နှလုံးရောဂါဖြစ်ပေါ်စေသော အကြောင်းများ နှင့် ကာကွယ်ကုသပုံနည်းလမ်းများ

Health

နှလုံးရောဂါဖြစ်ပေါ်စေသော အကြောင်းများ နှင့် ကာကွယ်ကုသပုံနည်းလမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှလုံးရောဂါဖြစ်ပေါ်စေသော အကြောင်းများ နှင့် ကာကွယ်ကုသပုံနည်းလမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှလုံးရောဂါဖြစ်ပေါ်စေသော အကြောင်းများ နှင့် ကာကွယ်ကုသပုံနည်းလမ်းများ
စိတ်ဖိစီးမှုများခြင်း

ကနေဒါပညာရှင်များရဲ့ လေ့လာချက်များအရ စိတ်ညစ်ခြင်း၊စိုးရိမ်ပူပန်မှုများခြင်းနဲ့စိတ်ဖိစီးခြင်းတို့ကြောင့် နှလုံးဆီသို့သွေးထောက်ပံ့မှုကို ထိခိုက်စေပါတယ်။ဒါကြောင့် နှလုံးရောဂါရှိသူတွေကို စိတ်ဖိစီးမှုမဖြစ်အောင် နေထိုင်ခိုင်းတာဖြစ်ပါတယ်။

လေကောင်းလေသန့်မရခြင်း

လူ၁၆၀၀၀ကျော်ကိုလေ့လာရာမှာ လေဆိုးတွေရှူရှိုက်ရသူတွေမှာ ပြင်းထန်တဲ့နှလုံးရောဂါကို ရနိုင်တယ်လို့တွေ့ရှိထားပါတယ်။ လေထုညစ်ညမ်းသောမြို့ပြနေလူများထက် ကျေးလက်နေလူများက နှလုံးကျန်းမာရေးပိုကောင်းတာတွေ့ရပါတယ်။

ဒေါသဖြစ်ခြင်း

စစ်ဒနီတကသိုလ်ရဲ့လေ့လာချက်အရအပြင်းအထန်ဒေါသထွက်ပြီးနောက်၂နာရီအကြာမှာ သာမန်အချိန်ထက် ရုတ်တရက်နှလုံးထိခိုက်မှုဖြစ်ပွားနှုန်း ၈.၅ဆများပြားတယ်ဆိုပါတယ်။ ဖြစ်ပွားသောအကြောင်းရင်းအများစုမှာ မိသားစုနဲ့စကားများခြင်း၊လုပ်ငန်းခွင်တွင်ဒေါသဖြစ်ခြင်း၊ကားမောင်းစဉ်စိတ်ဖိစီးခြင်းတို့ဖြစ်ပါတယ်။

အရက်နဲ့ဆေးလိပ်အလွန်အကျွံသောက်ခြင်း

အရက်အလွန်သောက်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်းကို ၂ဆမြင့်တက်စေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်း ၃ဆမြင့်တက်စေပါတယ်။

အသက်၅၀ကျော်အရွယ် ဆေးလိပ်သောက်သူအမျိူးသားများအနေနဲ့သွေးတိုးဆီးချိူရောဂါပါရှိနေပါကနှလုံးရောဂါကြောင့်thayဆုံးဖို့ အလားအလာများပါတယ်။

ရာသီဥတုအေးခြင်း

ကနေဒါနိုင်ငံမှပညာရှင်များရဲ့ ၆နှစ်ကြာလေ့လာချက်အရ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်ကျဆင်းလေ နှလုံးရောဂါများအနက် အပြင်းထန်ဆုံးဖြစ်သော နှလုံးကြွက်သားသွေးမရသောနှလုံးရောဂါဖြစ်နှုန်း ၇ရာနှုန်းမြင့်လေဖြစ်ပါတယ်ဒါကြောင့်နှလုံးရောဂါဖြစ်နိုင်ချေရှိသူများအနေနဲ့ ရာသီဥတုအေးချိန် အပြင်မထွက်သင့်ပါဘူး။

ညအိပ်မပျော်ခြင်း

နော်ဝေးပညာရှင်တို့ရဲ့လေ့လာချက်အရ ညအိပ်မပျော်သူများမှာ နှလုံးရောဂါဖြစ်နိုင်ချေ ၄၅ရာနှုန်းထိ မြင့်မားတယ်လို့ဆိုပါတယ်။

အဆီများသောအစာများစားခြင်းနှင့်အဝလွန်ခြင်း

အဆီများသောအစာများစားခြင်းကြောင့် သွေးထဲမှာ မကောင်းသောကိုလက်စထရောများစုပုံရာမှ နှလုံးသွေးကြောကျဉ်းရောဂါနဲ့နောက်ဆက်တွဲဆိုးကျိူးများကိုဖြစ်စေပါတယ်။ အဝလွန်သူများအနေနဲ့လဲ ကျန်းမာရေးနဲ့ညီညွတ်သောစားသောက်နေထိုင်မှုပုံစံကိုလိုက်နာပြီး လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်ဝိတ်ချသင့်ပါတယ်။

သွေးတိုး ရောဂါနဲ့ ဆီးချိူရောဂါ

သွေးတိုး ဆီးချိူနဲ့နှလုံးရောဂါဟာ ဆက်စပ်နေတာမို့ သွေးတိုးရောဂါရှိသူများအနေနဲ့ သွေးညှိဆေးပုံမှန်သောက်ပေးခြင်းဖြင့် မိမိသွေးပေါင်ချိန်ကိုပုံမှန်ထိမ်းချူပ်နိုင်ဖို့ လိုအပ်ပါတယ်။

ရေးသားသူ – shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။