အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအပြင် ကျောက်ကပ်ကျန်းမာရေးကိုပါ အထူးကောင်းမွန်စေတဲ့ သီးသီး

Health
အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအပြင် ကျောက်ကပ်ကျန်းမာရေးကိုပါ အထူးကောင်းမွန်စေတဲ့ သီးသီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအပြင် ကျောက်ကပ်ကျန်းမာရေးကိုပါ အထူးကောင်းမွန်စေတဲ့ သီးသီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအပြင် ကျောက်ကပ်ကျန်းမာရေးကိုပါ အထူးကောင်းမွန်စေတဲ့ သီးသီး

အသက်ရှု လမ်းကြောင်း ဝေဒနာများကို သက်သာ စေခြင်း

သီးသီးအရွက်ဟာ အအေးမိဝေဒ နာနဲ့ တခြားအသက်ရှူလမ်းကြောင်း ဝေ ဒနာကို ရှောင်လွှဲနိုင်စေရုံသာမက မကြာ ခဏပြန်ဖြစ်တတ်တဲ့ အအေးမိဝေဒနာကို လည်း သက်သာစေပါတယ်။ သီးသီးကို စားပေးတာက လည်ချောင်းနာတာ နဲ့ နာ တာရှည် ချောင်းဆိုးဝေဒနာ ကို သက်သာ စေပါတယ်။

ကျောက်ကပ် ကျန်းမာရေးကို ကောင်းမွန်စေခြင်း

သီးသီးကို ပုံမှန် စားပေးတာကြောင့် ကျောက်ကပ်ဝေဒနာတွေကို သက်သာ စေပါတယ်။ ပုံမှန်စားပေးရင် ဆီးကျောက် တည်တာကို သက်သာစေပါတယ်။ တစ် နေ့ သီးသီး အနှစ်သား ၁ဝဝ ဂရမ်နဲ့ အထက်စားရင် ကျောက်ကပ် ဝေဒနာရှိသူ တွေကို သက်သာစေတယ်လို့ လေ့လာသူ တွေက ဆိုပါတယ်။

မျက်စိ ကျန်းမာရေး

သီးသီးမှာ ကယ်ရိုတင်းပါဝင်တာ ကြောင့် မျက်စိကျန်းမာရေး အတွက် အကျိုးရှိပါတယ်။ ကယ်ရိုတင်းဟာ မျက်စိ ကို ကျန်းမာအောင် ပံ့ပိုးပေးနိုင်တာ ကြောင့် သီးသီးကို ပုံမှန်စားပေးတာက မျက်စိအမြင်အာရုံ ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။ တချို့ မျက်စိဝေဒနာရှိ သူတွေကို သီးသီးပုံမှန် စားဖို့ မျက်စိဆရာ ဝန်တချို့က အကြံပြုလေ့ ရှိပါတယ်။

သီးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူး အများအပြား ရှိတာကြောင့် တန်ဖိုး အရှိဆုံး ဆေးဖက်ဝင် အပင် အမျိုးအစား တစ်မျိုးအဖြစ် အိန္ဒိယမှာ အသုံးများကြ ပါတယ်။

ဗီတာမင် ပါဝင်မှုများခြင်း

သီးသီးမှာ အောက်ဇဲလ်လစ်၊ မဲလ် လစ်၊ ဆစ်ထရစ်နဲ့ တန်းနစ်အက်စစ်တို့ များစွာ ပါဝင်ပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ ကာရိုတင်း၊ သိုင် ယာမင်း၊ ရိုင်ဘိုဖလေဗင် နဲ့ နိုင်ယာစင် စတဲ့ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေလည်း အများအပြား ပါဝင်နေပါတယ်။သီးသီး မှာ ပါဝင်တဲ့ ဗီတာမင်ပမာဏဟာ ဆေး ဖက်ဝင်အစာအဖြစ် အိန္ဒိယမှာ အသုံးများ ရတဲ့ အကြောင်းရင်း လည်း ဖြစ်ပါတယ်။

အစာခြေလမ်းကြောင်း ဝေဒနာများကို သက်သာ စေခြင်း

သီးသီးမှာ တန်နင်ဓာတ် ပါဝင်တာ ကြောင့် နာတာရှည် ဝမ်းပျက်ဝမ်းလျှော ရောဂါလို အစာခြေစနစ်ဝေဒနာတွေ ကို သက်သာစေပါတယ်။ သီးသီးအနှစ်ကို ပျားရည်နဲ့ ရောစားတာကြောင့် အစာမ ကြေတာကို သက်သာစေ ပါတယ်။အစာအိမ်အနာကို သက်သာစေခြင်း – သီးသီးအပင်ရဲ့ အရွက်ဟာ အစာ အိမ်အနာ (Peptic Ulcer) ကို သက် သာစေနိုင်ပါတယ်။

သီးသီးအရွက် ကို တစ် ညလုံး ရေထဲ စိမ်ထားပြီး နံနက်ခင်းမှာ ရေကို စစ်ကာ အရွက်ကို စားပေးရမှာ ဖြစ်ပါတယ်။ သီးသီးအနှစ်သား ကို စား တာကြောင့် အစာအိမ်အနာ ကို အနာ ကျက်စေပြီး နာကျင်မှုဝေဒနာ ကို သက် သာစေပါတယ်။အပှုဒဏ် ခံရသော ဝေဒနာများကို သက်သာစေပါတယ်။

သီးသီးဟာ အပူဒဏ်ကြောင့် ဖြစ် တဲ့ ဝေဒနာကိုလည်း သက်သာစေတယ် လို့ အိန္ဒိယမှာ နာမည်ကြီးပါတယ်။ သီး သီးဖျော်ရည်ထဲကို သံပရာရည်လေးစက် ခန့်ထည့်ကာ အပူဒဏ် ခံရသူလူနာ အား သုံးရက် ဆက်တိုက် တိုက်ကျွေးလေ့ ရှိပါ တယ်။

ရေးသားသူ – Good health

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။