တက္ကသိုလ်၀င်တန်းဖြေဆိုမယ့်မောင်မယ်များအတွက် ယတြာကောင်းများ

Astrology
တက္ကသိုလ်၀င်တန်းဖြေဆိုမယ့်မောင်မယ်များအတွက် ယတြာကောင်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တက္ကသိုလ်၀င်တန်းဖြေဆိုမယ့်မောင်မယ်များအတွက် ယတြာကောင်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တက္ကသိုလ်၀င်တန်းဖြေဆိုမယ့်မောင်မယ်များအတွက် ယတြာကောင်းများ

ကံ၏အပံ့အပိုးကြောင့် မိမိကျက်ထားသော၊ အပိုင်ရထားသော မေးခွန်းများနှင့် တည့်တည့်တိုးခြင်း၊ အမှတ်ကလေး သုံးလေးမှတ်နှင့် ပွတ်ကာသီကာ ရှုံးနိုင်သော ကျောင်းသူကျောင်းသားများအတွက် သုံး လေးမှတ်စာ အခြေအနေကောင်း ပေးလာနိုင်ခြင်း၊ အောင်မှတ်လောက်သာရမည့် ကျောင်းသားများအ တွက်လည်း အမှတ်ကောင်းလာစေနိုင်ခြင်း၊ အမှတ် ကောင်းပြီးသား ကျောင်းသားများအတွက် ဂုဏ်ထူး အခွင့်အလမ်း ပေါ်ပေါက်နိုင်ခြင်း စသည့် စသည့် အပံ့အပိုးများ ရရှိနိုင်စေမည်ဖြစ်ရာ ကံအပံ့အပိုးရရှိ စေမည့် အောက်ပါဂမ္ဘီရယတြာနည်းများကို ရေးသား လိုက်ရပါသည်။

စာမေးပွဲမနက်များတွင်ကံ၏အထောက်အပံ့ရရှိစေရန်

တနင်္ဂနွေသားသမီးများ

– ဘုရားမှာ မုန့်ဟင်းခါးလှူသွားပါ။
– မိမိကိုယ်တိုင်လည်းစား၍ ဆုတောင်းသွားပါ။

တနင်္လာသားသမီးများ

– ဘုရားမှာ နန်းကြီးသုပ် လှူသွားပါ။
– မိမိကိုယ်တိုင်လည်း စား၍ ဆုတောင်း သွားပါ။

အင်္ဂါသားသမီးများ

– ဘုရားမှာ အုန်းနို့ခေါက်ဆွဲ လှူသွားပါ။
– မိမိကိုယ်တိုင်လည်း စား၍ ဆုတောင်းသွားပါ။

ဗုဒ္ဓဟူးသားသမီးများ
– ဘုရားမှာ ကော်ဖီနှင့်ကိတ်မုန့် လှူသွား ပါ။
– မိမိကိုယ်တိုင်လည်း စားသောက်၍ ဆု တောင်းသွားပါ။

ကြာသပတေးသားသမီးများ

– ဘုရားမှာ ကြာဆံ လှူသွားပါ။
– မိမိကိုယ်တိုင်လည်း စား၍ ဆုတောင်းသွားပါ။

သောကြာသားသမီးများ

– ဘုရားမှာ ရွှေရင်အေး(သို့)စမူဆာ လှူသွားပါ။
– မိမိကိုယ်တိုင်လည်း စား၍ ဆုတောင်းသွားပါ။

စနေသားသမီးများ

– ဘုရားမှာ မုန့်လုံးရေပေါ်(သို့)ရွှေရင်အေးလှူသွားပါ။
– မိမိကိုယ်တိုင်လည်း စား၍ ဆုတောင်းသွားပါ။

ရပြီးသားစာရုတ်တရက်မေ့နေသော်ပြန်၍မှတ်မိလာစေရန်

ဇင်းဒါး*(zenda)ဟု ၇၇ ခေါက် ရွတ်လိုက်ပါ။

ဖြေလွှာပေါ်၌ စာများချ၍ရေးခါနီးတွင်“နမောတဿ ဘဂဝတော အရဟတောသမ္မာသမ္ဗုဒ္ဓဿ”ဟု သုံးခေါက် ရွတ်ဆိုလိုက်ပါလေ။

