သူသွားမယ့်အနာဂါတ် လမ်းထဲ ကိုယ့်ကိုလက်တွဲခေါ်သွားဖို့တွေးထားရဲ့လား

Astrology

သူသွားမယ့်အနာဂါတ် လမ်းထဲ ကိုယ့်ကိုလက်တွဲခေါ်သွားဖို့တွေးထားရဲ့လား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူသွားမယ့်အနာဂါတ် လမ်းထဲ ကိုယ့်ကိုလက်တွဲခေါ်သွားဖို့တွေးထားရဲ့လား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင့်ရဲ့ စိတ်ကို ခဏလောက် ရှင်းရှင်းထားပီးမှ
မျက်လုံးထဲမှာ ပေါ်လာတဲ့ ပုံလေး (၁) ပုံကို ပဲရွေးပါ
ပုံလေးတွေရဲ့ အောက်မှာအဖြေကို တခါတည်း
ရေးပေးထားတယ်
General Reading ဖြစ်တဲ့ အတွက် အားလုံးနဲ့
ကိုက်ညီ နေရမယ်လို့ မဆိုလိုပါ

Card 1

Card 2

Card 3

Card 4

 

 

 

Card 1

သူ သင့်အတွက် လေးလေးနက်နက်တွေးထားပါတယ် အနာဂါတ်လမ်းကို လျှောက်ဖို့ သင့်လက်လေးတွေကို တွဲထားချင်တာ သူ့ရဲ့ စိတ်ကူးအိမ်မက်ပါပဲ သင်ပေးတဲ့အချစ်က သူ့အတွက်တော့ romantic ဆန်လွန်းနေတာ သူ့ဘေးနားမှာသင်ရှိရင် ပျော်ရွှင်မှု အပြည့်ဖြစ်နေတာတွေကြောင့် လက်လွှတ်ဖို့ မတွေးထားပါဘူး သင့်ရဲ့အချစ်တွေ အမြဲ တမ်းသူ့အတွက် ဖြစ်အောင်လို့ သင်စိတ်မညစ်အောင် သူကြိုးစားရှာဖွေအားထုတ်ရအုံးမယ် သူတွဲခေါ်မယ့်ဘဝခရီးထဲ သင့်ကို မျက်နှာမငယ်စေချင်ဘူးဆိုတဲ့ လေးနက်တဲ့အတွေးလေးတွေသူ့မှာရှိနေပါတယ်

Card 2

သူ့အပေါ် အများကြီး မျှော်လင့်ထားပီး သူ့အနာဂါတ်ထဲမှာ သင်ပါဝင်ချင်ပေမယ့် သူ့စိတ်က သင့်အပေါ် အပြည့်အဝ ပေးထားမျိုးမဟုတ်ဘဲ လေ့လာနေဆဲ ဆိုတဲ့ အနေအထားတွေဖြစ်နေတတ်ပါတယ် သင်ပေးတဲ့အချစ်ကိုလဲ အပြည့်အဝ လက်ခံမယူဘဲ သိပ်ဂရုမစိုက်သလို အနေအထားမျိုးတွေ သူဖန်တီးနေတတ်ပါတယ် ချစ်တာကချစ်တာ ဘဝ က ဘဝ တခြားစီပဲ အကောင်းဆုံးတွေကို ဖန်တီးဖို့ ကြိုးစားရအုံးမယ် ရွေးချယ်စရာအသစ်တွေ ထပ်ပေါ်လာအုံးမှာပဲ ဆိုတဲ့စိတ်သူ့မှာရှိနေပါတယ် သင့်အပေါ် သူအရမ်းစိတ်နှစ်ပီးချစ်မိသွားရင် သူ့ဘဝဒီမှာပဲလမ်းဆုံးသွားတော့မှာဆိုတဲ့အတွေးတွေရှိနေသူပါ တဘဝလုံးစာ ကိုယ့်ကိုလက်တွဲဖို့ထိ သူမတွေးထားပါဘူး

Card 3

သူနဲ့သင်ဟာ တကယ်တော့ မိုးနဲ့မြေလို ကွာခြားပါတယ် အချိန်တန်ရင် ဆန့်ကျင်ဘက် အရပ်ကို မျက်နှာမူပီး တယောက်တလမ်းစီ လျှောက်ရမှာ သေချာနေပါတယ်ဆိုတဲ့ အတွေးတွေ သူ့ခေါင်းထဲ အမြဲရောက်နေတာမျိုးပါ သင်က ထားခဲ့မှာ သူပဲ ကျန်ခဲ့ရမှာ ဆိုတဲ့ အမြင်အတွေး တွေ အမြဲရှိနေပီး လတ်တလော သင်ချစ်ပေးနေတာကပဲ သူ့အတွက် ဆုလာဘ်တခုလို့ သတ်မှတ်ထားတာပါ သူ့ဘဝထဲ သင့်ကို ဆွဲခေါ်ဖို့ထိ မတွေးထားပါဘူး အရာရာကို တွေးပီးစိတ်အားငယ်နေတာက သူနဲ့ကိုယ်ဝေးစေတဲ့အကြောင်းအရာတွေတောင်ဖြစ်လာနိုင်ပါတယ် သူ့ဘဝလမ်းထဲ သင်ကိုယ်တိုင်ရော တူတူလျှောက်ပေးနိုင်ရဲ့လားဆိုတာပြန်သုံးသပ်ကြည့်ပါ

Card 4

သင်က သူ့ဘဝကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ သူတယောက် သင်သာ အနားမှာ တူတူရှိပေးမယ်ဆိုရင်အနာဂါတ်က လှနေမှာသေချာတယ်ဆိုတဲ့ အတွေးစိတ်ကူးတွေ သူ့မှာရှိနေပါတယ် သင်အနားမှာရှိနေတာ ကောင်းချီးတခု လို့ သတ်မှတ်ထားပီး သင်ချုပ်ချယ် သဝန်တို သံသယများတာတွေနဲ့ သူ့ကို စိတ်မချဖြစ်နေတာတွေတောင်မှ သင်ချစ်လွန်းလို့ သည်လို အပြုအမူလေးတွေ ဖြစ်နေတာ ချုပ်ချယ်ပါစေ သဝန်တိုပါစေဆိုတဲ့ ချစ်စိတ်နဲ့ အမြဲ ကြည့်နေတဲ့သူတယောက်ပါ သင့်ကို သူ့ဘဝရဲ့ လိုအပ်ချက်လေးတခုလို့တွေးထားပီး ဘယ်တော့မှ အဆုံးရှုံးမခံဖို့ တွေးထားတာပါ ဒါကြောင့်သင်လဲ သူ့ကို အရမ်းရစ်တာ စိတ်မချတာ တွေသံသယတွေကို တတ်နိုင်သလောက်လျှော့ချပါ

ရေးသားသူ – Athena reads the Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။