ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Vector Circle Of Zodiac Signs In Retro Style With Icons, Names,  Constellations, The Sun And Magic Runes Written In A Circle. Hand-drawn  Banner With Horoscope Symbols For Astrological Predictions Royalty Free SVG,

မိဿရာသီခွင် – Aries ( Feb 13 to Feb 19 )

ဤကာလအတွင်း Aries ရာသီခွင်များသည် ဘဝနေထိုင်မှု ပုံစံကို မြှင့်တင်နိုင်ရန် အမြဲတစေ ပြောင်းလဲမှုများကို ပြုလုပ်ရန် လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ပိုမိုကောင်းမွန်ပြီး ကျန်းမာသော ဘဝကို ရရှိစေရန် နေ့စဉ်နေ့တိုင်း ကိုယ်လက် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရပါမယ်။ သို့သော် ယခုအပတ်တွင် အလုပ်များ လွန်ကဲစွာ ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ယခုအပတ်မှာတော့ Aries ရာသီခွင်များသည် မိမိ၏ စိတ်ခံစားချက် အတွက် ငွေကြေး သုံးစွဲရာတွင် သတိထားသင့်ပါတယ်။ ငွေကြေးကို အကျိုးရှိစွာ သုံးစွဲနိုင်စေရန် စာရင်းဇယားများ ပြုလုပ်နိုင်ပါတယ်။ ဤကာလအတွင်း ငွေကြေး ချေးငှားမှုများ ရှိနေနိုင်ပါတယ်။

Aries ရာသီခွင်များသည် မိမိ၏ ရည်မှန်းများကို ဖြည့်ဆည်းရန် အတွက် တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေခဲ့သည် ဆိုပါက တောင်းပန်ရန် လိုအပ်ပါတယ်။

ပြိဿရာသီခွင် – Taurus ( Feb 13 to Feb 19 )

Taurus ရာသီခွင်တို့သည် ယခုတစ်ပတ်တွင် ပျော်ရွှင်စရာ ကောင်းသော ဘဝတစ်ခုကို ပိုင်ဆိုင်လိုပါက မိမိ၏ ခေါင်းမာတတ်သည့် သဘောထားကို သေချာပေါက် စွန့်လွှတ်ရပါလိမ့်မယ်။ ခေါင်းမာခြင်းသည် ပြဿနာများကို ဖြစ်ပွားစေရုံ သာမက တခြားသူတွေနှင့် ဆက်ဆံရေးကိုပါ ထိခိုက်ပျက်ပြား သွားစေနိုင်ပါတယ်။

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် မမျှော်လင့်သော ကိစ္စရပ်များမှ ငွေကြေးများ ရုတ်တရက် ရရှိတတ်ပါတယ်။ ဒါကြောင့် ငွေကြေး အခြေအနေ တိုးလာစေရုံသာမက မိသားစုဝင်တို့၏ လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

ယခုရက်သတ္တပတ်တွင် မိမိ၏ နေအိမ်သို့ ဆွေမျိုးများ လာရောက် လည်ပတ် နိုင်ပါတယ်။ မိသားစုအတွင်း ပျော်ရွင်နေရပါမယ်။ လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာအချို့မှ သက်သာရာ ရလိုပါက မိသားစုဝင်များနှင့် တိုင်ပင် ဆွေးနွေးပါ။

မေထုန်ရာသီခွင် – Gemini ( Feb 13 to Feb 19 )

ယခုတစ်ပတ်တွင် Gemini ရာသီခွင်တို့သည် အလုပ်တာဝန် များပြားနေပေမယ့် ကျန်းမာရေးသည် ပုံမှန်ထက် ပိုကောင်းလာပါလိမ့်မယ်။ သို့သော် ပေါ့ပေါ့လျော့လျော့ မနေနပါနှင့်။ မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ပြီး ကောင်းမွန် မျှတသော လုပ်ရိုးလုပ်စဉ် တစ်ခုကို ချမှတ်ပါ။ မဟုတ်ပါက အနာဂတ်တွင် ကျန်းမာရေး ပြဿနာအချို့နှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ငွေကြေး အမြတ်အစွန်းများ ရုတ်တရက် ရရှိတတ်ပါတယ်။ ဒါကြောင့် မိမိ၏ ဘဏ္ဍာရေးဆိုင်ရာ အနေအထားကို အတိုင်းအတာ တစ်ခုအထိ အားကောင်းလာစေနိုင်ပြီး မိသားစုဝင်တို့၏ အခက်အခဲများကိုလည်း အကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်။

မိသားစုဝင်များ အကြား ပျော်ရွှင်မှုများ ရှိနေပါမယ်။ ဒါ့အပြင် မိသားစုနှင့် အတူ လူမှုဆက်ဆံရေး လှုပ်ရှားမှုများကိုလည်း လုပ်‌ဆောင်နိုင်ပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( Feb 13 to Feb 19 )

