ကံလမ်းကြောင်းရဲ့သဘောသဘာဝ

Astrology
ကံလမ်းကြောင်းရဲ့သဘောသဘာဝ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကံလမ်းကြောင်းရဲ့သဘောသဘာဝ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကံလမ်းကြောင်းရဲ့သဘောသဘာဝ

ကံလမ်းကြောင်းကို ကမ္မလေခဟူ၍ လည်းကောင်း၊ ထီးရိုးဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြသည်။ ကံလမ်းကြောင်း သည် လက်ဖဝါး၏အောက်ခြေမှ လက်ခလယ်ခြေရင်းရှိ စနေ ဂြိုဟ်ခုံသို့ ထိုးတက်သွားသော ဗဟိုလမ်းကြောင်းကြီးဖြစ်ပေသည်။

အဆိုပါလမ်းကြောင်းကြီးသည် လမ်းခွဲမရှိဘဲ စနေဂြိုဟ်ခုံဆီသို့ ထိုးတက်နေပါက အဆိုပါလက္ခဏာရှင်သည် ငယ်စဉ်ကစ၍ အသက်ထက်ဆုံး ကံကြမ္မာ၊ အပြောင်းအလဲမရှိ၊ တိကျသောကုသိုလ်ကံကို တစ်ဦးတည်း ခံစား စံစားရတတ်ပါသည်။
ကံလမ်းကြောင်းသည် အောင်မြင်ရေးလမ်းကြောင်း နှင့်လည်း ယှဉ်နေရမည်။ သို့မှသာ မိမိ၏ စည်းစိမ်နှင့် ရာထူး တို့အား ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းဘေးမှ ကွာဝေးပေလိမ့်မည်။

ကံလမ်းကြောင်းသည် မေတ္တာလမ်းကြောင်းနှင့် ပေါင်းဆုံပြီးနောက် ကြာသပတေးဂြိုဟ်ခုံသို့ တက်လာပါက မိမိလိုရာခရီးသို့ ရောက်ရှိနိုင်ပါသည်။
အကယ်၍ ကံလမ်းကြောင်းသည် ဉာဏ်လမ်းကြောင်းနှင့် တွေ့ ဆုံပြီးနောက် စနေဂြိုဟ်ရှိရာ လက်ခလယ်ထံ သို့ တက်မသွားဘဲ ရပ်ဆိုင်းသွားခဲ့ပါက မိမိ၏လုပ်ငန်းများ ပျက်စီးတတ်ပါသည်။

ကံလမ်းကြောင်းမှ ခွဲ၍ထွက်သော လမ်းကြောင်းတို ကလေးသည် တနင်္ဂနွေဂြိုဟ်ခုံသို့ ရောက်နေပါက မိမိ၏ကံ ကြမ္မာကို မိမိကိုယ်တိုင်ဖန်တီးခြင်းဖြင့် အောင်မြင်တတ်ပါသည်။ – အကယ်၍ ကံလမ်းကြောင်းသည် ဉာဏ်လမ်းကြောင်း မှစ၍ ထွက်ပေါ်လာပြီး ထင်ထင်ရှားရှား ဖြစ်ပေါ်နေသည့် အခါတွင် အဆိုပါလက္ခဏာရှင်သည် အသက်ကြီးပြင်းမှ မိမိ၏ ကံကြမ္မာဖန်တီးမှုကို ခံစားရတတ်ပါသည်။ စနေဂြိုဟ်ခုံတွင် ကံလမ်းကြောင်းအဆုံး၌ ကျွန်းခံနေပါက ပစ္စည်းဥစ္စာကင်းမဲ့ခြင်း ဘဝနှင့် အဆုံးသတ်ရတတ်သည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။