စာဖြေခန်းတွင်အသုံးပြုမည့် ခဲတံ၊ဖောင်တိန်၊ပေတံများကို
“ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ်တံယဿ န ကမ်ပတိ၊
အသောကံ ဝိရဇံ ခေမံ”ဟု ကိုးခေါက် ရွတ်ပေးပါလေ။

အညွန့်ကိုဆောင်၍အောင်ဓာတ်ရရန်

တနင်္ဂနွေသားသမီးများ

– ကံ့ကော် ၁၅ ညွန့် ဘု၇ားမှာ လှူသွားပါ။
– နှစ်ညွန့် ဆောင်သွားပါ။

တနင်္လာသားသမီးများ

– စံပယ် ရှစ်ကုံး ဘုရားမှာလှူသွားပါ။
– သုံးကုံး ဆောင်သွားပါ။

အင်္ဂါသားသမီးများ

– ရွက်လှ ၁၇ ညွန့် ဘုရားမှာလှူသွားပါ။
– လေးညွန့်ဆောင်သွားပါ။

ဗုဒ္ဓဟူးသားသမီးများ

– မေမြို့ ၁၉ ပွင့် ဘုရားမှာလှူသွားပါ။
– ငါးပွင့် ဆောင်သွားပါ။

ကြာသပတေးသားသမီးများ

– သပြေ ၂၁ ညွန့် ဘုရားမှာလှူသွားပါ။
– ခြောက်ညွန့် ဆောင်သွားပါ။

သောကြာသားသမီးများ

– နှင်းဆီ ၁၀ ပွင့် ဘုရားမှာလှူသွားပါ။
– ခုနစ်ပွင့် ဆောင်သွားပါ။

စနေသားသမီးများ

– အုန်း ခြောက်ညွန့် ဘုရားမှာလှူသွားပါ။
– တစ်ညွန့် ဆောင်သွားပါ။

စာကျက်ချင်စိတ်မရှိသော် စိတ်အားငယ်သော်

– ရင်ညွန့်တွင် ပရုပ်ဆီပူပူလိမ်း၍ ပွတ်လိုက်ပါ။ အသက်ကို ဝအောင်သတိထား၍ အနည်းဆုံး (၈)ကြိမ် ရှူသွင်းလိုက်ပါ။

– လျှက်ဆားအနည်းငယ် စတိမျှ လျက်လိုက်ပါ။

ပညာဥဏ်ကြီးမား၍မေးမြန်းသမျှ ဖြေဆိုနိုင်လိုကြောင်း ဆုတောင်းဂါထာတော်

“ဘူရိမ ပညော သိပ္ပါနံ၊
သဗ္ဗေသံ ကုသလော ဘဝေ။
ဝိသဇ္ဇေတုံ သမတ္ထောဝ၊
သဗ္ဗပုစ္ဆာနံ ဌာနသော”

(အနက်ကို အာရုံပြုရန်မှာ – မြေကြီးအထုနှင့်တူသောပညာ ရှိသည်လည်းကောင်း၊ ခပ်သိမ်းသော အတတ်မျိုးတို့၌ ကျွမ်းကျင်လိမ္မာသည် လည်းကောင်း၊ ခပ်သိမ်းသော အမေးပုစ္ဆာတို့ကို တစ်ခဏခြင်းအားဖြင့် ဖြေဆိုနိုင်ခြင်းငှာ စွမ်းနိုင်သည်လည်းကောင်း ဖြစ်ရပါလို၏။)
(ဤဂါထာတော်ကို မိမိတတ်စွမ်းသမျှ ရွတ်ဆိုပါလေ။
မှတ်ချက်။ ။ ဆေးအတွက် မလေးပါစေနှင့်။)

ရေးသားသူ – သဗ္ဗေဓမ္မာ ဇင်ယော်နီ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။