Cancer ရာသီခွင်တို့သည် ယခင်အချိန် ကာလက ကျန်းမာရေး အတွက် ကြိုးစား အားထုတ်မှု‌တို့ကြောင့် ယခုအပတ်တွင် ပိုမိုကောင်းမွန်သော ရလာဒ်များ ရရှိလာပါမယ်။ အားစိုက်ထုတ်မှု အနည်းငယ်ဖြင့် ကျန်းမာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေး အရ ကံကောင်းခြင်းများ ရရှိလာပါမယ်။

ယခုရက်သတ္တပတ်အတွင်း မည်သည့် အလုပ်တွင်မဆို အလျင်စလို မပြုလုပ်ရန်၊ စိတ်ရှည် သည်းခံပြီး မိမိ၏ ငွေကို ဂရုတစိုက် မြှုပ်နှံရန် အကြံပြုလိုပါတယ်။

သင့်အိမ်ထောင်ဖက်သည် သင်နှင့် သင့်မိသားစုအကြား ပြန်လည် သင့်မြတ်စေရန် ကူညီပေးမည် ဖြစ်ပြီး အကျိုးကျေးဇူးများ ရရှိစေပါမယ်။

စီးပွားရေး လုပ်ကိုင်နေကြ သူများအတွက် ယခုအပတ်တွင် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ တိုးတက်ခြင်း အခွင့်အလမ်းကောင်း များစွာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( Feb 13 to Feb 19 )

ယခုအပတ်တွင် Leo ရာသီခွင်များ၏ ဘဝတွင် ကြီးမားသော အပြောင်းအလဲ များစွာနှင့် ကြုံတွေ့နိုင်ပါမယ်။ ဒါကြောင့် ဘဝနှင့် ပက်သက်ပြီး အားမလို အားမရ ဖြစ်နေပါလိမ့်မယ်။ အဆိုးမြင် စိတ်များနှင့် ဝန်းရံထားသလို ခံစားရ နေနိုင်ပါမယ်။

ယခုအပတ်သည် ငွေကြေးရေးရာ အတွက် အရေးကြီးသော အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး အကျိုးအမြတ်များ ပေးစွမ်းနိုင်မည့် အစီအစဉ် အချို့ကို အကောင်အထည် ဖော်ဆောင်နိုင်ပါမယ်။ ငွေကြေး ချွေတာကာ အချို့ကို စုဆောင်းနိုင်ပါမယ်။

ဤကာလအတွင်း Leo ရာသီခွင်များသည် မိမိ၏ မိတ်ဆွေနှင့် ဆွေမျိုးများ ‌အပေါ် ပြောဆို ဆက်ဆံရာတွင် သတိထားပေးပါ။ စိတ်လိုက်မာန်ပါ ပြုမှုခြင်းသည် အထူး အကျိုးရှိစေမှာ မဟုတ်ဘူး။ နှစ်ဦးနှစ်ဖက် ဒေါသထွက်စေကာ ဆန့်ကျင်ဘက် ဖြစ်စေနိုင်ပါတယ်။

ကန်ရာသီခွင် – Virgo ( Feb 13 to Feb 19 )

ယခုအပတ်အတွင်း Virgo ရာသီခွင်တို့၏ ကျန်းမာရေးတွင် တိုးတက်မှုများ ရှိလာပေမယ့် မတူညီသော ဘဝနေထိုင်မှု ပုံစံများကြောင့် အတက်အကျများ ဖြစ်စေနိုင်ပါတယ်။ မိမိကိုယ်ကို စိတ်ဖိစီးမှုကြားတွင် ပိတ်လှောင် မထားပါနှင့်။ စိတ်ကျေနပ်မှု ရယူလိုပါက ရင်းနှီးသော သူငယ်ချင်းများနှင့် အချိန်ကုန်ဆုံးရန် ကြိုးစားသင့်ပါတယ်။

ယခုအပတ်တွင် အသုံးစရိတ်များ တိုးလာနိုင်ပါမယ်။ မိသားစု သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များ၏ အကူအညီဖြင့် ကုန်ကျစရိတ်များကို ထိန်းချုပ်ရန် ကြိုးစားပါ။ မိမိသုံးစွဲမည့် ငွေကြေးသည် အရေးကြီးသော အရာများကို ဝယ်ယူရန် အတွက်သာ ဖြစ်သင့်သည်ကို သတိရပါ။

ယခုအပတ်အတွင်း ငွေကြေး အခြေအနေ တိုးတက်လာပါမယ်။ သို့သော် မိသားစုဝင် တစ်ဦးဦး၏ ကျန်းမာရေးချို့တဲ့မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကိုလည်း တိုးစေမှာ ဖြစ်ပါတယ်။

