နေ့နံအလိုက် အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေစေသော ယတြာ

Astrology
နေ့နံအလိုက် အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေစေသော ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေ့နံအလိုက် အချစ်ရေး၊ အိမ်ထောင်ရေးအဆင်ပြေစေသော ယတြာဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေ့နံအလိုက် အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေစေသော ယတြာ

နေ့နံအလိုက် အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေစေသော ယတြာကို ကိုယ်တိုင် တွက်ချက်ပြီး တင်ပေးလိုက်ပါတယ်။

တနင်္ဂနွေ သားသမီးများအတွက်

တနင်္ဂနွေ သားသမီးများကတော့ သောကြာနေ့ မနက် ၉း၃၅ မှ ၁၁နာရီ အတွင်း မိမိ အိမ်ဘုရားစင်တွင် သပြေပန်း ၉ညွန့်၊ နှင်းဆီ အဝါ ၃ပွင့်၊ ဥသျှစ်သီး ၁လုံး ကပ်လှူ ပူဇော်ပေးပါ။ ၃ရက်တိတိ တင်ထားပေးပါ။ တနင်္ဂနွေနေ့ တစ်ရက် သက်သတ်လွတ် စားပေးပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းလာစေရန် ဆုတောင်းပါ။

တနင်္လာ သားသမီးများအတွက်

တနင်္လာ သားသမီးများကတော့ တနလာင်္နေ့ နေ့လည် ၁:၄၅ မှ ၃နာရီ အတွင်း အိမ်ဘုရားစင်တွင် ဖရဲသီး တစ်လုံး၊ ရွှေပန်း ၇ကုံး၊ ဒန်းညွန့် ၅ညွန့် ကပ်လှူ ပူဇော်ပေးပါ။ ၅ရက်တိတိ တင်ထားပေးပါ။ တနင်္လာနေ့ တစ်ရက် သက်သတ်လွတ် စားပေးပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းလာစေရန် ဆုတောင်းပါ။

အင်္ဂါ သားသမီးများအတွက်

အဂါၤ သားသမီးများကတော့ ကြာသာပတေးနေ့ မနက်ပိုင်း
၇နာရီမှ ၉:၃၀ အတွင်း မိမိ နေ့နံဂြိုလ်ထောင့်တွင် သစ်သီး ၉မျိုး ၉လုံး၊ အမွှေးတိုင် ၉တိုင်၊ ဖယောင်းတိုင် ၉တိုင်၊ ရေတော် ၉ခွက် ကပ်လှူ ပူဇော်ပေးပါ။ အင်္ဂါနေ့ တစ်ရက် သက်သတ်လွတ် စားပေးပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းလာစေရန် ဆုတောင်းပါ။

ဗုဒ္ဓဟူး သားသမီးများအတွက်

ဗုဒ္ဓဟူး သားသီးများကတော့ စနေနေ့ မနက်ပိုင်း ရး၁၅မှ ၉း၃၀နာရီ အတွင်း မိမိ အိမ်ဘုရားစင်တွင် ရွှေဖရုံသီး တစ်လုံး၊ ရွှေထီး ၃လက်၊ ငွေထီး ၃လက်၊ အုန်းညွန့် ၇ညွန့် ကပ်လှူ ပူဇော်ပေးပါ။ ၇ရက်တိတိ တင်ထားပေးပါ။ ဗုဒ္ဓဟူးနေ့ တစ်ရက် သက်သတ်လွတ် စားပေးပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းလာစေရန် ဆုတောင်းပါ

ကြာသပတေး သားသမီးများအတွက်

ကြာသပတေး သားသမီးများကတော့ ကြာသာပတေးနေ့ နေ့လည် ၃း၄၅မှ ၅နာရီ အတွင်း မိမိ အိမ်ဘုရားစင်တွင် နာနတ်သီး တစ်လုံး၊ ကြံညွန့် ၅ညွန့်၊ အောင်သပြေ ၉ညွန့်၊ နှင်းဆီ အနီ ၇ပွင့် ကပ်လှူ ပူဇော်ပေးပါ။ ၅ရက်တိတိ တင်ပေးပါ။ ကြာသပတေးနေ့ တစ်ရက် သက်သတ်လွတ် စားပေးပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းလာစေရန် ဆုတောင်းပါ။

သောကြာ သားသမီးများအတွက်

သောကြာ သားသမီးများကတော့ တနင်္ဂနွေနေ့ မနက်ပိုင်း ၁၀နာရီမှ ၁၂နာရီ အတွင်း အုန်းသီး တစ်လုံး၊ကြာပန်း ၄ပွင့်၊ မလှိုင်မုန့် ၅ခု မိမိ အိမ်ဘုရားစင်တွင် ကပ်လှူ ပူဇော်ပေးပါ။ ၃ရက်တိတိ တင်ထားပေးပါ။ သောကြာနေ့ တစ်ရက် သက်သတ်လွတ် စားပေးပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းလာစေရန် ဆုတောင်းပါ။

စနေ သားသမီးများအတွက်

စနေ သားသမီးများကတော့ စနေနေ့ မနက်ပိုင်း ၆:၁၅မှ ၉နာရီ အတွင်း မိမိ နေ့နံဂြိုလ်ထောင့်တွင် ဇွန်ပန်း ၉ ကုံး၊ လိမ္မော်သီး ၃လုံး၊ အမွှေးတိုင် ၅တိုင်၊ ဖယောင်းတိုင် ၅ တိုင် ကပ်လှူ ပူဇော်ပေးပါ။ စနေနေ့ ၃ ပတ်တိတိပြု လုပ်ပေးပါ။ စနေနေ့ တစ်ရက် သက်သတ်လွတ် စားပေးပါ။ အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းလာစေရန် ဆုတောင်းပါ။

အထက်ပါ ယတြာများကို ယုံယုံကြည်ကြည် ပြုလုပ်ပေးပါ။ ရက်ပိုင်းအတွင်း ထူးခြားမှုတွေ ရလာပါလိမ့်မယ်။

မှတ်ချက်။ ။ ရာဟုနဲ့ ဗုဒ္ဓဟူး သားသမီး အတူတူပါပဲ။ မည်သည့် နေ့သားသမီး အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါတယ်။ အမျိုးသမီးများ အနေဖြင့် ဓမ္မတာ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေ့ကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ ကိုယ်ခန္ဓာ သန့်စင်ပြီး လုပ်ရပါမယ်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။