နောက်ကျောနာတာသက်သာစေမယ့်လေ့ကျင့်ခန်း (၃) မျိုး

Health
နောက်ကျောနာတာသက်သာစေမယ့်လေ့ကျင့်ခန်း (၃) မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နောက်ကျောနာတာသက်သာစေမယ့်လေ့ကျင့်ခန်း (၃) မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နောက်ကျောနာတာသက်သာစေမယ့်လေ့ကျင့်ခန်း (၃) မျိုး
64,719 Back Pain Stock Photos and Images - 123RF
ခါးနာခြင်းအတွက် လေ့ကျင့်ခန်းများ

ခါးနာခြင်းဟာအဖြစ်များတဲ့ ကြွက်သားနာကျင်ခြင်း အမျိုးအစားတမျိုး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ထိခိုက်မှု၊ ရောဂါတို့ကြောင့် ဖြစ်တတ်ပြီး သာမန်အဆစ်လွဲခြင်း၊ ဒဏ်ဖြစ်ခြင်း ဒါမှမဟုတ် အာရုံကြောညပ်ခြင်း၊ ထိခိုက်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုကာကွယ်ဖို့၊ ကုသဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ ဆရာဝန်များက အကြံပြုပါလိမ့်မယ်။ ခဏတာခါးနာခြင်းကိုတော့ အိပ်ရာထဲလှဲပြီးမလှုပ်ရှားဘဲနေခြင်းဟာ အထောက်အကူပြုတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် သုတေသနအချို့အရ မလှုပ်ရှားဘဲနေခြင်းဟာ ခဏတာမျှဘဲ အထောက်အကူပြုတယ်လို့ သိရပါတယ်။ ဘာလှုပ်ရှားမှုမှမရှိဘဲနေခြင်းဟာ ပျောက်ကင်းမှုကို ကြာရှည်စေပြီး ကြွက်သားတောင့်တင်းခြင်းကို ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ လှုပ်လှုပ်ရှားရှားနေမှသာ ကြွက်သားများကိုအသုံးချနိုင်မှာ ဖြစ်ပါတယ်။

ခါးနာတဲ့အခါ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အချက်တွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီအစီအစဉ်မစခင်မှာ

၁။ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ပါတယ်။
၂။ လုပ်သင့်တဲ့ အတိုင်းအတာထက် ပိုပြီးလုပ်အောင် မိမိကိုယ်ကိုဖိအားမပေးပါနဲ့။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ထိခိုက်ရတာမျိုးမဖြစ်သင့်ပါ။
၃။ လေ့ကျင့်ခန်းကိုဖြည်းဖြည်းမှန်မှန် စတင်ဖို့လုပ်ပါ။ ချက်ချင်းကြီးမစပါနဲ့။ ရုတ်တရက် လှုပ်ရှားမှုတွေကြောင့် ကြွက်သားကိုထိခိုက်နိုင်ပါတယ်။
၄။ ညီညာသန့်ရှင်းပြီး ကျယ်ဝန်းတဲ့နေရာမှာ လုပ်ဆောင်ပါ။
၅။ ကြွက်သားများ၊ အရိုးအဆစ်များပျော့ပြောင်းအောင် အကြောဆန့်ခြင်းများလုပ်ဆောင်ပါ။
ခါးနာခြင်းဟာသင့်ကိုအနှောင့်အယှက်မပြုနိုင်အောင် ဒီလေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

အကြောဆန့်ခြင်း

Fit fitness woman doing stretching exercises outdoors at park Stock Photo  by ©vova130555@gmail.com 156236056

များစွာသောလေ့လာချက်များအရ အကြောဆန့်ခြင်းလေ့ကျင့်ခန်းဟာ ခါးနာခြင်းဖြစ်နိုင်ခြေရော ဝေဒနာတွေကိုပါ လျှော့ချပေးတယ်လို့ သိရပါတယ်။ ခါးနာတဲ့လူနာများဟာ ခါးတစ်ဝိုက်မှာတင်းနေပြီး မနက်ပိုင်းတွေဆိုရင် တောင့်တင်းနေတတ်ပါတယ်။ မနက်ပိုင်းမှာ အကြောဆန့်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခါးနာခြင်းကိုလျော့ကျစေပြီး သက်တောင့်သက်သာ ပြန်ဖြစ်စေပါတယ်။

Girl Doing Stretching Exercises PNG Free Download And Clipart Image For  Free Download - Lovepik | 401623373

