သရုပ်ဆောင်ဒါရိုက်တာ သီဟတင်စိုး နှလုံးရောဂါနဲ့ ကွယ်လွန်

Celebrity

သရုပ်ဆောင်ဒါရိုက်တာ သီဟတင်စိုး နှလုံးရောဂါနဲ့ ကွယ်လွန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သရုပ်ဆောင်ဒါရိုက်တာ သီဟတင်စိုး နှလုံးရောဂါနဲ့ ကွယ်လွန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ဒါရိုက်တာ သီဟတင်စိုး နှလုံးရောဂါနဲ့ ကွယ်လွန်

 

သရုပ်ဆောင်ဒါရိုက်တာ သီဟတင်စိုးဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ သင်္ဃန်းကျွန်းဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ ရုပ်ရှင်အစည်းအရုံးထံက သိရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့လည်း သရုပ်ဆောင်ဦးအေးကြူလေးက ရေးသားထားပါတယ်။

သီဟတင်စိုးကွယ်လွန်သွားတဲ့အတွက် ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းရကြောင်း သရုပ်ဆောင် ဝေဠုကျော်ကလည်း လူမှုကွန်ရက်မှာရေးသားထားပါတယ်။
သီဟတင်စိုးဟာ ‘တိုက်ပွဲခေါ်သံ’၊ ‘ငရဲသား’ စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့ပြီး ငရဲသား ဇာတ်ကားနဲ့ အဓိကသရုပ်ဆောင်ဆုကိုရော ဒါရိုက်တာဆုကိုပါ ၂၀၀၀ ပြည့်နှစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။

၄င်းရဲ့ ဇနီးဖြစ်သူအကယ်ဒမီဇင်မာဦးကတော့ အသက် ၅၁ နှစ်အရွယ်မှာ အဆုတ်ကင်ဆာရောဂါနဲ့ ၂၀၂၁ ခုနှစ် မတ်လမှာ ကွယ်လွန်ခဲ့ပြီးဖြစ်ပါတယ်။


ဒါ့အပြင် ဗီဒီယိုခေတ်ဦးကစလို့ တော်လှန်ရေး ဇာတ်ကားများစွာ ရိုက်ကူးအောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူနဲ့ တော်လှန်ရေးဇာတ်ကားတွေက ခွဲမရတဲ့အထိ နယ်ရော မြို့ပေါ်ပရိသတ်တွေကပါ ကြိုက်နှစ်သက်အားပေးမှုကို ရရှိခဲ့တဲ့ ဝါရင့်မင်းသားကြီးလည်း ဖြစ်ပါတယ်။

သီဟတင်စိုးရဲ့ ညီတစ်ဦးဖြစ်တဲ့ ဒါရိုက်တာဉာဏတင်စိုးဟာလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလက နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
သရုပ်ဆောင် သီဟတင်စိုး ကောင်းရာ သုဂတိလားပါစေ လို့ ဆုတောင်း မေတ္တာပို့သ ပေးလျက် …

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။