“အမည်၃မျိုးမှာဘယ်ထဲသင့်နာမည်ပါလဲ?။”

Astrology
“အမည်၃မျိုးမှာဘယ်ထဲသင့်နာမည်ပါလဲ?။”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အမည်၃မျိုးမှာဘယ်ထဲသင့်နာမည်ပါလဲ?။” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အမည်၃မျိုးမှာဘယ်ထဲသင့်နာမည်ပါလဲ?။”

လူအမည်တွေဟာ ယေဘုယျအားဖြင့်တော့ အမည်(၃)မျိုးရှိပါတယ် ။
( ၁ ) သရအမည်
( ၂ ) နိန္နယ အမည်
( ၃ ) ကရဇ အမည် ဆိုပြီး (၃) မျိုး ရှိပါတယ်။

( ၁ ) သရအမည်

သရ အမည်တွေဆိုတာ အခြားသော အက္ခရာတွေနဲ့မှီခိုပြီး အသံမထွက်ပါဘူး။
သရ ၁၁ လုံးအားဖြင့်သာ အသံထွက်တဲ့ အမည်မျိုးတွေကို သရ အမည်လို့ ခေါ်ပါတယ် ။
သရ ၁၁ လုံး ဆိုတာ
( အ ) ( အာ ) ( အဲ ) ( အိ ) ( အီ ) ( အု )
( အူး ) ( အေ ဧ ) ( အော ဩ ) ( အော် ) ( အံ )
သရ အသံ များ ဖြစ်ပါတယ် ။
ဒါကြောင့်.
။မ အိ
။ မ နု
။ မိ စု
။ မောင် စိုး
။ မောင်တိုး
။မ မော်
။ မ ရီ
။ မ သီ
။ မောင် တူး
။ မောင် စော
။ မောင် တော
။ မ ဥ
။ မ မေ
။ မ ဦး
။ မောင် ‌မဲ
။ မောင် ရဲ
။ မောင် သဲ စသဖြင့် သရ အသံထွက်တဲ့ အမည်များသရ အမည်များ ဖြစ်ပါတယ်။

သရ အသံများဖြင့် မှည့်ခေါ်သူများဟာ
အကြံစည်ကြီးမားခြင်း ၊ ပစ္စည်ဥစ္စာ ခိုင်မြဲစေခြင်း၊
သူတစ်ပါးကို မမှီခိုတတ်ပဲ ၊ မိမိကိုယ်ကို အားကိုးခြင်း ၊ ဩဇာရှိခြင်း ၊ တစ်ကိုယ်ကောင်း တစ်ယောက်တည်ပျော်မွေ့တတ်ခြင်း ၊ ‌ကံအားလျော်စွာ ကျော်စောထင်ရှားလျှင် သူများနဲ့ မတူအောင် အထွဋ်အထိပ် ရောက်ရှိနိူင်ပါတယ် ။

( သရ အမည်များဟာ နာမည်အင်္ဂါ ၁၀ ပါးမှာ
ဒီဃ ရဿ ၊ ဖို မ ၊ ဓာတ် ၊ ပညာခန်း ၃ ခု မှားနေလျှင်တောင် အပြစ်မဖြစ်ဘူးလို့ ဆရာကြီး ဦးစိုးမင်း ကျမ်းမှာဖော်ပြထားပါတယ် ။ )

