၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( July 17 to July 23 )
========================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ ရိုးရှင်းသော လေ့ကျင့်ခန်းများ အပြင် နေ့စဉ် လမ်းလျှောက်ပေးပါ။

ဤကာလအတွင်း ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ အထူးဂရုစိုက်ပေးပါ။ ငွေကြေး ဆုံးရှုံးမှုနှင့် အတူ ပစ္စည်ဥစ္စာများ ပျောက်ဆုံးနိုင်ဖွယ် ရှိနေပါတယ်။

မိမိ၏ အလုပ်ကိစ္စအပြင် မိသားစုအတွက် အချိန်ပေးနိုင်အောင် ကြိုးစားပါ။

ပြိဿရာသီခွင် – Taurus ( July 17 to July 23 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကိုယ်ခံအား ကောင်းမွန်စေသော အစားအစာများကို စားသုံးပေးပါ။ အ‌အေးမိ ဝေဒနာများ ခံစားရတတ်ပါတယ်။ဒါ့အပြင် ဖုန်ထူထပ်သော နေရာဒေသသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရား ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး အခွင့်အလမ်းများနှင့် အတူ အမြတ်အစွန်း မြင့်မားနေပါမယ်။

ယခုအပတ်တွင် အချစ်ရေးနှင့် ပက်သက်၍ မိသားစုဝင်များအကြား ငြင်းခုံနေရတတ်ပါတယ်။ ဒါကြောင့် အထင်အမြင် လွဲမှားစေနိုင်သော ကိစ္စရပ်များကို တတ်နိုင်သမျှ သတိထားပေးပါ။

မေထုန်ရာသီခွင် – Gemini ( July 17 to July 23 )
========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် အစားအသောက်နှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် အချိုဓာတ်များသော အစားအစာများကို လျော့စားသုံးပေးပါ။

ယခုအပတ်တွင် ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ ချေးငွေများ ပြန်လည်ရရှိဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ရင်းနှီးမြုပ်နှံမှုမှ ဝင်ငွေရရှိနိုင်သည့် အလားအလားများ ရှိနေပါတယ်။

ဤကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။ မဟုတ်ပါက မိသားစု၏ အေးချမ်းမှုကို ထိခိုက်စေကာ ဆက်ဆံရေးအပေါ် ဆိုးကျိုး သက်ရောက်စေနိုင်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( July 17 to July 23 )
========================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် စိတ်ဓာတ် ကျဆင်းခြင်း၊ စိတ်ဖိစီးမှုများကို ခံစားနေရတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ အဆိုးမြင် အတွေးများကို ဖယ်ဖျောက်ပေးပါ။

ငွေရေးကြေးရေး အရ ယခုအပတ်တွင် ပိုမိုကောင်းမွန်နေပါမယ်။ အိမ်ထောင်ဖက် မိသားစု သို့မဟုတ် ဘိုးဘွားပိုင်ပစ္စည်းများမှ ရုတ်တရက် အကျိုးခံစားခွင့် အချို့ ရရှိခံစားရတတ်ပါတယ်။

စိတ်ခံစားချက် ပြင်းထန်သော အချိန်ကာလဖြစ်၍ အပြောအဆိုနှင့် ပက်သက်၍ ဂရုပြုရပါမယ်။ အထူးသဖြင့် မိမိ၏ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူရှေ့တွင် စကားလုံးများကို သေချာ ရွေးချယ်ရပါမယ်။

သိဟ်ရာသီခွင် – Leo ( July 17 to July 23 )
========================================

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ အလုပ်များကို တက်တက်ကြွကြွနှင့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှု အားကောင်းနေပါမယ်။

ငွေကြေး‌အားဖြင့် ဝင်ငွေ‌ ကောင်းမွန်နေနိုင်သလို အထွက်ငွေလည်း ကြမ်းနေတတ်ပါတယ်။ အထူးသဖြင့် ယခုသီတင်းပတ် အကုန်တွင် ငွေကြေး ပိုမိုသုံးစွဲရတတ်ပါတယ်။ ငွေရေးကြေးရေး အားကောင်းလာစေရန် ရရှိလာသော အခွင့်အလမ်းတိုင်းကို အကောင်းမွန်ဆုံး အသုံးချပေးပါ။

ဤကာလအတွင်း ဝတ်စားဆင်ယင်မှုနှင့် ပက်သက်၍ သတိထားပေး ရပါမယ်။ မိသားစုဝင်များ အကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( July 17 to July 23 )
========================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်ပေမယ့်လို့ အလေးထား ဆောင်ရွက်ပေးရပါမယ်။ ယောဂကျင့်ခြင်းနှင့် လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။ အစိမ်းရောင် အသီးအရွက်တွေကို တတ်နိုင်သမျှ စားသုံးပေးပါ။

ဤကာလအတွင်း ငွေကြေး အကုန်အကျ များတတ်၍ သတိထား သုံးစွဲပေးရပါမယ်။

အကယ်၍ မိသားစုဝင် တစ်ဦးသည် ကျန်းမာရေးနှင့် ပက်သက်၍ ဝေဒနာ ခံစားနေရပါက အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါမယ်။ အိမ်တွင်းရေးကိစ္စများ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

တူရာသီခွင် – Libra ( July 17 to July 23 )
========================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေး အေးချမ်းမှုနှင့် အတူ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု ရှိနေပါလိမ့်မယ်။

