အင်္ဂလိပ်မွေးလကပြောသည့်သင့်အကြောင်း

Astrology
အင်္ဂလိပ်မွေးလကပြောသည့်သင့်အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အင်္ဂလိပ်မွေးလကပြောသည့်သင့်အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်မွေးလကပြောသည့်သင့်အကြောင်း

လူတစ်ယောက်နဲ့ တစ်ယောက်က အကျင့်စရိုက်တွေမတူကြပါဘူး ။ တစ်ခုမဟုတ်တစ်ခုပေါ် မူတည်ပြီး အကျင့်စရိုက်တွေ ကွဲပြားကြပါတယ် ။ ဗေဒင်ကိန်းခန်းအရလည်း မွေးလတွေအပေါ်မူတည်ပြီး ကိုယ့်ရဲ့အကျင့်စရိုက်လက္ခဏာ ကွဲပြားကြပါတယ် ။

ဇန်နဝါရီ

ဇန်နဝါရီဖွားတွေက သူတို့ကို မသိတဲ့သူတွေကတော့ အေးတိအေးစက်နဲ့ စကားနည်းတဲ့သူလို့ ထင်ကြတာပေါ့။ ခင်လည်းခင်သွားရော “တော်ပါတော့”လို့ ပြောယူရအောင် စကားစပါယ်ရှယ်များသူတွေပါ။ ခေါင်းမာတယ် ။ ရည်မှန်းချက်ကြီးကြတယ်။ လူတစ်ယောက်ရဲ့ အားနည်းချက် ၊ အားသာချက်ကိုကြည့်ပြီး မဆုံးဖြတ်ဘူး ။ သပ်သပ်ရပ်ရပ်နေတတ်ကြတယ် ။ သူများကို ပျော်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ကောင်းကောင်းသိကြတယ် ။ ပေါင်းသင်းဆက်ဆံရေးကောင်းတယ် ။ ပိုက်ဆံအသုံးအစွဲကြီးတတ်လို့ ခဏခဏဘိုင်ပြတ်တတ်ပါတယ်…တဲ့လေ ။

ဖေဖော်ဝါရီ

ဖေဖော်ဝါရီလဖွားတွေကတော့ ဒေါသထွက်လွယ်ပြီး စိတ်ပြောင်းလွယ်တဲ့သူတွေရယ်ပါ ။စိတ်ကူးအရမ်း ယဉ်တတ်ကြတယ် ။ ဖေဖော်ဝါရီအများစုက ရုပ်ချောပြီးဥာဏ်ကောင်းကြတယ် ။
ကိုယ်ရဲ့ပန်းတိုင်ရောက်ဖို့ တစိုက်မတ်မတ်ကြိုးစားတတ်တဲ့သူတွေဖြစ်ပါတယ် ။ လာချုပ်ချယ်ရင်မကြိုက်တတ်ကြဘူး ။ မလိုအပ်တဲ့အပိုတွေ လာလုပ်ရင် မကြိုက်ဘူး။ စိတ်ကူးထဲမှာတော့ ရိုမန်တစ်ဆန်ပေမယ့် အပြင်မှာကြိုးစားကြည့်တော့ တလွဲဖြစ်တတ်တာ သူတို့ပေါ့ ။
ရည်းစားထားရင်လည်း တစ်ယောက်ဆို တစ်ယောက်ပဲ။ သစ္စာရှိကြတယ်။

မတ်

မတ်လဖွားတွေကတော့ ဆွဲဆောင်မှုရှိတဲ့ပင်ကိုယ်စရိုက်ရှိတယ် ။ သူစိမ်းတွေနဲ့ဆို ရှက်တတ်ကြတယ် ။ အပေးအကမ်း ရက်ရောပြီး သနားကြင်နာတတ်တဲ့စိတ်ရှိကြတယ် ။ စိတ်ခံစားလွယ်တယ် ။ ကိုယ့်ကိုသူများလာချစ်တာထက် သူများကိုချစ်ရတာ ပိုကြိုက်တယ် ။ နှုတ်လုံတယ် ။ ယုံကြည်လို့ရတယ် ။ ဒါပေမယ့် လက်တုံ့ပြန်တတ်တဲ့ အကျင့်ရှိတယ် ။

သူများတွေဆီက အာရုံစိုက်မှုရတာကို အရမ်းကြိုက်တယ် ။ ပိုက်ဆံရှာရလွယ်ပြီး ရှာထားတဲ့ ပိုက်ဆံလွယ်လွယ် ကုန်တတ်တယ် ။ အသက်သာကြီးလာမယ် ၊ ကလေးတစ်ယောက်လို ပြုမူချင်တတ်တုန်း ။ လက်တွဲဖော်ရှာတဲ့အခါ စိတ်ကအမြဲမပြတ်မသား ဖြစ်လေ့ရှိတယ် ။

