အင်္ဂလိပ်မွေးသက္ကရာဇ်ပဲသိပြီးမြန်မာမွေးသက္ကရာဇ်မသိသူများအတွက်

Astrology
အင်္ဂလိပ်မွေးသက္ကရာဇ်ပဲသိပြီးမြန်မာမွေးသက္ကရာဇ်မသိသူများအတွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အင်္ဂလိပ်မွေးသက္ကရာဇ်ပဲသိပြီးမြန်မာမွေးသက္ကရာဇ်မသိသူများအတွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်မွေးသက္ကရာဇ်ပဲသိပြီးမြန်မာမွေးသက္ကရာဇ်မသိသူများအတွက်

ဗေဒင်ပညာကို ဝါသနာပါသူတို့ဟာ မဟာဘုတ်ပညာအရ မိမိတို့အနေနဲ့ ဘာအကြွင်း နှင့် ဘာဖွားဆိုတာကို ဗေဒင်ပညာ တီးမိခေါက်မိရှိသူတွေ နဲ့ ဆုံတွေ့တိုင်း မေးလေ့မေးထ ရှိကြပါတယ်။

ကျွန်တော်အခု တင်ပြပေးမယ့် နည်းက ဘယ်သူ့ကိုမျှလည်း မေးနေစရာမလို မိမိတို့ဖာသာလည်း တွက်ချက်ကြည့် မနေရအောင် အလွယ်ကူဆုံး ဖြစ်မည့် နည်းပဲ ဖြစ်ပါတယ်။

“ဘာအကြွင်းနဲ့ဘာဖွားလဲကြည့်နည်း”

မိမိ မွေးဖွားတဲ့ မြန်မာသက္ကရာဇ် သိသူတွေဟာကြွင်းတဲ့နှစ်များ ခေါင်းစဉ်လေးတွေ အောက်မှ တဆင့် တန်းပြီး ကြည့်နိုင်ပါတယ်။ မိမိ မွေးဖွားသော မြန်မာသက္ကရာဇ် မသိသူများ က “ကြွင်းသောနှစ်များ” ခေါင်းစဉ်လေးတွေ အောက်မှ မြန်မာသက္ကရာဇ် ဘေးမှာရှိတဲ့အင်္ဂလိပ်နှစ်ကိုကြည့်ပါ။ မိမိမွေးဖွားတဲ့ လက (၄)လပိုင်း (၁၈)ရက် နောက်ပိုင်းဆိုရင် လွယ်လွယ်ကူကူ ကြည့်နိုင်ပါတယ်။

တကယ်လို့ (၄(လပိုင်း {၁၆/၁၇} အရင်ကာလ လများမှာ မွေးဖွားခဲ့ရင်တော့ ကိုယ့်ရဲ့ အင်္ဂလိပ်လို မွေးသက္ကရာဇ်ပါဝင်တဲ့ အကြွင်းကို “#တစ်ခု” လျှော့ပြီး ယူလို့ ကြည့်ရမှာဖြစ်ပါတယ်။

မြန်မာ့နှစ်ဆန်း (၁)ရက်နေ့ဟာ နှစ်စဉ်နီးပါး {April 16/17 }မှာ ကျရောက်လေ့ ရှိတတ်ပါတယ်။ အဲဒီလို နေ့ရက်တွေမှာ မွေးတဲ့သူတွေ အတွက် မြန်မာနှစ်ဆန်း (၁)ရက် {April 16 / 17} ဖြစ်တဲ့ နှစ်တွေအောက်က နှစ်တွေမှာ ကြည့်ပြီး “အကြွင်း” နဲ့ “အဖွား” ကို ကြည့်ရမှာဖြစ်ပါတယ်။

ဥပမာ (၁)။

20 ၊7 ၊ 1948ဖွား အင်္ဂါသားကို ကြည့်ပြပေးပါမယ်။
1948 ဖြစ်လို့ မြန်မာလို (၁၃၁၀)နှစ် မွေးသူ ဖြစ်ပါတယ်။ မွေးလ က ၇လပိုင်းဖြစ်လို့ 1948 အတွက် အကြွင်းကို ၁ခု လျှော့ပြီး ယူစရာ မလိုပါဘူး။ ဒါကြောင့် ၁၃၁၀ (1948) အောက်မှ အင်္ဂါသား အတွက် အကြွင်းမှာ (၁)ကြွင်း ဖြစ်ကာ အဖွားမှာ အင်္ဂါသား ဖြစ်တာကြောင့် “#သိုက်ဖွား’လို့ သိရမှာ ဖြစ်ပါတယ်။