ငွေကြေးအရ ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ ဘဏ္ဍာရေး အခြေအနေ အ‌ဆင်ပြေနေမည့် အနေအထားတွင် ရှိနေပါမယ်။ ဒါ့အပြင် ပိုင်ဆိုင်မှု သို့မဟုတ် မြေယာနှင့် ပတ်သက်သည့် ဥပဒေရေးရာ ကိစ္စများတွင်လည်း အောင်မြင်မှုကို ရရှိနိုင်ပါမယ်။

ဤကာလအတွင်း ဧည့်သည် သို့မဟုတ် ဆွေမျိုးများသည် မိမိနေအိမ်သို့ လာရောက် လည်ပတ်နိုင်ပါတယ်။ မိသားစုအတွင်း ပျော်ရွှင်မှုရှိကာ အထီးကျန်နေရမည် မဟုတ်ပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( July 17 to July 23 )
========================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ပြဿနာဟောင်းများကို ဖယ်ရှားနိုင်ပြီး ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် ကိုယ်လက်လှုပ်ရှားမှုနှင့် အတူ နေ့စဉ် ပုံမှန် လမ်းလျှောက်‌ပေးပါ။

ငွေကြေး အခြေအနေ အားကောင်းနေပါမယ်။ ‌ငွေကြေး အခွင့်အလမ်းများ အပြင် ငွေကြေး စုဆောင်းမှုကိုပါ ပြုလုပ်နိုင်ပါမယ်။ ငွေကြေး သုံးစွဲမှုနှင့် ပက်သက်၍ အကန့်အသတ် ထားရှိပေးပါ။

ဤကာလအတွင်း မိသားစုရေးရာ ဆုံးဖြတ်ချက်များ ချမှတ်ရတတ်ပါတယ်။ လိုအပ်သော ပံ့ပိုးကူညီမှုများကို ရရှိနိုင်ပါမယ်။

ဓနုရာသီခွင် – Sagittarius ( July 17 to July 23 )
========================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။ အထူးသဖြင့် ခရီးဝေး သွားလာခြင်းကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအရ ကုန်ကျစရိတ်များ တိုးလာနိုင်ပါမယ်။ သို့သော် တစ်ချိန်တည်းမှာပင် ဝင်ငွေ ကောင်းမွန်နေမည် ဖြစ်သောကြောင့် ဘဏ္ဍာရေး အခြေအနေကို ထိန်းသိမ်းနိုင်ပါမယ်။

မိသားစုအတွင်း သက်တောင့်သက်သာ ရှိနေပါမယ်။ မိမိတတ်နိုင်သမျှ မိသားစု၏ ကောင်းကျိုးအတွက် စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးပါ။

မကာရရာသီခွင် – Capricorn ( July 17 to July 23 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုကြောင့် ကျန်းမာရေး ပြဿနာအချို့ ခံစားရတတ်ပါတယ်။ ငွေကြေး လမ်းကြောင်းသစ်များ ပေါ်ပေါက်လာဖွယ် ရှိနေပါတယ်။

သို့သော် အလျင်စလို ဆုံးဖြတ်ချက်များ မချမှတ်ပါနှင့်။ ရင်းနှီးမြုပ်နှံမှု အသစ်များ ပြုလုပ်လိုပါက အကြောင်းအရာများကို အသေချာ ဆန်းစစ်ပါ။

ဤကာလအတွင်း နှုတ်ကတိစကားနှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။ အမြဲလိုလို အခြားသူများ၏ဆန္ဒကို ဖြည့်ဆည်းပေးခြင်းက ဒုက္ခရောက်စေနိုင်ပါတယ်။ ဒါကြောင့် မိမိ၏ လုပ်ငန်းတာဝန်အား ထိခိုက်မှု မရှိမှသာ ကူညီဆောင်ရွက်ပေးပါ။

ကုမ်ရာသီခွင် – Aquarius ( July 17 to July 23 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကျန်းမာရေး ဝေဒနာများ ကြုံတွေ့ရမည် မဟုတ်ပေ။ သို့သော် ကိုယ်လက်လှုပ်ရှားမှုနှင့် အတူ အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးရန် အကြံပြုလိုပါတယ်။

ယခင်က အိမ်ခြံမြေနှင့် ပတ်သက်သည့် ငွေပေးငွေယူ ပြုလုပ်ခဲ့ပါက ယခုသီတင်းပတ်တွင် အပြီးသတ်နိုင်ဖွယ် ရှိနေပါတယ်။

သို့သော် မိသားစုရေးရာ ကိစ္စရပ်များ အတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။ မိသားစုဝင်များ အကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိင်ပါမယ်။

မိန်ရာသီခွင် – Pisces ( July 17 to July 23 )
========================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အနည်းငယ် အားစိုက်ပေးရပါလိမ့်မယ်။ ရာသီပေါ် ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်ပါ။

ငွေရေးကြေးရေးအရ ကံတရားသည် အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် ကုန်ကျစရိတ် ပိုမိုများပြားလာဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပါလိမ့်မယ်။ မိသားစုဝင်များနှင့် အတူ လူမှုဆက်ဆံရေး လှုပ်ရှားမှုများ ပြုလုပ်ရတတ်ပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။