဖွေရေးအတွက် လူသားများက ကြောက်မက်ဖွယ်ရာတခုခုနဲ့ အဆက်သွယ်ရလိမ့်မယ် ။

၂၂၅၆: အာကာသယာဉ်တစင်းမှ ရောဂါအသစ်တခု ကမ္ဘာမြေကိုပါလာလိမ့်မယ် ။

၂၂၆၂: ဂြိုလ်များ ပတ်လမ်းပြောင်းကုန်ကြပြီး မားစ်ဂြိုလ်သည် ဥက္ကာခဲများ၏ အန္တရာယ်ကိုရင်ဆိုင်ရမည်။

၂၃၆၄: နေတုပေါ်တွင် ချို့ယွင်းမှုတစ်ခု ဖြစ်သောကြောင့် မိုးပိုခေါင်လာမည်။

၂၂၇၁: ရူပဗေဒဆိုင်ရာဥပဒေများ ပြောင်းကုန်မယ် ။

2273:.(အဖြူရောင် အနက်ရောင်နဲ့အဝါရောင်လူမျိုးသစ်
၁ မျိုးနွယ်ဖွဲ့စည်းရပါလိမ့်မယ်)

၂၂၈၈: အချိန်ခရီးသွားခြင်းနှင့်တပါးအဆက်အသွယ် ။

၂၂၉၁: နေကတဖြည်းဖြည်းအေးလာမယ်၊ ကြိုးစားပီးတော့ပြန်ပူအောင်လုပ်ရမယ် ။

၂၂၉၆: နေဂြိုလ်မှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်မယ်။ ဆွဲငင်အားတွေပြောင်းကုန်မယ်။
အာကာသယာဉ်အဟောင်းတွေပျက်ကျကုန်မယ် ။

၂၂၉၉: ပြင်သစ်မှာ ခုခံလှုပ်ရှားမှုတခု အစ္စလန်ဘာသာဆန့်ကျင်ထမြောက်ကြလိမ့်မယ် ။

၂၃၀၂: စကြဝဠာရဲ့အရေးကြီးတဲ့လျှို့ဝက်ချက်များနဲ့ဥပမေယများကိုထုတ်ဖော်ပြသကြမယ် ။

၂၃၀၄: လကမ္ဘာလည်းထိုနည်း၎င်း ။

၂၃၄၁: ကြောက်မက်ဖွယ်အရာတခု ကမ္ဘာကိုချဉ်းကပ်လာလိမ့်မယ်

၂၃၅၄: နေကြောင့်မိုးခေါင်လိမ့်မယ် ။

၂၃၇၁: ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု ။

၂၄၈၀: နေတု နှစ်လုံးတိုက်မိသောကြောင့် ကမ္ဘာပေါ်တွင် မှောင်အတိဖြစ်သွားမည်။

၃၀၀၅: မားစ်ပေါ်ရှိ ပဋိပက္ခကြောင့် မားစ်ဂြိုလ်လမ်းကြောင်း ပြောင်းမည်။

၃၀၁၀: လကို ဥက္ကာခဲ အကြီးတစ်ခု ဝင်တိုက်လိမ့်မည်။ ဥက္ကာခဲ အပိုင်းအစများနှင့် ပြာမှုန့်များ ကမ္ဘာကို အကွင်းလိုက်ဝန်းရံလိမ့်မည်။

၃၇၉၇: ကမ္ဘာပေါ်ရှိ အရာအားလုံး thayဆုံးသွားတော့မည်။ လူသားမျိုးနွယ်တို့သာ နောက်ထပ် အဆင့်ပိုမြင့်သော ကြယ်အစုအဝေးတစ်ခုသို့ လွန်မြောက်သွားနိုင်လိမ့်မည်။

၃၈၀၃: ဂြိုလ်အသစ်မှာ လူနဲနဲဖြင့်စနေမယ်…
ရာသီဥတုအသစ်သက်ရှိပေါ်သက်ရောက်မှု-
သူတို့ဗီဇပြောင်းစေနိုင်တယ် ။

၃၈၀၅: သဃံဇာတအရင်းအမြစ်အတွက် စစ်ဖြစ်။ရှိတဲ့လူတဝက်ထက်ပိုမိုthayဆုံးနိုင် ။

၃၈၁၅: စစ်ပြီးဆုံး ။

၃၈၅၄: လူမှုယဉ်ကျေးမှု၏ဖွံ့ဖြိုးတိုးတက်ရေးကို လုံးဝနီးပါးရပ်လိုက်နိုင်သည်။ လူတွေဟာ တိရစ္ဆာန်တွေလိုစုနေထိုင်ကြလိမ့်မယ် ။

၃၈၇၁: ဘုန်းကြီးတပါးက လူတွေကို ဘာသာရေးကြောင်းတွေ ပြောပြမယ် (ဘုရားတစ်ဆူပွင့်မလားတော့မသိဘူးဗျ) ။

၄၃၀၂: မြို့အသစ်တွေထူထောင်ပြီး သိပ္ပံပညာအသစ်တွေ နည်းပညာအသစ်တွေသိမယ် ။ ရှိရှိသမျှရောဂါအားလုံးဖြစ်စဉ်တွေကုသမှုတွေအလုံးစုံသိပြီ၊၊

၄၃၀၈: လူတွေရဲ့ဦးနှောက်ဟာသာမန်ထက် 34% ပိုပြီးထက်မြက်လာမယ်။မကောင်းသောစိတ်များ အငြိုးထားသောစိတ် အယူအဆများ ပျောက်ကွယ်သွားမယ် ။

၄၅၀၉: နောက်ဆုံးတွင် ဘုရားသခင်နှင့်ပြောဆိုဆက်သွယ်နိုင်စွမ်း ဖွံ့ဖြိုးတိုးတက်သောအဆင့်ထိရောက်မယ် ။

၄၅၉၉: လူတွေမthayတော့ဘူး ။
၅၀၇၉: ကမ္ဘာကြီးအဆုံးသတ် ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။