မြန်မာပြည်မှာ တည်ဆောက်မယ့် အနူမြူ ဓါတ်ပေါင်းဖို အကြောင်း သိကောင်းစရာ

Knowledge Local News
မြန်မာပြည်မှာ တည်ဆောက်မယ့် အနူမြူ ဓါတ်ပေါင်းဖို အကြောင်း သိကောင်းစရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာပြည်မှာ တည်ဆောက်မယ့် အနူမြူ ဓါတ်ပေါင်းဖို အကြောင်း သိကောင်းစရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာပြည်မှာ တည်ဆောက်မယ့် အနူမြူ ဓါတ်ပေါင်းဖို အကြောင်း သိကောင်းစရာ


ဒီနေ့ ကြေးမုံသတင်းစာမှာ ရုရှားနိုင်ငံအကူအညီနဲ့ မြန်မာနိုင်ငံမှာ အနူမြူဓါတ်ပေါင်းဖိုအသေးစား တည်ဆောက်မယ့်သတင်း ပါလတယ်။ အမှန်တကယ်စိတ်ဝင်စားစရာ သတင်းထူးပါ။

တည်ဆောက်မယ့် ဓါတ်ပေါင်းဖို (Reactor) က ပုံမှန်တည်ဆောက်နေကြ အနူမြူဓါတ်ပေါင်းဖိုမဟုတ်ပဲ SMR (Small Modular Reactor) ခေါ်တဲ့ဖြုတ်တတ်လွယ်အသင့်သုံး အနူမြူဓါတ်ပေါင်းဖိုအသေးစားလို့ သိရတယ်။

ထုံးစံအတိုင်း Googling လုပ်ပြီး တတ်သမျှမှတ်သမျှ ဖေါက်သည်ချလိုက်ပါတယ်။

SMR (Small Modular Reactor) ဆိုတာ အနူမြူဓါတ်ပေါင်းဖိုအသေးစားဖြစ်ပြီး အရွယ်အစားပေါ်မူတည်ပြီး လျှပ်စစ်ဓါတ်အား ၂၀ မီဂါဝပ်မှ ၃၀၀ မီဂါဝပ်ထိ ထုတ်လုပ်နိုင်စွမ်းရှိတယ်။ ၃၀၀ မီဂါဝပ်ဆိုတာ ပုံမှန်အနူမြူဓါတ်အားပေးစက်ရုံထုတ်လုပ်နိုင်စွမ်းရဲ့ မီဂါဝပ် သုံးပုံတပုံပဲရှိတယ်။ SMR ဓါတ်ပေါင်းဖိုကို တနေရာမှာ အစိတ်အပိုင်းအလိုက် အပြီးတည်ဆောက်ပြီး အသုံးပြုမယ့နေရာကို သင်းဘောနဲ့ သယ်ယူလာပြီး အချိန်တိုအတွင်း တတ်ဆင်အသုံးပြုနိုင်တဲ့ ဓါတ်ပေါင်းဖိုအမျိုးအစားဖြစ်ပါတယ်။

SMR ဓါတ်ပေါင်းဖိုမှာ ရေပေါ့ (Light Water) ကို အအေးခံအရည် (Coolant) အဖြစ်အသုံးပြုတယ်။ SMR ဓါတ်ပေါင်းဖိုအသေးစားမှာ သာမန်အနူမြူဓါတ်ပေါင်းဖိုလို အပူစွမ်းအင်ကနေ ရေနွေး ငွေ့တာဘိုင်နဲ့ဂျန်နရေတာကို လည်ပတ်စေပြီး လျှပ် စစ်စွမ်းအင်ကို ထုတ်လုပ်ပေးမှာပါ။ SMR က အပူစွမ်းအင်ကရေကို ရေနွေးငွေ့အဖြစ်ပြောင်းလဲစေပြီး ရေနွေးငွေ့တာဘိုင် (Turbine) ကို လည်ပတ်စေပြီး Generator ကတဆင့်လျှပ်စစ်စွမ်းအင်ကို ထုတ် လုပ်ပေးတဲ့စနစ်ဖြစ်ပါတယ်။

SMR ဓါတ်ပေါင်းဖိုအသေးစားဟာ သာမန်အနူမြူဓါတ်ပေါင်းဖိုထက် ရေဒီယိုသတ္တကြွ အနူမြူစွန့်ပစ်ပစ္စည်းထုတ်လုပ်မှာ ၂ ဆမှ အဆ ၃၀ အထိ ပိုများတယ်ဆိုတာ အမေရိကန်အနူမြူသိပ္ပံပညာရှင်များ တွေ့ရှိထားတယ်။ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က SMR ကို အာဂျင်တီးနား၊ တရုတ်နဲ့ ရုရှားမှတည်ဆောက်နေတယ်လို့ ဖေါ်ပြထားတယ်။

