ကလေးမိခင်များဖြစ်ပေမယ့် အပျိုတုန်းကထက် ပိုလှကြတဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးများ

Celebrity
ကလေးမိခင်များဖြစ်ပေမယ့် အပျိုတုန်းကထက် ပိုလှကြတဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေးမိခင်များဖြစ်ပေမယ့် အပျိုတုန်းကထက် ပိုလှကြတဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးများ … ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကလေးမိခင်များဖြစ်ပေမယ့် အပျိုတုန်းကထက် ပိုလှကြတဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးများ …

ကလေး တစ်ယောက်ကို ဂရုတစိုက်နဲ့ သေသေချာချာ ပြုစုပျိုးထောင် ဖို့ဆိုတာ မလွယ်ပါဘူး။ စီးပွားလည်းရှာ၊ ကလေးလည်း ထိန်းရတဲ့ မိခင်တွေအနေနဲ့ အပျိုတုန်းကလို ကိုယ့်ကိုကိုယ်တောင် သိပ်ပြီး ပြင်ဆင်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်သားမွေးတစ်သွေးလှဆိုတဲ့ စကားဆိုတဲ့ အတိုင်း ကလေးမွေးပြီးမှ ပိုပိုလှလာတဲ့ သူတွေရှိကြောင်း မြန်မာ မင်းသမီးလေးတွေ နဲ့ သက်သေပြလိုက်ပါတယ်။

ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်

အနုပညာလောကမှာ ဆယ်စုနှစ်နှစ်ခုကျော်စာ နေရာယူထားနိုင်သူလေးဖြစ်ပြီး အကယ်ဒမီ ဆုများစွာ ပိုင်ဆိုင်ထားတဲ့ အိန္ဒြာကျော်ဇင်က မင်းသားချော ပြေတီဦးနဲ့ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရ ဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အခုလာမယ့် April လဆိုရင် အသက် ၄၅ နှစ် အရွယ်ရှိနေပြီ ဖြစ်ပေမယ့် သူမရဲ့အလှကတော့ နုပျိုနေဆဲ ဖြစ်ပါတယ်။

ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်

ချင်းလူမျိုး အနုပညာရှင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့် က လည်း အကယ်ဒမီဆု များစွာကို ရရှိပိုင်ဆိုင်ထားပြီး အားချစ်နဲ့ လဝန်းမေဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ အသက် (၃၉)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့်လဲ သက်မွန်မြင့် ဟာ တစ်သားမွေးတစ်သားလှဆိုတဲ့စကားအတိုင်း အိမ်ထောင်ကျ ကလေးမွေးပြီးမှ အရင်ကထက် ပိုလှလာပါတယ်။

သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေ

သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန် တစ်ဦးဖြစ်ပြီး ပရိသတ် အချစ်တွေကို တစ်ခဲနက် ရရှိထားသူလေး ချစ်သုဝေ ဟာ အဆိုတော်လင်းလင်း နဲ့ အိမ်ထောင်ကျပြီး အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားသူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ပျိုလို့ ကိုယ်နုတဲ့ ချစ်သုဝေက အသက် (၃၇) နှစ်ရောက်သည့်တိုင် လူငယ်လေးလို လန်းဆန်းလှပနေဆဲပါ။

သရုပ်ဆောင် မေကဗျာ

သရုပ်ဆောင်မေကဗျာဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူလေး ဖြစ်ပါတယ်။ မေကဗျာက လှပပြီး ထူးချွန်ထက်မြတ်တဲ့ သမီးလေးနဲ့ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူလေးဖြစ်ပါတယ်။ မေကဗျာက လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ မလုပ်တော့ဘဲ ကိုယ်ပိုင် စီးပွားရေးလုပ်ကာ အနုပညာလောကကနေ ခေတ္တ အနားယူထားတာပဲဖြစ်ပါတယ်။

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း

အသံဝဲဝဲလေးနဲ့ ချစ်စရာ ကောင်းတဲ့ မင်းသမီးလေး သ ဉ္ဇာနွယ်ဝင်းဟာ ချစ်ရသူနဲ့ ရွှေလက်တွဲခဲ့ပြီး အခုဆိုရင် ကျော်မျိုးမြင့် နဲ့ သ ဉ္ဇာမျိုးမြင့်ဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်တော့ပေမယ့် သ ဉ္ဇာနွယ်ဝင်းက အခုချိန်ထိ ချစ်စရာကောင်းနေဆဲပါပဲနော်။

ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ် စမိုင်းလ်

တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်တစ်ယောက် ဖြစ်တဲ့ စမိုင်းလ်က ပေါ်ရှာနဲ့ ကလိုဝီ ဆိုတဲ့ သမီးနှစ်ယောက်ကို မွေးဖွားထားတဲ့ မေမေတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် စမိုင်းလ် ကတော့ အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်မှုတွေတိုးပြီး ပိုလှလာသူတစ်ယောက် ဖြစ်ပါတယ်။

ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်

ပရိသတ်တွေက မပွတ်ကျွတ် လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည် ဟာ အရွယ်ရောက်ပြီး တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦး ရဲ့ မေမေပဲ ဖြစ်ပါတယ်။ သမီးနဲ့အပြိုင် နုပျိုတဲ့ ခိုင်သင်းကြည်က အသက် (၅၀) နှစ်ရောက်သည့်တိုင် မယုံနိုင်လောက်အောင် နုပျိုနေဆဲပဲ ဖြစ်ပါတယ်။

အကယ်ဒမီ ချောရတနာ

“ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ မင်းသမီး ချောရတနာ ကတော့ သားတစ်ယောက် သမီးတစ်ယောက်ကို မွေးဖွား ထားတဲ့ မေမေတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ အလှကတော့ ငယ်ငယ်ကအတိုင်း လှနေဆဲပါပဲ။ စာဖတ်ပရိသတ်ကြီး သိတဲ့ အနုပညာရှင် ကလေးမေမေ ထဲမှာရော ဘယ်သူတွေက လှလဲဆိုတာ ကောမန့်မှာ ပြောပြခဲ့ပါအုန်း။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။