၇၄ နှစ်ကျော်ကြာ စစ်တပ်မရှိတဲ့ ကော်စတာရီကာနိုင်ငံ

International News Knowledge
၇၄ နှစ်ကျော်ကြာ စစ်တပ်မရှိတဲ့ ကော်စတာရီကာနိုင်ငံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၇၄ နှစ်ကျော်ကြာ စစ်တပ်မရှိတဲ့ ကော်စတာရီကာနိုင်ငံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၇၄ နှစ်ကျော်ကြာ စစ်တပ်မရှိတဲ့ ကော်စတာရီကာနိုင်ငံ

Costa Rica | History, Map, Flag, Climate, Population, & Facts | Britannica

ကော်စတာရီကာနိုင်ငံမှာ စစ်တပ်မရှိတာ ၇၄ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။
1948 ခုနှစ်တွင် ရက်ပေါင်း 40 သာကြာသော တော်လှန်ရေးတစ်ခုဖြစ်ပွားခဲ့ပြီး၊ ကော့စတာရီကန်စစ်တပ်ကို ညွှန်ကြားသည့် Teodoro Picado ဦးဆောင်သော တရားမ၀င်အစိုးရကို ဆန့်ကျင်သည့် Jose Figueres ဦးဆောင်သော အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Jose Figueres)တို့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

 

Picado ကနောက်ဆုံးမှာတော့ lat nat ကိုင်ပဋိပက္ခကို တရားဝင်အဆုံးသတ်နိုင်ဖို့ မက္ကဆီကိုသံရုံးရဲ့ သဘောတူညီချက်ကို ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခြင်းဖြင့် Figueres ထံ လက်နက်ချခဲ့သည်။ လွတ်လပ်သောနိုင်ငံအဖြစ် ကြေငြာပြီးနောက် ကော်စတာရီကန်သမိုင်းတွင် သွေးထွက်သံယိုအပြင်းထန်ဆုံးပြည်တွင်းစစ်တွင် လူပေါင်း ၂၀၀၀ ကျော် thayဆုံးခဲ့ပါတယ်။ပြည်တွင်းစစ်အပြီး အာဏာရလာတဲ့ သမ္မတ ဟိုဆေးဖစ်ဂါရက်စ်ဖာရာက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာ စစ်တပ်ကို ဖျက်သိမ်းခဲ့ပြီး စစ်တန်းလျားတွေကို ကော်စတာရီကာတက္ကသိုလ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ကော်စတာရီကာနိုင်ငံမှာ စစ်တပ်မရှိတာ ၇၄ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ စစ်တပ်အသုံးစရိတ်ကို ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ အမျိုးသားရေးနဲ့ ယဉ်ကျေးမှုထိန်းသိမ်းရေး ကဏ္ဍတွေအတွက် ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ဗဟိုအမေရိက အလယ်ပိုင်းမှာရှိတဲ့ ကော်စတာရီကာနိုင်ငံဟာ နိုင်ငံရေးနဲ့ စီးပွားရေး အတည်ငြိမ်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ချမ်းသာကြွယ်ဝပါတယ်။ လွတ်လပ်စွာ စီးပွားရေးလုပ်နိုင်တဲ့ အညွှန်းကိန်းအရ ကမ္ဘာ့အဆင့် ၅၅ ရှိပြီး ဒေသတွင်း ၃၂ နိုင်ငံအနက် အဆင့် ၁၀ ချိတ်ပါတယ်။

Cheap Flights from Niagara Falls to Costa Rica - KAYAK

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၁ ရက်နေ့ရောက်ရင် အမျိုးသားပြတိုက်ရှေ့မှာ စစ်တပ်ဖျက်သိမ်းရေး နှစ်ပတ်လည်နေ့ အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။

Ethnic Groups of Costa Rica - WorldAtlas

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။