အကြောလျှော့လေ့ကျင့်ခန်းကို ရိုးရိုးရှင်းရှင်းလုပ်နိုင်ပါတယ်။ ကြမ်းပေါ်မှာ ဝမ်းလျားမှောက်ပါ။ ခြေထောက်များကို ဒူးဆစ်ရိုးကနေ ဖြည်းဖြည်းချင်းကွေးယူပါ။ ခါးရိုးနဲ့ ဒူးခေါင်းဟာ ကြမ်းပေါ်ကိုထိနေရပါမယ်။ ပြီးတဲ့အခါ ပခုံးကနေအားပြုပြီးရင်ဘတ်ကို ကြမ်းပြင်ကနေ မ ယူပါ။ အဲဒီအနေအထားမှာစက္ကန့် ၂၀မှ ၃၀ နေပြီးတဲ့အခါ ပုံမှန်အနေအထားကို ပြန်သွားပါ။ အသက်ကိုသက်တောင့်သက်သာရှူဖို့၊ သိပ်ပြင်းပြင်းထန်ထန် မလုပ်ဖို့ သတိပြုပါ။

ယောဂလေ့ကျင့်ခန်း

Young woman doing yoga Japanese hot yoga - Stock Photo [49880114] - PIXTA

 

Young Japanese woman doing yoga at home – Juri Pozzi

ယောဂဟာ အကြောတွေပြေစေပြီး ဟန်ချက်ညီစေဖို့ တချိန်တည်းမှာလေ့ကျင့်နိုင်တဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ခါးနာခြင်းအတွက်လုပ်ရတဲ့ ယောဂလေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ စလုပ်ခါစ လူတွေအတွက် ကလေးပုံစံကလွယ်ကူပါတယ်။ ပထမဒူးထောက်ထိုင်ရပါမယ်။ တင်ပါးကိုဖနောင့်ပေါ် ချထားရပါမယ်။ ပြီးရင် ကိုယ်လုံးကိုလျှော့ချပြီး အရှေ့ကိုကိုင်းလိုက်ပါ။ သက်တောင့်သက်သာဖြစ်သွားချိန်မှာ လက်နှစ်ဖက်ကိုဘေးချထားပြီး ဦးခေါင်းကို ဖျာပေါ်မှာချထားပါ။ ဒီပုံစံဟာလက်မောင်းကနေပုခုံးသားအထိပြေလျော့စေပြီး ခါးဆစ်ရိုးနဲ့ တင်ပါးကိုပါ ပြောလျော့စေပါတယ်။

Pilates လေ့ကျင့်ခန်း

20-Minute At-Home Pilates Workout for All Levels | MyFitnessPal

Pilates လေ့ကျင့်ခန်းဟာ ကြွက်သားရဲ့ ခွန်အား၊ ပျော့ပြောင်းမှု စတာကို တိုးတက်စေပါတယ်။ ကြွက်သားတွေရဲ့ ခံနိုင်ရည်ကိုတိုးတက်စေပြီး ထိခိုက်ဒဏ်ရာရရှိမှုကို လျော့နည်းစေပါတယ်။ ရိုးရိုးရှင်းရှင်းပဲ လုပ်ဆောင်နိုင်ပါတယ်။ ပက်လက်လှဲပြီး လက်နှစ်ဖက်ကို ဘေးမှာချထားပါ။ ဒူးကိုဖြည်းဖြည်းချင်းကွေးတင်ပြီး ခြေထောက်များကိုခါးရိုးကနေတဆင့် ဖြန့်ကားပေးပါ။ ကျောကိုဖျာပေါ်မှာချထားပြီး ဗိုက်ကိုဖျော့ထားပါ။ ခါးဆစ်ကို အပေါ်ကို မ တင်ပါ။ ခါးကိုဖျာပေါ် ဖိတွန်းထားသလို ခံစားရပါလိမ့်မယ်။ ဒီအနေအထားကို (၅) စက္ကန့်လောက် ထိန်းထားပြီး ပြန်လျှော့ချပါ။

1,157 Chinese Girl Doing A Yoga Pose Stock Photos, Pictures & Royalty-Free  Images - iStock

လေ့ကျင့်ခန်းတွေဟာ ပုံမှန်လုပ်နိုင်မှ ထိရောက်ပါတယ်။ တစ်ဝက်လောက်လုပ်ပြီးရပ်လိုက်တာ၊ ခါးကိုအလွန်အကျွံသုံးတာရှောင်ကြဉ်ရပါမယ်။ ဘယ်လေ့ကျင့်ခန်းကသင့်တော်မယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။