ခြေတုကြောင့် အခက်အခဲမရှိ လမ်းလျှောက်နိုင်တဲ့ ဆင်ကြီး

International News
ခြေတုကြောင့် အခက်အခဲမရှိ လမ်းလျှောက်နိုင်တဲ့ ဆင်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခြေတုကြောင့် အခက်အခဲမရှိ လမ်းလျှောက်နိုင်တဲ့ ဆင်ကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခြေတုကြောင့် အခက်အခဲမရှိ လမ်းလျှောက်နိုင်တဲ့ ဆင်ကြီး

ပုံမှာ မြင်ရတာကတော့ ကမ္ဘောဒီးယားနိုင်ငံမှ ၁၁ နှစ်အရွယ် ဆင်ကြီး ချဟွတ်ပါ။ ချဟွတ်ဟာ မုဆိုးရဲ့ ထောင်ချောက်မိပြီး ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရပေမဲ့ ဗြိတိန်နိုင်ငံက သားရဲတိရစ္ဆာန် ပရဟိတအဖွဲ့ရဲ့ အကူအညီကြောင့် ခြေတုဝတ်ဆင်ခွင့် ရခဲ့ပါတယ်။ ကားတာယာအဟောင်းတွေ၊ ကားဆွဲဖို့ အသုံးပြုတဲ့ ကြိုးအဟောင်းတွေကို သုံးပြီး ၄၄ ပေါင် အလေးချိန်ရှိတဲ့ ခြေတုကို ဖန်တီးခဲ့တာပါ။ အမေရိကန်ဒေါ်လာ ၁၄၅၀ ကုန်ကျပါတယ်။ ခြေတုကြောင့် ဆင်ကြီး ချဟွတ်က အခက်အခဲမရှိဘဲ လမ်းလျှောက်နိုင်၊ ပြေးနိုင်၊ ရေကူးနိုင်စွမ်း ရှိပါတယ်။

ချဟွတ်က အကောင်ကြီးထွားလာတဲ့အတွက် ခြေတုကို ၆ လ၊ တစ်ကြိမ် လဲလှယ်တပ်ဆင်ပေးနေရပေမဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Paradise Wildlife Park က ရန်ပုံငွေ ထောက်ပံ့ပေးနေတာကြောင့် စရိတ်စကအတွက် အခက်အခဲ မရှိပါဘူး။ ချဟွတ်က သူ့ကို ခြေတု လဲလှယ်တပ်ဆင်ပေးတိုင်း ငြိမ်ငြိမ်လေးနေကာ ကူညီပေးတတ်လို့ ဆင်ထိန်းတွေက သူ့ကို ဆုချတဲ့အနေနဲ့ အုန်းသီးတစ်လုံး ပေးလေ့ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။