ဆရာကြီး မင်းသိင်္ခ ရဲ့ ရောဂါရှာဗေဒင်တွက်နည်း ၊ကျန်းမာရေးချို့တဲ့စေသောနှစ်များ

Astrology
ဆရာကြီး မင်းသိင်္ခ ရဲ့ ရောဂါရှာဗေဒင်တွက်နည်း ၊ကျန်းမာရေးချို့တဲ့စေသောနှစ်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆရာကြီး မင်းသိင်္ခ ရဲ့ ရောဂါရှာဗေဒင်တွက်နည်း ၊ကျန်းမာရေးချို့တဲ့စေသောနှစ်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

” ရောဂါ နဲ့ လူနာ “

တခါတလေ နေမကောင်းလို့ ဆေးခန်း သွားပြ တယ် ။ ဘယ်နေရာမှာဘာရောဂါဖြစ်နေမှန်းမသိဘူး ။ နေမကောင်းတာဘဲသိတယ် ။ ဆရာဝန်ပြောသမျှ နဲ့ပဲ ခေါင်းညိတ်ရတော့မယ် ။

အဘဆရာကြီးကတော့ နေမကောင်းဘူးလို့ ဗေဒင်လာမေးတဲ့သူကပြောရင် “မင်းရောဂါက ဘယ်မှာဖြစ်တာကွ” ဟု ပြန်ပြောလေ့ရှိပါတယ် ။ အရိုးမှာဖြစ်နေတာ ၊ အကြောမှာဖြစ်နေတာ စသည်ဖြင့် နေရာအတိကျလေးနဲ့ ပြောလိုက်တယ်။မေးတဲ့သူကလည်း “မှန်ပါတယ် ဆရာကြီး”လို့ပြန်ဖြေတာ ခဏခဏ ကြားရဘူးပါတယ်ဗျာ ။

အဲဒီနည်းလေး မသိချင်ကြဘူးလား?
ရောဂါဖြစ်နေတဲ့သူက ဘယ်နေရာမှာ ဘာဖြစ်တယ်သိထားတော့ ဆေးရုံ ဆေးခန်းပြတော့ ဆရာဝန်တွေ နစ်မတွေကို ပြောပြလို့ရတာပေါ့ ။
အဲဒီလို မသိထားဘူးဆိုရင်တော့ အပြာမတွေ အနီ မတွေနဲ့ သန့်ရှင်းရေးခိုင်းသမျှ လိုက်လုပ်နေရတဲ့ဘဝ ရောက်သွားလိမ့်မယ် ။ သူတို့က သိသလို တတ်သလိုနဲ့ ငွေညစ်တာ ခံနေရတာလေ ။

ပါးစပ်ထဲရှိတာတွေသာ လျှောက်ပြောနေတာ သူတို့လည်း ဘာမှမသိ ၊ ကိုယ်ကလည်း မသိတော့ ခိုင်းသမျတွေ သာ လိုက်စစ်နေရတော့တာပေါ့လေ ….။

ဒီမှာပဲ ကုန်လိုက်မယ့်ငွေတွေ စောင့်ရတဲ့အချိန် တွေ တွေ့သမျှလူ မျက်နှာချိုသွေးရတာနဲ့ပဲ မျက်နာခွေးယက်တာ ခံရမယ့်ကိန်းဆိုတော့ ။

အဘကြီး ဗေဒဝိဇ္ဇာ ဒေါက်တာ မင်းသိင်္ခရဲ့နည်း လေးကိုသိထားတော့ မိမိဖာသာတွက်ပြီး မိမိ ရဲ့ရောဂါကိုသိထားတော့ တကယ်လိုအပ်တဲ့ နေရာမှာပဲ အကုန်ခံရတော့ ကုန်ကျစရိတ်တွေ ချွေတာနိုင်ကြတာပေါ့ဗျာ ။