ဥပမာ (၂)။

30 ၊3 ၊ 1989ဖွား ကြာသပတေးသားသမီးတစ်ယောက်ကို ကြည့်ပြပေးပါမယ်။
(၀)ကြွင်း တဲ့နှစ်များ အောက်က (၁၃၅၁) (1989) မှာ မွေးသော သက္ကရာဇ်ကို တွေ့ရမှာဖြစ်ပါတယ်။ မွေးလက (၃)လပိုင်းဖြစ်လို့ (1989) အတွက် အကြွင်း ကို (၁)ခု လျှော့ပြီး ယူရပါမယ်။

အဲဒီလို လျှော့လိုက်ရင် (၆)ကြွင်းတဲ့နှစ်မှာ သူ့ကို မွေးဖွားပြီး ကြာသပတေးသားသမီး ဖြစ်တာကြောင့် “အထွန်းဖွား” ဖြစ်ပါတယ်။ { ( ၁၃၁၀ မှ ၁၃၈၄ ) / ( 1948 မှ 2022 ) } အတွင်း ဖွားမြင်သူများ အတွက် အလွယ်တကူ ကြည့်ရှူ နိုင်ပါတယ် ခင်ဗျာ။

၁ကြွင်းသည့်နှစ်များ

၁၃၁၀ (1948) ၊ ၁၃၁၇ (1955) ၊ ၁၃၂၄ (1962) ၊ ၁၃၃၁ (1969) ၊ ၁၃၃၈ (1976) ၊ ၁၃၄၅ (1983) ၊ ၁၃၅၂ (1990) ၊ ၁၃၅၉ (1997) ၊ ၁၃၆၆ (2004) ၊ ၁၃၇၃ (2011) ၊ ၁၃၈၀ (2018) ။
တနင်္ဂနွေသားသမီးများ ~~~ ဘင်္ဂ ဖွား။
တနင်္လာသားသမီးများ ~~~ ပုတိ ဖွား။
အင်္ဂါသားသမီးများ ~~~ သိုက် ဖွား။
ဗုဒ္ဓဟူးသားသမီးများ ~~~ မရဏ ဖွား။
ကြာသပတေးသားသမီးများ ~~~ အဓိပတိ ဖွား။
သောကြာသားသမီးများ ~~~ ရာဇ ဖွား။
စနေသားသမီးများ ~~~ အထွန်း ဖွား။

၂ကြွင်းသည့်နှစ်များ

၁၃၁၁ (1949) ၊ ၁၃၁၈ (1956) ၊ ၁၃၂၅ (1963) ၊ ၁၃၃၂ (1970) ၊ ၁၃၃၉ (1977) ၊ ၁၃၄၆ (1984) ၊ ၁၃၅၃ (1991) ၊ ၁၃၆၀ (1998) ၊ ၁၃၆၇ (2005) ၊ ၁၃၇၄ (2012) ၊၁၃၈၁ (2019) ။
တနင်္ဂနွေသားသမီးများ ~~~ အထွန်း ဖွား။
တနင်္လာသားသမီးများ ~~~ ဘင်္ဂ ဖွား။
အင်္ဂါသားသမီးများ ~~~ ပုတိ ဖွား။
ဗုဒ္ဓဟူးသားသမီးများ ~~~ သိုက် ဖွား။
ကြာသပတေးသားသမီးများ ~~~ မရဏ ဖွား။
သောကြာသားသမီးများ ~~~ အဓိပတိ ဖွား။
စနေသားသမီးများ ~~~ ရာဇ ဖွား။

၃ကြွင်းသည့်နှစ်များ

၁၃၁၂ (1950) ၊ ၁၃၁၉ (1957) ၊ ၁၃၂၆ (1964) ၊ ၁၃၃၃ (1971) ၊ ၁၃၄၀ (1978) ၊ ၁၃၄၇ (1985) ၊ ၁၃၅၄ (1992) ၊ ၁၃၆၁ (1999) ၊ ၁၃၆၈ (2006) ၊ ၁၃၇၅ (2013) ၊၁၃၈၂ (2020) ။
တနင်္ဂနွေသားသမီးများ ~~~ ရာဇ ဖွား။
တနင်္လာသားသမီးများ ~~~ အထွန်း ဖွား။
အင်္ဂါသားသမီးများ ~~~ ဘင်္ဂ ဖွား။
ဗုဒ္ဓဟူးသားသမီးများ ~~~ ပုတိ ဖွား။
ကြာသပတေးသားသမီးများ ~~~ သိုက် ဖွား။
သောကြာသားသမီးများ ~~~ မရဏ ဖွား။
စနေသားသမီးများ ~~~ အဓိပတိ ဖွား။

