လက်ဝါးပြင်အနာဂါတ်ပြည်ပကံဖြစ်တည်စေခြင်း

Astrology

လက်ဝါးပြင်အနာဂါတ်ပြည်ပကံဖြစ်တည်စေခြင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်ဝါးပြင်အနာဂါတ်ပြည်ပကံဖြစ်တည်စေခြင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်ဝါးပြင်၌ ပြည်ပသွားရစေသော အမှတ်အသား အချို့ရှိပေသည်။ သို့မဟုတ် မိမိမွေးရပ်မြေနှင့်အလွန်ဝေး ကွာသော အရပ်ဒေသတို့၌ သွားရောက်ရစေမည့် အချက်အလက်အမှတ်အသား အချို့ ပါရှိပေသည်။ ရှေးယခင်များက ပြည်ပကံဆိုသည်မှာ မဖြစ်နိုင်သည့် အခြေအနေ၊ သွားရောက်ရန်မလွယ်ကူသော အခြေအနေများပင်ဖြစ်ပေသည်။ ထို့ကြောင့် လှည့်လည်သွားလာရခြင်း၊ တစ်မြို့မှတစ်မြို့သွားရောက်ရခြင်း( ဥပမာ-မန္တလေး မှ ဟံသာဝတီ) စသဖြင့် သတ်မှတ်ကောင်း သတ်မှတ်နိုင်ကြပေမည်။

ယခုအချိန်တွင် ပြည်ပကံဆိုသည်မှာ နိုင်ငံရပ်ခြား ဒေသများသို့ သွားရောက်ရန် အခွင့်အလမ်းများစွာ ပေါများလျက်ရှိပေသည်။ သို့သော်လည်း အချို့သည် မသွားချင်ကြပါ။ အချို့သည်တော့ သွားချင်ကြပေသည်။

မည်သို့ပင် သွားချင်သူဖြစ်စေ၊ မသွားချင်သူဖြစ်စေ၊ မိမိကံကြမ္မာက သွားရမည်ဆိုလျှင် သွားကိုသွားရဖို့အကြောင်းဖန်လာမည်သာဖြစ်ပေသည်။

အချို့သည် သွားချင်ကြသည်။ သို့သော် မဖြစ်နိုင်ကြပေ။ သွားချင်သော်လည်း သွားရောက်နိုင်ရန် ကံအခွင့်အလမ်းမပေးလျှင်လည်း သွားရနိုင်မည် မဟုတ်ပါပေ။

အကယ်၍ သွားခဲ့ရလျှင် အပျော်သွားခြင်း၊ အလုပ်နှင့်သွားခြင်း၊ ကျန်းမာရေးကြောင့်သွားခြင်း၊ ပညာရေးကြောင့်သွားရခြင်း တို့ဖြင့် ထပ်မံ ကွာရှိပေသည်။

ထိုသို့သွားရာတွင်လည်း ဘယ်အသက်မှာသွားရမည်ဆိုသည်မှာ ထပ်မံအရေးကြီးလိုအပ်ပြန်ပေသည်။

အောက်ပါလက်ပိုင်ရှင်သည် ကျွန်ုပ်ဆီသို့ ကြာမြင့်ခဲ့ပြီအချိန်တစ်ခုက ကျွန်ုပ်ဆီတွင်လက္ခဏာစစ်ဆေးခဲ့ဖူးသည့် Client တစ်ဦး၏လမ်းညွှန်မှုဖြင့် လက္ခဏာသီးသန့် လာရောက်စစ်ဆေးခဲ့ဖူးသူဖြစ်ပေသည်။

ထိုသူ၏ ဟောစာတမ်းရေးသားခဲ့စဥ်က ကံကြမ္မာအမျိုးမျိုးအပြင် အနာဂါတ် ကံကြမ္မာဟောစာတမ်းထဲ၌ လာမည့်နှစ်နှစ်အတွင်း ပြည်ပ သို့မဟုတ် အလွန်ဝေးလံသည့် ဒေသအား သွားရောက်အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့ဖူးပေသည်။

ထိုအချိန်က ထိုသူသည် မှင်သက်သွားသော ပုံသဏ္ဍန်ရှိခဲ့လေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် ထိုအချိန်က သွားဖို့ မဖြစ်နိုင်သေး၍သာဖြစ်ပေသည်။ ယခုတွင်တော့ ကျွန်ုပ်၏ ဟောစာတမ်းပို့ပြီး လေးလခန့်အတွင်း ပြည်ပသို့ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေရပြီဖြစ်ကြောင်း လာရောက်ပြောကြားခဲ့လေတော့သည်။

တကယ်တော့သွားရမည့် ကံကြမ္မာရှိလျှင် သွားကိုသွားရမည်သာဖြစ်ပြီး သွားဖို့လမ်းစများဖြစ်ပေါ်လာမည်သာဖြစ်ပေတော့သည်။

ရေးသားသူ – EC B.A(Eng) လက္ခဏာနှင့်ကေပီရှေ့ပြေးနက္ခတ်ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။