ခွေး ၂ ကောင် ကိုက်ခိုင်းပြီး အလောင်းအစားပွဲလုပ်သူကို ဝေဖန်မှုများမြင့်တက်နေ

Local News
ခွေး ၂ ကောင် ကိုက်ခိုင်းပြီး အလောင်းအစားပွဲလုပ်သူကို ဝေဖန်မှုများမြင့်တက်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခွေး ၂ ကောင် ကိုက်ခိုင်းပြီး အလောင်းအစားပွဲလုပ်သူကို ဝေဖန်မှုများမြင့်တက်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခွေး ၂ ကောင် ကိုက်ခိုင်းပြီး အလောင်းအစားပွဲလုပ်သူကို ဝေဖန်မှုများမြင့်တက်နေ

Thu Yeinn ဆိုသည့် ဖေ့ဘွတ်စ်အကောင့် တစ်ခုမှ ခွေးနှစ်ကောင်ကို ကိုက်ခိုင်းပြီး အလောင်းအစားပွဲပြုလုပ်နေသည့်အပေါ် လူမှုကွန်ရက်တွင် လူအများမှ ပြစ်တင်ဝေဖန်မှုများ မြင့်တက်နေသည်ကို တွေ့ရသည်။

Thu Yeinn ဆိုသည့်အကောင့်ပိုင်ရှင်သည် လွန်ခဲ့သည့် သုံးရက်က ၎င်းပိုင်ဆိုင်သည့် မောင်ဇိုးဟု အမည်ပေးထားသော ခွေးတစ်ကောင်ကို လည်ပင်းကြိုးအထိန်းဖြင့် လူတစ်ဦးက ဆွဲထားပြီး တခြားခွေးတစ်ကောင်ဖြင့် ကိုက်နေသည့် ဗီဒီယိုကို တင်ခဲ့ရာမှ လူအများမှ ဝေဖန်မှုများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုတွင် “မောင်ဇိုးရဲ့ သွေးပူစမ်းတဲ့ လမ်းဘေးတိုက်ပွဲလေးပါ ။ မောင်ဇိုးရဲ့ တိုက်ခိုက်ပုံကတော့ ချက်ကောင်းကို အမိအရခဲပြီး မေးရိုးကတော့ လော့ခ်ကျသလို ပြန်မလွှတ်တော့ပါဘူး”ဆိုသည့် စာသားကိုလည်း ရေးထားသည်ကို တွေ့ရသည်။
” နင်တို့ ပိုင်ရှင်နှစ်ကောင် ကိုက်ကြပါလား၊ မန်ဘာကြေးပေးပြီး ကြည့်မယ်လေ ၊ ပိုင်ရှင်နှစ်ကောင် ကိုက်တဲ့ပွဲအရင်လုပ်ပေး ၊ အောက်တန်းစားပိုင်ရှင်အချင်းချင်းပဲ ကိုက်ကြပါလား၊ မန်ဘာကြေး ငါးဆလောက်ပေးပြီး ကြည့်မယ် အစရှိသည့် ကွန်မန့်များကို ရေးသားထားကြပြီး အဆိုပါဖြစ်စဉ်အပေါ် လူမှုကွန်ရက်အသုံးပြုသူများမှ ဝေဖန်မှုများ လုပ်ဆောင်နေကြသည်ကိုလည်း တွေ့ရသည်။

ယင်းဗီဒီယိုကြောင့် ယခုလိုဝေဖန်ပြစ်တင်မှုများ မြင့်တက်နေသော်လည်း ဖေဖော်ဝါရီ ၁၄ရက်က ခွေးနှစ်ကောင်ကိုက်သည့်ပွဲ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ကြည့်ရှုလိုသူများအတွက် မက်ဆင်ဂျာဂရုဖွဲ့ပေးမည်ဖြစ်ကာ ဂရုဝင်ကြေးပေး၍ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အလောင်းအစားလည်း ပြုလုပ်နိုင်ကြောင်း ၎င်း၏ Thu Yeinn အကောင့်မှ ဆက်လက်ကြော်ငြာထားသည်။

“ပွဲဖြစ်မြောက်ဖို့ နှစ်ဦးနှစ်ဖက် သဘောတူစီစဉ်ပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ပထမဆုံးပြည်တွင်းတွဲဆိုင်းဖြစ်လို့ ဒီပွဲကိုမကြည့်လိုက်ရရင် ရင်နာစရာ နှမြောစရာကောင်းမှာကြောင့် လက်လွှတ်မခံသင့်ပါဘူး။ ကြည့်ရှုလိုသူများ စာရင်းကြိုတင်သွင်းကြပါ။ မက်ဆင်ဂျာဂရုရှိပါတယ်။ အဖွဲ့ဝင်ကြေး ရှိပါမယ်။ ကြည့်ရှုသူအချင်းချင်း အပျော်တမ်းလောင်းကြေးထပ်ခွင့်ပေးပါမယ်”ဟု ရေးသားကြော်ငြာထားသည်။

ရေးသားသူ – Mizzima – News in Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။