ဧပြီ

သွက်သွက်လက်လက် နေတတ်ကြတယ် ။ ဆုံးဖြတ်ချက်ခိုင်မာတယ် ။ တစ်ခါတစ်ရံ ရှပ်ပြာပြာ လုပ်တတ်တယ် ။ စိတ်ဓာတ်ခိုင်မာတယ် ။ ခေါင်းမာတယ်။ ဆရာကြီးတအားလုပ်တတ်တယ် ။ စိတ်လိုက်မာန်ပါ လုပ်တတ်တယ် ။ သူများ ပြဿနာတွေကို လိုက်ဖြေရှင်းပေးတတ်တယ် ။

သူငယ်ချင်းများမယ် ။ ချစ်ခင်သူတွေ ပေါများမယ် ။ ဒါပေမယ့် ဆရာကြီးလုပ်တတ်တဲ့ အကျင့်ကြောင့် ကိုယ်ချစ်တဲ့သူတွေ နဲ့ ဝေးရတတ်တယ် ။
အကြောက်အလန့်နည်းပြီး ရဲရင့်တယ် ။ တစ်ခုခုကိုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ဘယ်သူမျှကိုယ့်ကို တားလို့မရတော့ဘူး ။

မေ

မေလဖွားတွေကတော့ ကိုယ့်ဘာသာ
အေးဆေးနေတတ်တယ် ။ အရှုပ်အယှက်တွေမကြိုက်ဘူး ။ ဒါပေမယ့် ကိုယ့်ကိုလာတိုက်ခိုက်လာရင်တော့ “စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ်” ဆိုတဲ့လူတွေပါ ။ အနုပညာ ဝါသနာပါတယ် ။ သူငယ်ချင်းတွေကို အရမ်းဦးစားပေးတတ်တယ် ။
အသည်းမာတယ် ။ ထက်မြက်တယ် ။ စိတ်ဆိုးစိတ်ကောက်ရင် ခဏပဲ ။ အကြာကြီးချော့စရာ မလိုဘူး။ အိမ်မှာနေရတာ မကြိုက်ဘူး ။ ခရီးထွက်နေရတာ ကြိုက်တယ် ။

ဇွန်

ဇွန်လဖွားတွေကတော့ အရမ်းသဝန်တိုတတ်သူတွေပါ ။ အချစ်ရေးကတော့ ရှုပ်ထွေးမှုများတယ် ။ သုံးပွင့်ဆိုင်တို့ လေးပွင့်ဆိုင်တို့ ကြုံတာများပါတယ် ။ အတိတ်ကို မမေ့နိုင်ဘဲ ဖြစ်နေတတ်တယ် ။ ဇွန်လဖွားတွေက ယဉ်ကျေးသိမ်မွေ့တယ် ။ ဂျီးများတယ်။ အကောင်းဆုံးဆိုတာပဲ လိုချင်ပြီးတအား ရွေးချယ်တယ် ။ ဆန်းသစ်တီထွင်တတ်တယ် ။ ဟာသဉာဏ်ရွှင်တယ် ။ စကားများတယ် ။ စကားပြောကောင်းတယ် ။ သူတို့နဲ့ စကားနိုင်သွားမလုနဲ့ ။ ထိုင်ငိုသွားမယ် ။ အလွယ်တကူ နာကျင်ခံစားတတ်တယ် ။ ခံစားရတဲ့ဒဏ်ရာက လွယ်လွယ်နဲ့ပျောက်မသွားဘူး ။ အချိန်ကြာကြာနေပြီးမှ မေ့ပျောက်လေ့ရှိတယ် ။

ဇူလိုင်

ဇူလိုင်လဖွားတွေကတော့ သူများတွေကို ဂရုစိုက်တတ်တယ် ။ ခံစားချက်တွေ မဖော်ပြတတ်ဘူး ။ တစ်ခါတစ်လေ သူတို့တွေကို နားလည်ပေးဖို့ ခက်ခဲတယ် ။ မာနကြီးတယ် ။ ခင်မင်တဲ့ သူတွေနဲ့တော့ ပေါတောတောနေတယ် ။ သူများခံစားချက်ကို အရမ်းဂရုစိုက်ပေးလို့ ကိုယ်ကပဲခံစားရတာများတယ် ။ ချက်ချက်လက်လက် သွက်သွက်လက်လက် ရှိတယ် ။ အမှားလုပ်ထားရင် ခွင့်လွှတ်ပေးတယ် ။ ဒါပေမယ့် ဘယ်တော့မှမမေ့ဘူး ။ တစ်ယောက်တည်းနေရတာ သဘောကျတယ် ။ အလွယ်တကူ မိတ်ဆွေမဖွဲ့တတ်ဘူး ။

