အမည်နာမ ညံ့၊ ခိုက် နေခဲ့လျှင် ပြင်နိုင်ရန် အတွက် ယတြာ

Astrology

အမည်နာမ ညံ့၊ ခိုက် နေခဲ့လျှင် ပြင်နိုင်ရန် အတွက် ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမည်နာမ ညံ့၊ ခိုက် နေခဲ့လျှင် ပြင်နိုင်ရန် အတွက် ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမည်နာမ ညံ့၊ ခိုက် နေခဲ့လျှင် ပြင်နိုင်ရန် အတွက် ယတြာ

အမည်ပေး မှားယွင်းခဲ့၍ အညံ့များနှင့် တိုက်ဆိုင်ကာ စိတ်ပျက် အားလျော့နေသူများ၊
စီးပွားရေးများ၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ၊ နေထိုင်ရာအရပ် စသည်တို့တွင် အတိုက်အခံ များစွာကြုံရပြီး အညံ့၊ အခိုက် များကြောင့် အဆင်ပြေမှု မရှိပဲ ခက်ခဲမှု များသာ တိုက်ဆိုင်တွေ့ကြုံ ​နေကြလျှင် အလုပ်အကိုင် စီးပွားရေးများ၊ လူမှု ဆက်ဆံရေးများ၊ အဆင်ပြေ၍ ထွန်းပေါက်အောင်မြင်ကြစေရန် အတွက် ပြုပြင်နိုင်ကြစေရန်

မိမိနှင့်မွေးနံတူ သံဃာတပါးကိုသိက္ခာထပ်ပေးခြင်း ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမ အဖြစ်ခံယူ၍ ဆွမ်း၊ ဆွမ်းဟင်း၊ သင်္ကန်း၊ ဆေး၊ နဝကမ္မ ဝတ္ထုငွေ မကြာခဏလှူပေးရပါမည်။

(ဘုရားစေတီ မွေးနံ ဂြိုဟ်တိုင်၏ အလှူခံပုံးတွင် ငွေလှူခြင်း မိမိ၏ အညွန့်နံပန်းများကို (၁)လတကြိမ်ခန့်ကပ်လှူပူဇော်နိုင်ပါသည်။)

တနင်္ဂနွေနေ့ သား၊ သမီးများ အတွက်
ဘုရားစေတီမွေးနံ ဂြိုဟ်တိုင် ထောင့်တွင် ​ပျဥ်းမ(၁၉)၊ သီဟိုဠ်(၂၁)ကံ့ကော်(၁၅)ညွန့်စီ လှူဒါန်းပေးပါ။

တနင်္လာနေ့ သား၊ သမီးများအတွက်
ဘုရားစေတီမွေးနံ ဂြိုဟ်တိုင်ထောင့်တွင် ထန်း(၁၀) ဇီး (၈) သီဟိုဠ် (၂၁)ညွန့်စီ လှူပေးပါ။

အင်္ဂါနေ့ သား၊ သမီးများ အတွက်
ဘုရားစေတီမွေးနံ ဂြိုဟ်တိုင်ထောင့်တွင် အုန်း (၆)ထန်း(၁၀)ရွက်လှ(၁၇) ညွန့်စီ လှူပေးပါ။

ဗုဒ္ဓဟူးသားသမီးများ အတွက်
ဘုရားစေတီမွေးနံ ဂြိုဟ်တိုင်ထောင့်တွင် ကံ့ကော် ​(၁၅ )ပျဥ်းမ (၁၉) အုန်း(၆) ညွန့်စီလှူပေးပါ။

ကြာသပတေးနေ့ သား၊ သမီးများအတွက်
ဘုရားစေတီမွေးနံ ဂြိုဟ်တိုင်ထောင့်တွင် ဇီး (၈) သီဟိုဠ် (၂၁) ကံကော်(၁၅) ညွန့်စီ လှူပေးပါ။

သောကြာနေ့ သား၊ သမီးများ အတွက်
ဘုရားစေတီမွေးနံ ဂြိုဟ်တိုင် ထောင့်တွင် ရွက်လှ(၁၇) ထန်း( ၁၀)ဇီး(၈) ညွန့်စီ လှူပေးပါ။

စနေနေ့ သား၊ သမီးများ အတွက်
ဘုရားစေတီမွေးနံ ဂြိုဟ်တိုင် ထောင့်တွင် ​ပျဥ်းမ (၁၉) အုန်း(၆) ရွက်လှ(၁၇) ညွန့်စီလှူပေးပါ။
(မိမိတို့၏ ဖွားဇာတာအလိုက် မရဏ အညွန့်များကို ရှောင်ရပါမည်)

မိတ်ဆွေများ ကျန်းမာ၊ ချမ်းသာ၊ အောင်မြင်ကြပါစေ

ရေးသားသူ – သူရိယ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။