( ၂ ) နိန္နယ အမည်

နိန္နယ အမည်ဆိုတာ ဗျည်း ဗျည်းချင်း တွဲစပ်ပြီးအသံထွက်တဲ့အမည်ကို ဆိုလိုပါတယ် ။
ဥပမာ ။ ကက် ၊ ကင်း ၊ ကပ် ၊ ကမ်း ၊ ကစ် ၊ ကည် ၊ ကန်း ၊ ကယ် ၊ စသဖြင့် သံယုတ် ၆ ပါးထဲ က ဟထိုးသံယုတ် နောက်ပစ်သံယုတ် ၂ ပါးက လွဲပြီး ကျန်တဲ့ သံယုတ် ၄ ပါးနဲ့ အသတ် တံခွန်‌ပါတဲ့ အမည်များဟာ နိန္နယ အမည်တွေ ဖြစ်ပါတယ် ။
ဥပမာ ။
မောင် မင်းထက်
မောင် ကြည်ထက်
မောင် လင်းထွန်း
မောင် သန်းမြ
မောင် ကွန့်
မ ဆင့်ကြည်
မ သင်းသင်း
မ ခင်သင်း
မ ၀င်းကြည်
မ လွင်လွင် စတဲ့ ဗျည်း ဗျည်းချင်း ယှဉ် အသံထွက်တဲ့ အမည်များဟာ နိန္နယ အမည်များ ဖြစ်ပါတယ် ။

နိန္နယ အမည်များ အသိုင်းအဝိုင်း ၊ အပေါင်းအသင်းအကူညီများနဲ့ အောင်မြင်တတ်ပါတယ် ။ လူအများနဲ့ အကျိုးပေးတဲ့ အမည်တွေ ဖြစ်ပါတယ် ။ လူအများစု နှစ်သက်ခြင်း ၊ ကြီးပွား တင့်တယ်ခြင်း ၊ ကျော်စောခြင်းစတဲ့ ကောင်းတဲ့ သဘောတရားများရှိပါတယ် ။

( ၃ ) ကရဇ အမည်များ

ကရဇ အမည်များ ဗျည်း နဲ့ သရ နှစ်မျိုးကူညီမှအသံထွက်တဲ့ အမည်တွေကို ခေါ်ပါတယ် ။
ဥပမာ။ ကိတ် ၊ ကိန်း ၊ ကိမ်း ၊ ကုန်း ၊ ကုတ် ၊ ကုမ်း ကောင်း ၊ ကောက် ၊ ကက် ၊ ကိုက် ၊ ကိုင် စတဲ့
အသံထွက် အက္ခရာ များ ဖြစ်ပါတယ် ။
ဥပမာ ။
မောင် နိုင်အောင်
မောင် အောင်စိုင်း
မောင် အောင်လှိုင်
မောင် ထိုက်စိန်
မ ဆွေဆွေ
မ ဖြူဖြူအောင်
မ ထွေးထွေး
မ ရွှေဖြူ
မ ခိုင်ခိုင် စတဲ့ ဗျည်း နှင့် သရ နှစ်ပါးစုံ ကူညီမှ
အသံထွက်တဲ့ အမည်တွေဟာ ကရဇ အမည်တွေဖြစ်ပါတယ် ။

ကရဇ အမည်တွေက လူအများစု ကို နှစ်သက်ခြင်း ၊ အပျော်အပါး လောင်ကစား ဝါသနာ ကြီးခြင်း ၊ အနုပညာဝါသနာ ပါရှိတတ်ခြင်း ၊ ပံပိုး ကူညီမယ့်သူရှိမှ အောင်မြင်တတ်ခြင်း ၊ အတိုက်အခံများနဲ့ အောင်မြင်တတ်ပါတယ် ။ စတဲ့ သဘောတရားတွေ ရှိပါတယ် ။အမည် ၃ မျိုးထဲမှာ ကရဇ အမည်ဟာ အညံ့ဆုံး ဖြစ်ပါတယ် ။

အကျယ် ထက်ပြီးချဲ့ရရင်
သရ နဲ့ နိန္နယ အမည် တွဲမှည့်ခြင်း ။
သရ နဲ့ ကရဇ အမည် တွဲမှည့်ခြင်း ။
နိန္နယ နဲ့ ကရဇ အမည် တွဲမှည့်ခြင်း စတဲ့ အမည်တွေကိုအကောင်းအဆိုး ချိန်ဆ ဟောပြောနိုင်ပါသေးတယ် ။
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ ။

ရေးသားသူ – ဗေဒင်ဉယျာဉ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။