တူရာသီခွင် – Libra ( Feb 13 to Feb 19 )

ယခုတစ်ပတ်တွင် Libra ရာသီခွင်တို့သည် မိမိတို့၏ နေ့စဉ်လုပ်ရိုး လုပ်စဉ်များကို လုပ်ဆောင်ရန် ငြီးငွေ့လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ခွန်အား ပြန်လည် ရရှိစေရန် အားကစားကဲ့သို့ လှုပ်ရှားမှု အချို့တွင် ပါဝင်ဖို့ အကြံပြုလိုပါတယ်။ ထိုသို့ ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေရုံ သာမက မိမိ၏ ဖန်တီးမှု စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ယခုတစ်ပတ်အတွင်း ငွေကြေးကိစ္စများ အားကောင်းနေပါမယ်။ ကံတရား၏ အားပေးမှုတို့ကြောင့် အခွင့်အလမ်းများစွာကို ရရှိနိုင်ပါမယ်။ ဝင်ငွေများ တိုးတက်ကာ ငွေကြေး စုဆောင်းမှုများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ယခုတစ်ပတ်မှာတော့ သင့်မိခင်၏ ကျန်းမာရေးသည် ကောင်းမွန်နေပါလိမ့်မယ်။ ရင်ဆိုင်နေရသော ကျန်းမာရေး ပြဿနာများ သက်သာ ပျောက်ကင်းလာပါမယ်။ ဒါ့အပြင် သင့်အဖေ၏ လုပ်ငန်းခွင်တွင် တိုးတက်ရန် အခွင့်အလမ်းများစွာ ရရှိလာပါလိမ့်မယ်။ မိသားစုအတွင်း အပြုသဘော ဆောင်သော ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( Feb 13 to Feb 19 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် အစိမ်းရောင် အသီးအရွက်များကို စားသုံးပေး ရပါလိမ့်မယ်။ ဒါ့အပြင် တစ်နေ့တာ အတွင်း အနည်းဆုံး ပန်းသီးတစ်လုံး သို့မဟုတ် အခြားအသီးအနှံများကို စားသုံးပေးပါ။ သို့မှသာ အသေးအမွှား ရောဂါများ ကင်းဝေကာ ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ရက်သတ္တပတ် အစတွင် နယ်ပယ်များစွာမှ ဝင်ငွေများ ရရှိတတ်ပါတယ်။ ဆွေမျိုးများကို ငွေကြေး အကူအညီများ ထောက်ပံ့ ပေးနိုင်ပါမယ်။ သို့သော် အချိန်မီ ပြန်မဆပ် သူများအား ငွေ‌ကြေး မချေးငှားရန် အကြံပြုလိုပါတယ်။

ဤကာလအတွင်း Scorpio ရာသီခွင်တို့သည် မိမိတို့၏ ဆွေမျိုးများအတွက် လိုအပ်သော အကြံဉာဏ်များကို ပေးနိုင်ပါမယ်။ မိသားစုဝင်များ အကြား ပျော်ရွှင် ကျေနပ်မှုကို ခံစားရစေပါမယ်။ ဒါ့အပြင် မိမိ ပတ်ဝန်းကျင်၌ အပြုသဘော ဆောင်သော အပြုအမူတို့ကြောင့် ကျေနပ်အားရ နေပါလိမ့်မယ်။

ဓနုရာသီခွင် – Sagittarius ( Feb 13 to Feb 19 )

ယခုအပတ်တွင် Sagittarius ရာသီခွင်များ အနေနဲ့ ယာဉ်မ‌တော်တဆ ဖြစ်ပွားနိုင်၍ ဂရုတစိုက် မောင်းနှင်ပေးပါ။ ချွန်ထက်သော အရာဝတ္ထုများ၊ ထောင့်စွန်းများကိုလည်း သတိထားပေးပါ။

ဤကာလ တစ်လျှောက်လုံး သံသယဖြစ်ဖွယ် ငွေကြေးအပေးအယူ အမျိုးမျိုးမှ ရှောင်ရှားရန် လိုအပ်ပါလိမ့်မယ်။ ငွေကြေးရေးရာ ကိစ္စရပ်များတွင် အစကတည်းက သတိထားပြီး လောဘကြောင့် တရားမဝင်သော အလုပ်ကို မပြုလုပ်ပါနှင့်။

ယခုအချိန် ကာလသည် မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့် ပျော်ပွဲစားထွက်ရန် ကောင်မွန်သော အချိန်ကာလ ဖြစ်ပါတယ်။ မိမိ၏ စိတ်ကို ပေါ့ပါးစေရုံ သာမက ထိုသူတို့နှင့် ဆက်ဆံရေးကိုလည်း ပိုမိုတိုးတက် ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

