သုတ်လွှတ်အားနည်းခြင်းအတွက် သင်္ဘောလက်ပံ ( လဲမှို့ပင်)

Health Knowledge
သုတ်လွှတ်အားနည်းခြင်းအတွက် သင်္ဘောလက်ပံ ( လဲမှို့ပင်)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သုတ်လွှတ်အားနည်းခြင်းအတွက် သင်္ဘောလက်ပံ ( လဲမှို့ပင်) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သုတ်လွှတ်အားနည်းခြင်းအတွက် သင်္ဘောလက်ပံ ( လဲမှို့ပင်)

သင်္ဘောလက်ပံဟာ ပင်စည်ရော အရွက်ရောပါ အစိမ်းရောင်ရှိကြပါတယ်။ ပင်စည်ဟာ ထိခိုက်ဒဏ်ရာ ရရင် အစေးထွက်ပါတယ်။ ထွက်ခါစက အဖြူရောင်ဖြစ်ပေမယ့် လေနဲ့ဓာတ်ပြုလိုက်တဲ့အခါ အနီရောင် ပြောင်းသွားပါတယ်။

အများအားဖြင့် အစေးကို အနီရောင်အနေနဲ့ပဲ မြင်တွေ့နိုင်ပါတယ်။

အသီးများကတော့ ကြီးထွားဖွံ့ဖြိုးကြပါတယ်။ အဖြူရောင် ပန်းပွင့်ကလေးများကတော့ လက်ပံပွင့်လို မကြီးမားပါဘူး။ သေးငယ်ကြပါတယ်။

တိုင်းရင်းဆေးပညာမှာ

” ၎င်းလက်ပံပင် အငယ်များ၏ အမြစ်နုများသည် ဆီးရွှင်စေ၏၊ အားအင်ပွားများစေ၏၊ ကာမအားတိုး၏၊

၎င်းအပင်ကြီးမှ ထွက်သောအစေးသည် သွေးချုပ်၏၊ ဆီးနည်းပါးစေ၏၊ အားကိုဖြစ်စေ၏၊ ၎င်းလက်ပံ၏ အရွက်နုသညါ နူးညံ့သောဂုဏ်ရှိ၏၊ ချုပ်၏၊

၎င်းမြစ်သည် မေထုန် လွန်ကျူးသဖြင့်၎င်း၊ သုက်ဓာတ်နှင့်ပတ်သက်၍ အလွန်မောပန်းခြင်းကို၄င်း ပယ်ဖျောက်တတ်၏၊

၎င်းလက်ပံမြစ်အနုသည် ရေဖဉ်းရောဂါကို၎င်း၊ ရောင်ဖောခြင်းကို၎င်း၊ အမြစ်ကိုသုံးစွဲပါက ဆီးရွှင်လန်းလျက်ရေဖျဉ်းနှင့် ရောင်ဖောခြင်စ ကျဆင်းကုန်၏၊

အရွက်နုကိုကြိတ်၍ ညောင်းကျရောဂါသည်များကို ကျွေးမူ များစွာအကျိုးရှိ၏။

အချို့ကလေးများသည် ညအိပ်သောအခါတွင် အိပ်ရာတွင်း၌ သေးပေါက်လေ့ရှိကုန်၏၊ ထိုသေးပေါက်ခြင်းရပ်စဲရန် ၎င်းလက်ပံအစေးကို တစ်နှစ်သား ၄-ရွေး မှ ၈-ရွေး အထိ ကျွေးလျှင် အိပ်ရာတွင်း သေးပေါက်ခြင်းပျောက်ကင်း၏။ ဆိုပြီးတော့ ဖော်ပြထားပါတယ်။

အဖုအကျိတ် ကိန္နရာနာ နာလို့ ကိုက်လို့ အော်နေရတဲ့ သူတွေအတွက် လဲမှို့ပင် အရွက်ကို ညက်နေအောင် ကြိတ်ပြီး အုံပေးထားလိုက်ပါ။

မနှေး မြန်မကြာ အဖုပေါက်လို့ ပြည်နဲ့ သွေးပုပ်တွေထွက် ပျောက်ကင်းပေလိမ့်မည်။

တိုင်းရင်းဆေးပညာမှာ တန်ဖိုးများပေမယ့် ကျွန်တော်တို့ဒေသမှာ တန်ဖိုးမရှိတာ သနားစရာပါ။

ကျွန်တို့တို့ ဆီမှာ အသီးကထွက်တဲ့ အမျှင်ကို ခေါင်းအုံး၊ မွေ့ယာထဲထည့်တာထက် မပိုပါဘူး။

တစ်ချို့က အပွင့်၊ အသီးနု ဟင်းချက်စားကြတယ် ဆိုပေမယ့် ဒါက ရှားပါးတယ်။ ပေါက်ပန်းလေးဆယ်တွေကို ချက်စားနေတယ်ပဲ ထင်ကြပါတယ်။ အပင်ဆိုရင်လည်း သစ်ပေါ့သား ဖြစ်တဲ့အတွက် ဘယ်သူမှတန်ဖိုးမထားပါဘူး။ အိမ်နားရှိလို့ အပင်ကြီးလာပြီး လွှတိုက်လို့ ရတဲ့အရွယ် ရောက်လာရင် အိမ်ရှင်ကို ခိုက်တယ်လို့ ယူဆကြတဲ့အတွက် လွှတိုက်လို့ ရမယ့်အရွယ် မရောက်ခင် ခုတ်လှဲကြရပြန်ပါတယ်။ ဘာလို့ အဲလိုယူဆလဲရင် ဒီအပင်ကသစ်သား ဟာ အရမ်းပေါ့တဲ့အတွက် ပရိဘောဂအနေနဲ့ သုံးလို့မရပါဘူး။ အဲဒီသစ်သားကို လူသေထည့်တဲ့ ခေါင်း မှာပဲ အသုံးပြုကြလို့ပါ။ နောက်ဘယ်နေရာမှမသုံးကြပါဘူး။

တိုင်းရင်းဆေးပညာမှာ တန်ဖိုးများပေမယ့် ကျွန်တော်တို့ ဒေသကတော့ တန်ဖိုးထားတာနည်းပါတယ်။

နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုတဲ့အတိုင်း သစ်ပင်လေးများကို ချစ်ခင်တန်ဖိုးထားနိုင်ကြပါစေ။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။