စက်လေးလုံးအခါ၊ရက်ဆိုးရက်ညံ့များ ၊နေ့အလိုက်ဝတ်ဆင်ံ အသုံးပြုသင့်တဲ့ အရောင်

Astrology
စက်လေးလုံးအခါ၊ရက်ဆိုးရက်ညံ့များ ၊နေ့အလိုက်ဝတ်ဆင်ံ အသုံးပြုသင့်တဲ့ အရောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စက်လေးလုံးအခါ၊ရက်ဆိုးရက်ညံ့များ ၊နေ့အလိုက်ဝတ်ဆင်ံ အသုံးပြုသင့်တဲ့ အရောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စက်လေးလုံးအခါ

ကျွန်တော်တို့ ဗေဒင်ပညာရပ်မှာ စက်လေးလုံးအခါဆိုတာ ရှိပါတယ် ။
အဲဒီလိုစက်လေးလုံး အခါကို ဘယ်နေရာမှာအသုံးပြုရမှာလဲဆိုတော့ အရေးပေါ်ကိစ္စ တစ်စုံတရာကြုံလာရင် အသုံးပြုရမှာပါ ။

ဘယ်လိုရက်ဆိုး ရက်ညံ့မျိုးတွေကိုမျှ ထည့်တွက်စဥ်းစား တွေးတောစရာမလိုပဲ အောက်ပါအချိန်အခါအတိုင်း မိမိတို့ပြုလုပ်ဖွယ် မင်္ဂလာကိစ္စအဝဝတွေကို ဆောင်ရွက်နိုင်ကြပါတယ် ။

တနင်္ဂ​​​နွေနေ့ နဲ့ သောကြာနေ့ဆိုပါက မွန်းတည့်၁၂း၀၀နာရီအချိန်မှာ ပြုလုပ်ဆောင်ရွက်ပါ ။
တနင်္လာနေ့ နဲ့ ဗုဒ္ဓဟူးနေ့ဆိုပါကနံနက်၉း၀၀နာရီအချိန်မှာ ပြုလုပ်ဆောင်ရွက်ပါ ။
အင်္ဂါနေ့ နဲ့ ကြာသပတေးနေ့ဆိုပါကမွန်းလွဲ၃း၀၀နာရီအချိန်မှာ ပြုလုပ်ဆောင်ရွက်ပါ ။
စနေနေ့ နဲ့ ဗုဒ္ဓဟူးနေ့ဆိုပါက နေထွက်ချိန်/နေဝင်ချိန်မှာ ပြုလုပ်ဆောင်ရွက်ပါ ။

ရက်ဆိုးရက်ညံ့များ(၁) {သမားဖြူရက်}

ကျွန်တော်တို့ မြန်မာမှု ဗေဒင်ပညာရပ်မှာ”#သမားဖြူရက်” ရွေးချယ်တွက်ချက်နည်း ဆိုတာရှိပါတယ် ။ဘယ် မြန်မာလမှာမဆို (သမားဖြူရက်)လဆန်း ၊ လပြည့်ကျော်သတ်မှတ်ရက်အသီးသီးနဲ့ တိုက်ဆိုင်နေရင် မလုပ်သင့်ပါဘူး ။

တကယ်လို့ လုပ်ဆောင်ခဲ့မယ်ဆိုရင်တော့အခက်အခဲတွေ ကြုံရတတ်ပါတယ် ။ဥပမာ…ပညာ စတင်သင်ကြားမိပါက ပညာရေးကံညံ့သွားတတ်ခြင်း ၊ အရောင်းအဝယ်လုပ်မိပါက အမြတ်နည်းပြီး အရှုံးပေါ်တတ်ခြင်း ၊ ထိမ်းမြားမင်္ဂလာ ပြုလုပ်မိပါက မုဆိုးမ ဖြစ်သွားတတ်ခြင်း ၊နေအိမ်တိုက်တာ အဆောက်အဦး ဆောက်လုပ်မိပါက မီးလောင် ဆုံးရှုံးသွားတတ်ခြင်း…စတာတွေရင်ဆိုင် ကြုံတွေ့ ရတတ်ပါတယ် ။
ကဲ…ကျွန်တော်တို့လေ့လာကြည့်ကြရအောင်!!
ဘယ်မြန်မာလမှာမဆို,,,

တနင်္ဂနေနေ့လဆန်း၊လပြည့်ကျော်(၁၊၂)ရက်။
တနင်္လာနေ့လဆန်း၊လပြည့်ကျော်(၆)ရက်။
အင်္ဂါနေ့လဆန်း၊လပြည့်ကျော်(၆)ရက်။
ဗုဒ္ဓဟူးနေ့လဆန်း၊လပြည့်ကျော်(၅)ရက်။
ကြာသပတေးနေ့လဆန်း၊လပြည့်ကျော်(၃၊၄၊၆)ရက်။
သောကြာနေ့လဆန်း၊လပြည့်ကျော်(၃၊၇)ရက်။
စနေနေ့လဆန်း၊လပြည့်ကျော်(၁)ရက်။

နေ့အလိုက်ဝတ်ဆင်ံ အသုံးပြုသင့်တဲ့ အရောင်

May be an image of 1 person, standing and footwear

ကျွန်တော်တို့ မြန်မာ့ရိုးရာဗေဒင်ပညာ အယူအဆမှာ လူတိုင်းအတွက် နေ့အလိုက် ကံကောင်းစေမယ့်အရောင် ရွေးချယ်မှု ဆိုတာရှိပါတယ် ။

အဲဒီနေ့ရက်အသီးသီးမှာ သက်ဆိုင်ရာအရောင်ကိုဝတ်ဆင် ၊ အသုံးပြုမယ်ဆိုရင် မှန်ကန်ကောင်းမွန်တဲ့ လုပ်ငန်းဆောင်တာ ကိစ္စအဝဝအောင်မြင်တာမျိုးတွေနဲ့ ကံအညံ့အခိုက် ကင်းဝေးသွားတာမျိုးတွေ ရရှိပိုင်ဆိုင် စေပါလိမ့်မယ် ။
နေ့အလိုက်ဝတ်ဆင်ံ အသုံးပြုသင့်တဲ့ အရောင်တွေကို ဖော်ပြပေးလိုက်ပါတယ် ။

တနင်္ဂနွေနေ့~ အဝါရောင် ။
တနင်္လာနေ့~ အဖြူရောင် ။
အင်္ဂါနေ့~ လိမ္မော်ရောင်၊အနီရောင်၊ကြက်သွေးရောင် ။
ဗုဒ္ဓဟူးနေ့~ ငွေမင်ရောင်တောက်တောက် ။
ကြာသပတေးနေ့~ ခရမ်းရောင် ၊ အပြာရောင် ။
သောကြာနေ့~ အစိမ်းရောင် ။
စနေနေ့~ နက်ပြာရောင် ၊ အစိမ်းရောင် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။