သြဂုတ်

သြဂုတ်လဖွားတွေကတော့ ခေါင်းဆောင်တစ်ယောက် စိတ်ဓာတ်ရှိတယ် ။ ဦးဆောင်ရတာ သဘောကျတယ် ။ ရဲရင့်တယ် ။ ဂုဏ်မက်တယ် ။ သဝန်တိုလွယ်တယ် ။ ဖြတ်ထိုးဉာဏ်ကောင်းတယ် ။ အလုပ်အရမ်းကြိုးစားတယ် ။ နေမကောင်း ခဏခဏဖြစ်တတ်တယ် ။ အချစ်ရေးမှာတော့ ရိုမန်တစ်ဆန်သူတွေပါ ။

စက်တင်ဘာ

စက်တင်ဘာဖွားတွေကတော့ ခေါင်းမာတဲ့သူတွေပါ ။ သနားတတ်တယ် ။ ပူပန်တတ်ပြီး စေ့စပ်တယ် ။ သစ္စာရှိတယ် ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အပြည့်ပဲ ။ မှတ်ဉာဏ်ကောင်းတယ် ။ သတင်းအချက်အလက်တွေ လိုက်စုရတာသဘောကျတယ် ။ သိုသိုသိပ်သိပ်နေတယ် ။

ကိုယ်ခံစားချက်ကို ဖော်ပြခဲတယ် ။ တစ်ခုခုဆို အတွေးလွန်ပြီး တစ်ယောက်တည်း ဝမ်းနည်းနေတတ်တယ် ။ အလွယ်တကူ စိတ်အားငယ်တတ်တယ် ။ အချစ်ရေးမှာဆိုရင်လည်း ကိုယ့်ကိုမချစ်တဲ့သူကိုမှ တန်းတန်းစွဲဖြစ်နေတတ်တယ် ။
ကိုယ့်ကိုကြိုက်တဲ့သူတွေကိုတော့ လှည့်တောင်မကြည့်ဘူး ။ ကြိုက်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေပါသော်လည်း ဂျီးများလွန်းသောကြောင့် အပျိုကြီး ၊ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရတတ်တယ် ။

အောက်တိုဘာ

အောက်တိုဘာဖွားတွေကတော့ ဇွဲကောင်းတယ် ။ အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ ဇွဲမလျော့ဘူး ။ ကံကောင်းတတ်တယ် ။ စိတ်ထားလှတယ် ။
သူငယ်ချင်းတွေကို နံပါတ်တစ်နေရာမှာ ထားတယ် ။ လွယ်လွယ်ခံစားပြီး လွယ်လွယ်မေ့ပျောက်တတ်တယ် ။ သဝန်တိုလွယ်တယ် ။ ဟန်မဆောင်တတ်ဘူး ။ စိတ်ထဲမှာရှိသမျှက ကိုယ့်မျက်နှာပေါ်မှာ လာပေါ်နေတတ်တယ် ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လွယ်လွယ်ပျောက်တတ်တယ် ။

နိုဝင်ဘာ

နိုဝင်ဘာလဖွားတွေကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး လူချစ်လူခင်ပေါတယ် ။ စိတ်ရှည်တယ် ။ ခေါင်းမာတယ် ။ စပ်စုတတ်တယ် ။ ထက်မြက်တယ် ။ စကားနည်းတယ် ။

နည်းနည်းပြောပြီး များများတွေးတာ သူတို့တွေပေါ့ ။ စိတ်ပါရင် အကုန်လုပ်တယ် ။ စိတ်မပါရင် ဘာဆိုဘာမှမလုပ်ဘူး ။ ဒေါသထွက်ခဲတယ် ။ ဒေါသထွက်ပြီဆိုရင်လည်း သူများနဲ့မတူဘူး ။

သူများနဲ့မတူ စဉ်းစားတွေးခေါ်တတ်တယ် ။ မြှောက်ပြောတိုင်းမမြှောက်တတ်ဘူး။ အချစ်ရေးမှာ မရေရာ မသေချာဖြစ်တတ်တယ် ။

ဒီဇင်ဘာ

ဒီဇင်ဘာလဖွားတွေက လတွေအားလုံးထဲမှာ
ကံအကောင်းဆုံးသူတွေပါ ။
အထူးသဖြင့် အချစ်ရေးမှာ ကံအရမ်းကောင်းပါတယ် ။ အားကစားမှာ ထူးချွန်တယ် ။ စိတ်မရှည်ဘူး ။ စိတ်တိုလွယ်တယ် ။ ဟန်မဆောင်တတ်ဘူး ။ ရိုးသားတယ် ။ အရှိကိုအရှိတိုင်းပြောလို့ခဏခဏ ပြဿနာတတ်တက်တယ်။ အချစ်ခံရတာ ကြိုက်တယ်။ Personality ပြောင်းလွယ်တယ် ။ ချုပ်ချယ်တာမကြိုက်ဘူး ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။