ယခုရက်သတ္တပတ်တွင် Sagittarius ရာသီခွင်များ အနေနဲ့ လုပ်ငန်းခွင် အတွင်း မိမိ၏ အပြုသဘောဆောင်သော သဘောထားတို့ကြောင့် ကောင်းမွန်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။

မကာရရာသီခွင် – Capricorn ( Fe b 13 to Feb 19 )


ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်သောကြောင့် ယုံကြည်မှုများ တိုးလာပါမယ်။ မိမိ၏ ကျန်းမာရေးကို သာမက မိသားစုဝင်များ၏ ကျန်းမာရေးကိုလည်း အထူး ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။ အအေးစာများကို ရှောင်ကြဥ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ပုံမှန်စားသုံးပေးရန် လိုအပ်ပါမယ်။

အရက် သောက်သုံးခြင်း သို့မဟုတ် အခြား မူးယစ်ဆေး တစ်မျိုးမျိုးကို သုံးစွဲခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ဤကာလအတွင်း မိသားစုရေးရာ ကိစ္စရပ်များတွင် ပါဝင်လုပ်ဆောင်မှု ပျက်ကွက်နိုင်ပါတယ်။ ဒါကြောင့် မိသားစုဝင်များ၏ ဆူပူကြိမ်းမောင်းခြင်း ခံရနိုင်ပါတယ်။

ယခုသီတင်းပတ် အတွင်း လုပ်ငန်းခွင်တွင် အပြုသဘောဆောင်သော အပြောင်းအလဲအချို့ ဖြစ်ပေါ်စေနိုင်ပါတယ်

ကုမ်ရာသီခွင် – Aquarius ( Feb 13 to Feb 19 )

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ ကျန်းမာရေးတွင် သတိပြုရမည့် အပြောင်းအလဲ အချို့ရှိ‌နေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ ရေများများ သောက်ပါ။ ဗီတာမင် ကြွယ်ဝသော အသီးအနှံများ စားသုံးပေးပါ။ အဝလွန်ခြင်း ပြဿနာရှိသူများ အနေနှင့် ကြုံတွေ့နေရသော ပြဿနာအချို့ကို ဖယ်ရှားနိုင်ပါမယ်။

ယခင်ကာလမှ ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုများမှ ယခုအပတ်တွင် ကောင်းမွန်သော အကျိုးရလာဒ်များ ရရှိနိုင်မည့် အလားအလာ ရှိနေပါတယ်။ မိမိ နှစ်သက်ရာ ကိစ္စများ အတွက် ငွေကြေး သုံးစွဲနိုင်သော်လည်း ဆုံးဖြတ်ချက် မချမီ မိဘများထံမှ အကြံဉာဏ် ရယူရန် အကြံပြုလိုပါတယ်။

လုပ်ငန်းခွင်မှ အပိုအလုပ် တာဝန်တို့ကြောင့် မိမိ အိမ်ထောင်ဖက်နှင့် ဆက်ဆံရေးသည် တင်းမာလာနိုင်ပါတယ်။ ဤကာလအတွင်း မိသားစုအပေါ် ပေးထား‌သော ကတိကို လိုက်နာရန် ပျက်ကွက်မှုမျိုးလည်း ဖြစ်နိုင်ပါတယ်။

မိန်ရာသီခွင် – Pisces ( Feb 13 to Feb 19 )

ယခုအပတ်တွင် Pisces ရာသီခွင်များသည် ငွေကြေး အခြေအနေများ၊ အလုပ်ဖိအားနှင့် အိမ်တွင်းရေး ပြဿနာများကြောင့် ကျန်းမာရေး ကျဆင်းမှုနှင့် အတူ ကိုယ်ခံအားနည်းခြင်းကိုပါ ကြုံတွေ့ရနိုင်ခြေ ရှိနေပါတယ်။

ယခုတစ်ပတ်တွင် ရုံးလုပ်ငန်းတွင် ဖြစ်စေ၊ လုပ်ငန်းခွင်တွင် ဖြစ်စေ ပေါ့ဆမှု တစ်ခုခုကြောင့် ငွေကြေး ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ကြောင့် အလျင်အမြန် ပြုလုပ်သည့် လေ့အကျင့်ကို ပယ်ဖျောက်ပေးပါ။ လျင်မြန်ခြင်းထက် အလုပ်တိုင်းကို တိကျ မှန်ကန်အောင် ပြုလုပ်ပါ။

ဤကာလအတွင်း Pisces ရာသီခွင်များသည် အိမ်မှုကိစ္စများကို ပိုမိုလုပ်ဆောင် နိုင်ပါမယ်။ လူ့အဖွဲ့အစည်းများတွင်လည်း မိမိ၏ ဆွဲဆောင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးများကြောင့် အောင်မြင်မှုကို ရရှိနိုင်ပါမယ်။ အပေါင်းအသင်းသစ်များ ရရှိလာပါမယ်။

ရေးသားသူ – Care Your Future ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။