စက်ဘီးသမားလေးဆီက ငွေညှစ်နေတဲ့ အလုံလူမိုက်ဆိုသော တက္ကစီသမား

Local News

စက်ဘီးသမားလေးဆီက ငွေညှစ်နေတဲ့ အလုံလူမိုက်ဆိုသော တက္ကစီသမား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စက်ဘီးသမားလေးဆီက ငွေညှစ်နေတဲ့ အလုံလူမိုက်ဆိုသော တက္ကစီသမား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စက်ဘီးသမားလေးဆီက ငွေညှစ်နေတဲ့ အလုံလူမိုက်ဆိုသော တက္ကစီသမား

YGN 2J-3506 မောင်းတဲ့ တက္ကစီသမားဟာ မိဘရဲ့ ဆိုဆုံးမမှု မရှိခဲ့ပဲ တကယ်ကိုမှ ရိုင်းပြီး အဆင့်အတန်း မရှိ ငွေညှစ်တဲ့ ကားသမားပါ။ ကျွန်တော့်မျက်စိရှေ့တင် အဆိုပါကားနဲ့ အလုံမြို့နယ် လမ်းသွယ်တစ်ခုမှာ လားရာတူ စက်ဘီးနဲ့ မလွတ်ပဲ ထိမိပါတယ်။

နှစ်ဦးနှစ်ဖက် မထင်မှတ်ပဲ မတော်တဆ အသေးလေး ဖြစ်ကြတဲ့ အချိန်မှာ စက်ဘီးသမားလေးက အတင်းတောင်းပန်ပြီး ကောင်း”မွန်” ပြောရှာပါတယ်။ အဲ့ဒါကို ပုံပါ ကားသမားက ဆဲဆိုပြီး နဂို အစင်းရာတွေကို ပြကာ အော်ဟစ်ကြိမ်းမောင်းနေပါတယ်။

သူ ညွှန်ပြတဲ့ အစင်းရာက ဒေါင်လိုက်အပြင် စက်ဘီး အမြင့်ထက်လည်း မြင့်နေပြီး ဘယ်လိုမှ မထိခိုက်နိုင်တဲ့ နေရာမှာပါ။ အဲ့ဒါကို စက်ဘီးသမားလေးက လက်နဲ့ ပွတ်ပြတာတောင် အဲ့အစင်းလေးက ပျောက်ပါတယ်။

အဲ့ဒါကို မြင်နေရက်နဲ့ ငါ့ကို “ပိုက်ဆံပေး ဘော်ဒီရုံ သွားလုပ်ရမယ်” ဆိုပြီး အတင်း ငွေညှစ်ပါတယ်။ ကျွန်တော်က မနေနိုင်လွန်းလို့ ယာဉ်တိုက်မှု ဖြစ်ပြီး ညှိမရရင် ရဲခေါ်ပေးမယ်ဆိုတော့လည်း ငွေညှစ်ချင်နေတာကြောင့် ကျွန်တော့်ကို “မင်းနဲ့ မဆိုင်ဘူး၊ ငါက မွေးကတည်းက အလုံမှာ မွေးလာတာကွ” ပြီး ဆွဲလားရမ်းလား အခြေအနေထိ ဖြစ်လာပါတယ်။ ပြောချင်တာသူက အလုံအပိုင်လူမိုက်ပေါ့။

အဲ့အတွက် အခြေအနေ စောင့်ကြည့်ရုံပဲ ဘေးက ကြည့်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စက်ဘီးသမားလေးက Rubbing နဲ့ ဖျောက်ပေးပြီး ပျောက်သွားရော ဘေးမှာ ဘာတစ်ခွန်းမှ မပြောပဲ နေနေတဲ့ ကျွန်တော့်ဆီကို ရှက်ရမ်းရမ်းပြီး “ဘာလဲ မင်းက မကျေနပ်ဘူးလား” ဆိုပြီး ပြောပြီး ကားမောင်းထွက်သွားပါတယ်။

ရေးသားသူ – ကိုအောင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။