ပေါက်ကရလေးဆယ် ဟောက်တဲ့ ဒဏ်ကလဲ လွတ်သွားမယ် ၊ အလကားနေ မျက်နာချိုသွေးနေရ တာလည်း သက်သာတော့ ပါးညောင်း သက်သာတာပေါ့ဗျာ ။
ဆရာကြီးမင်းသိင်္ခ ရဲ့ နည်းလေးကတော့ အဲ့ဒါတွေကို ကြိုတင် ဖြေရှင်းနိုင်အောင် ဒီနည်းလေး သိထားရင် မကောင်းဘူးးလားဗျာ ။ လူနာရဲ့ရောက်ဆဲအသက်ကိုတည် ၊ (၅)နဲ့ {×}ပါ ။ မြှောက်လဒ်ကို {၇}နဲ့ ÷ပြီး အကြွင်းကို ကြည့်ပါ ။

ကဲ !! အောက်မှာ အကြွင်းလေးတွေနဲ့ ယှဉ်ပြီး မိမိမှာ ဘာရောဂါရနေတယ် ၊ ဖြစ်နေတယ်ဆိုတာသိလာရပါ လိမ့်မယ် ။

(၁)ကြွင်းဆိုရင် = အရိုးမှာ ဖြစ်တာ ။
(၂)ကြွင်း ဆိုရင် =အကြောမှာ ဖြစ်တာ ။
(၃)ကြွင်း ဆိုရင် =အူမှာ ဖြစ်တာ ။
(၄) ကြွင်း ဆိုရင် = ဝမ်းဗိုက်မှာ ဖြစ်တာ ။
(၅) ကြွင်း ဆိုရင် =ခါးမှာ ဖြစ်တာ ။
(၆) ကြွင်း ဆိုရင် =စားမှားလို့ဖြစ်တာ ။
(၇)( သို့)၀ကြွင်း ဆိုရင် စိတ်ကြောင့်ဖြစ်နေတာ လို့မှတ်ရမယ်…တဲ့ ။

ကဲ ! ! ဒီလိုလေး ပြောပြလိုက်တော့ မသိသွားဘူးလားဗျာ ။
တွက်ကြည့်လို့ မှန်တယ်ဆိုရင်တော့ ဆရာကြီး မင်းသိင်္ခကို ကျေးဇူးတင်လိုက်ပါဗျာ ။

မည်သူမဆိုကျန်းမာရေးချို့တဲ့စေသောနှစ်များ

မည်သည့် နေ့သားသမီးမဆို ရောက်ဆဲအသက်ကိုတည် ၊ (၈)ဖြင့်{÷}လို့ ပြတ်တဲ့ နှစ်တွေမှာကျန်းမာရေး ချို့တဲ့တတ်ပါတယ် ။
မည်သည့် နေ့သားသမီးမဆို ဂြိုဟ်တစ်လုံးမှတစ်လုံးကို ကူးပြောင်းချိန်တွင် ကျန်းမာရေးချို့တဲ့တတ်ပါတယ် ။

မည်သည့် နေ့သားသမီးမဆို ရောက်ဆဲအသက်ကိုတည် (၈)ဖြင့်စားလို့ (၄) သို့မဟုတ် (၇)ကြွင်းတဲ့နှစ်တွေမှာ ကျန်းမာရေး ချို့တဲ့တတ်ပါတယ် ။
မည်သည့် နေ့သားသမီးမဆို ကောဇာမဟာဘုတ်မှာ မွေးနံဟာ မရဏမှာရောက်နေခဲ့ရင်ကျန်းမာရေး ချို့တဲ့တတ်ပါတယ် ။
မည်သည့် နေ့သားသမီးမဆို ဂြိုဟ်ဝင် ၊ ဂြိုဟ်ထွက်ခါနီးမှာ ကျန်းမာရေး ချို့တဲ့တတ်ပါတယ် ။
မည်သည့် နေ့သားသမီးမဆို အသက်(၂၆ ၊ ၃၆ ၊ ၇၂)နှစ်တွေမှာ ကျန်းမာရေး ချို့တဲ့တတ်ပါတယ် ။

ရေးသားသူ – သာထက်ဇော်မကွေး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။