“ဘာရောင်း ချင်သလဲ ၊ ခက်နေသလား ၊ ဒါလေးများ” အရောင်းကောင်းယတြာ

Astrology
“ဘာရောင်း ချင်သလဲ ၊ ခက်နေသလား ၊ ဒါလေးများ” အရောင်းကောင်းယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”ဘာရောင်း ချင်သလဲ ၊ ခက်နေသလား ၊ ဒါလေးများ” အရောင်းကောင်းယတြာဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ဘာရောင်း ချင်သလဲ ၊ ခက်နေသလား ၊ ဒါလေးများ” အရောင်းကောင်းယတြာ


သင်သည် အကယ်၍ အိမ်ကို ရောင်းလိုသည် ။ ထို ရောင်းရသော ငွေဖြင့် သားကလေးကို နိုင်ငံခြား သို့ ပို့ ရန် ရည်ရွယ် ထား၏ ။ သို့ရာတွင် အိမ်ကို ရောင်းရခက်နေ၏ ။

ဝယ်မည့်သူ၊ ကြည့်မည့် သူမလာဘဲ ရှိနေ၏ ။ ထို့ ကြောင့် အိမ်ဖြစ်စေ ၊ ကားဖြစ်စေ ၊ ဆိုင်ဖြစ်စေ အလွယ်တကူ ရောင်းရသော ဓာတ်ရိုက် ဓာတ်ဆင် နည်းကလေးကို ဖော်ပြလိုက်ပါသည် ။

ထို နည်းကလေးသည် သင့်အတွက် များစွာ အသုံးဝင် ပေလိမ့်မည် ။ ကျွနု်ပ်တို့၏ခြံသို့ ဦးကျင်သိန်းဆိုသူ ရောက်လာပြီးလျှင် သူ၏ ကား (၁၁) စီးကို ရောင်းရန် ပြော၏ ။
ကျွနု်ပ်သည် ဤနည်းဖြင့် ဓာတ်ရိုက် ပေးရာ ၎င်း၏ ကား (၁၁) စီးသည် နောက်တစ်နေ့တွင် အကုန် ထွက်ကုန်၏ ။

ထို့ကြောင့် အကြောင်းရှိလျှင် သုံးနိုင်ရန်အတွက် ဤနည်းကို ဆရာစားမချန်ဘဲ ဖော်ပြလိုက်ပါသည် ။”ဘာရောင်းချင်သလဲ၊ ခက်နေသလား …၊ ဒါလေးများ ဒီလိုလုပ်လိုက်ပါလား ။”

တနင်္ဂနွေနံ ရောင်းလိုသော် – လောက်သေ(သို့)သရက် ။
တနင်္လာနံ ရောင်းလိုသော် – ပိတောက်(သို့) တမာ ။
အင်္ဂါနံ ရောင်းလိုသော် – သစ်အယ်(သို့)အင် သား ။
ဗုဒ္ဓဟူးနံ ရောင်းလိုသော် – နေကြာ(သို့)ဒန်းကြီး ။
ကြာသပတေးနံ ရောင်းလိုသော် – ဩဇာ ။
သောကြာနံ ရောင်းလိုသော် – ခရေ ။
စနေနံ ရောင်းလိုသော် – စိန်ပန်း ။

ဖော်ပြထားသော ပန်းဖြင့် ရောင်းလိုသော ပစ္စည်းကို လက်တညောင်း ရိုက်ပါ ။ ထွက်ထွက် ဟု အမိန့် ပြန်ပါ ။

ရေးသားသူ – ဆရာကြီးမင်းသိင်္ခ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။