SMR ဓါတ်ပေါင်းဖိုအလယ်အူတိုင်ဟာ ပုံမှန်အနူမြူဓါတ်ပေါင်းဖိုထက် ပိုသေးငယ်လို့ အပူစွန့်ထုတ်မှု ပိုနည်းပါတယ်။ SMR မှာ အနူမြူလောင်စာကို ၄ – ၇ နှစ်အတွင်း တခါထည့်သွင်းရပြီး ပုံမှန်အနူမြူဓါတ်ပေါင်းဖိုမှာ အနူမြူလောင်စာကို ၁ -၂ နှစ်အတွင်းထည့်သွင်းရတယ်။ အချို့ SMR ဟာနှစ်ပေါင်း ၃၀ အတွင်းအနူမြူလောင်စာမထည့်သွင်းပဲ ဆက်တိုက်လည်ပတ်နိုင်တယ်။ တခုအားသာချက်က SMR အမျိုးအစားဓါတ်ပေါင်းဖိုဟာ အပူကြောင့်ပျော်ကျ (Melt Down) ဖြစ်နိုင်တဲ့အမျိုးအစားမဟုတ်ဘူး။ အရေးပေါ်တခုခုဖြစ်ရင် ဓါတ်ပေါင်းဖိုကို ချက်ခြင်းပိတ်ပစ်နိုင်တယ်။

SMR ဓါတ်ပေါင်းဖိုရဲ့ အားနည်းချက်က ပုံမှန်ဓါတ်ပေါင်းဖိုထက် အနူမြူစွန့်ပစ်ပစ္စည်း ပိုများများထွက်တယ်။ အနူမြူဓါတ်သတ္တကြွနူထရွန် (Neutron) ယိုစီးမှုပိုများတယ်။ SMR စွန့်ပစ်ရေနွေးငွေ့မှာ အနူမြူဓါတ်သတ္တိကြွနူထရွန် (Radio Activated Neutron) သာမန်ဓါတ်ပေါင်းဖိုထက် ပါဝင်မှုပိုများတယ်။

“ရေပေါ့” အသုံးပြု SMR မှာ ယူရေနီယံ (Urinium) ပါဝင်မှုအချိုးအစားနည်းတဲ့ အနူမြူလောင်စာကိုအသုံးပြုတယ်။ ယူနေနီယံအနူမြူလောင်စာ U- 235 ရဲ့ ၅ ရာခိုင်နူန်းခန့်ပဲ အနူမြူလောင်စာအဖြစ် အသုံးပြုတယ်။ SMR မှာ အနုမြူလောင်စာ U-235 ကိုခိုးယူပြီးlat nat ပြောင်းလဲမပြုလုပ်နိုင်အောင် ကာကွယ်မှုစနစ်ပါရှိတယ်။ U -235 (Uranium 235) ဆိုတာ အနူမြူဓါတ်ပေါင်းဖို၊ အနူမြူစွမ်းအင်သုံလေယာဉ်တင်သင်္ဘောကြီးများနဲ့ အနူမြူlat natများမှာ အသုံးပြုတဲ့ ယူရေနီယံလောင်စာနံပတ်ဖြစ်ပါတယ်။

ပုံမှန်လျှပ်စစ်ဓါတ်အားပေး အနူမြူဓါတ်ပေါင်းဖိုထက်စာရင် SMR ဟာလျှပ်စစ် ၁ မီဂါဝပ်ထုတ်လုပ် မှုစားရိတ်ပိုကြီးမြင့်တယ်။ ဒါကြောင့်လျှပ်စစ်ဓါတ်အားအတွက် SMR ကိုအသုံးပြုရင် မီဂါဝပ်ထုတ် လုပ်မှုစားရိတ်ပိုများတယ်။

ဒါကြောင့် စီးပွားရေးအရတွက်ခြေမကိုက်လို့ အမေရိကန်နိုင်ငံက SMR ကိုပိတ်သိမ်းထားတာကြာပြီ။ SMR ကိုလည်ပတ်ဖို့ ပြင်ပရေမလိုအပ်လို့ မြစ်နားချောင်းနားအနီးမဟုတ်ပဲ ကိုယ်ထားချင်တဲ့ကုန်းခေါင်ခေါင်မှာလည်း SMR ကို တပ်ဆင်လည်
ပတ်စေနိုင်ပါတယ်။

အထူးသဖြင့် လက်ရှိမဟာဓါတ်အားလိုင်းစနစ်ထဲ ထည့်သွင်းနိုင်ဖို့ အသင့်တော်ဆုံးနေရာကို ရွေးချယ်နိုင်ပါတယ်။ SMR ဓါတ်ပေါင်းဖိုမှာ ဓါတ်ကူပစ္စည်း (Catalyst) အဖြစ် နီကယ်ကို အသုံးပြုရတယ်။

မြန်မာနိုင်ငံစစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့အရှေ့ဘက်ကမ်း တကောင်းတောင်မှာ တရုတ်ကုမ္ပဏီတခု နီကယ်အကြီးအကျယ်ထုတ်လုပ်နေတာကြာလှပါပြီ။

SMR ဓါတ်ပေါင်းဖိုတလုံး တည်ဆောက်ထုတ်လုပ်မှုစားရိတ် ၁ မီဂါဝပ်နာရီကို အမေရိကန်ဒေါ်လာ ၅၈ ဒေါ်လာရှိတယ် ( ၂၀၂၁ နှစ်လည်ဈေး)။ အခုဒီဈေးမရနိုင်တော့ဘူး။ ကမ္ဘာမှာထင်ရှားတဲ့ SMR ထုတ် လုပ်သူများ GE, Hitachi, Moltex (Canada) နဲ့အခြားအမေရိကန်ကုမ္ပဏီများ ထိပ်ဆုံးမှာရှိတယ်။ Roll-Royce ကုမ္ပဏီတည် ဆောက်တဲ့ ၄၇၀ မီဂါဝပ် SMR တလုံးအတွက်မြေ ၁၀ ဧကလိုအပ်တယ်။

ရေးသားသူ – Kyaw Soe U’s facebook

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။