၄ကြွင်းသည့်နှစ်များ

၁၃၁၃ (1951) ၊ ၁၃၂၀ (1958) ၊ ၁၃၂၇ (1965) ၊ ၁၃၃၄ (1972) ၊ ၁၃၄၁ (1979) ၊ ၁၃၄၈ (1986) ၊ ၁၃၅၅ (1993) ၊ ၁၃၆၂ (2000) ၊ ၁၃၆၉ (2007) ၊ ၁၃၇၆ (2014) ၊ ၁၃၈၃ (2021) ။
တနင်္ဂနွေသားသမီးများ ~~~ အဓိပတိ ဖွား။
တနင်္လာသားသမီးများ ~~~ ရာဇ ဖွား။
အင်္ဂါသားသမီးများ ~~~ အထွန်း ဖွား။
ဗုဒ္ဓဟူးသားသမီးများ ~~~ ဘင်္ဂ ဖွား။
ကြာသပတေးသားသမီးများ ~~~ ပုတိ ဖွား။
သောကြာသားသမီးများ ~~~ သိုက် ဖွား။
စနေသားသမီးများ ~~~ မရဏ ဖွား။

၅ကြွင်းသည့်နှစ်များ

၁၃၁၄ (1952) ၊ ၁၃၂၁ (1959) ၊ ၁၃၂၈ (1966) ၊ ၁၃၃၅ (1973) ၊ ၁၃၄၂ (1980) ၊ ၁၃၄၉ (1987) ၊ ၁၃၅၆ (1994) ၊ ၁၃၆၃ (2001) ၊ ၁၃၇၀ (2008) ၊ ၁၃၇၇ (2015) ၊ ၁၃၈၄ (2022) ။
တနင်္ဂနွေသားသမီးများ ~~~ မရဏ ဖွား။
တနင်္လာသားသမီးများ ~~~ အဓိပတိ ဖွား။
အင်္ဂါသားသမီးများ ~~~ ရာဇ ဖွား။
ဗုဒ္ဓဟူးသားသမီးများ ~~~ အထွန်း ဖွား။
ကြာသပတေးသားသမီးများ ~~~ ဘင်္ဂ ဖွား။
သောကြာသားသမီးများ ~~~ ပုတိ ဖွား။
စနေသားသမီးများ ~~~ သိုက် ဖွား။

၆ကြွင်းသည့်နှစ်များ

၁၃၁၅ (1953) ၊ ၁၃၂၂ (1960) ၊ ၁၃၂၉ (1967) ၊ ၁၃၃၆ (1974) ၊ ၁၃၄၃ (1981) ၊ ၁၃၅၀ (1988) ၊ ၁၃၅၇ (1995) ၊ ၁၃၆၄ (2002) ၊ ၁၃၇၁ (2009) ၊ ၁၃၇၈ (2016) ။
တနင်္ဂနွေသားသမီးများ ~~~ သိုက် ဖွား။
တနင်္လာသားသမီးများ ~~~ မရဏ ဖွား။
အင်္ဂါသားသမီးများ ~~~ အဓိပတိ ဖွား။
ဗုဒ္ဓဟူးသားသမီးများ ~~~ ရာဇ ဖွား။
ကြာသပတေးသားသမီးများ ~~~ အထွန်း ဖွား။
သောကြာသားသမီးများ ~~~ ဘင်္ဂ ဖွား။
စနေသားသမီးများ ~~~ ပုတိ ဖွား။

၀ကြွင်းသည့်နှစ်များ

၁၃၁၆ (1954) ၊ ၁၃၂၃ (1961) ၊ ၁၃၃၀ (1968) ၊ ၁၃၃၇ (1975) ၊ ၁၃၄၄ (1982) ၊ ၁၃၅၁ (1989) ၊ ၁၃၅၈ (1996) ၊ ၁၃၆၅ (2003) ၊ ၁၃၇၂ (2010) ၊ ၁၃၇၉ (2017) ။
တနင်္ဂနွေသားသမီးများ ~~~ ပုတိ ဖွား။
တနင်္လာသားသမီးများ ~~~ သိုက် ဖွား။
အင်္ဂါသားသမီးများ ~~~ မရဏ ဖွား။
ဗုဒ္ဓဟူးသားသမီးများ ~~~ အဓိပတိ ဖွား။
ကြာသပတေးသားသမီးများ ~~~ ရာဇ ဖွား။
သောကြာသားသမီးများ ~~~ အထွန်း ဖွား။
စနေသားသမီးများ ~~~ ဘင်္ဂ ဖွား။

မြန်မာနှစ်ဆန်း ၁ရက် {April 16} ဖြစ်သော နှစ်များ

1948 ၊ 1949 ၊ 1952 ၊ 1953 ၊ 1956 ၊ 1957 ၊ 1960 ၊ 1961 ၊ 1964 ၊ 1965 ၊ 1968 ၊ 1969 ၊ 1972 ၊ 1973 ၊ 1976 ၊ 1980 ၊ 1984 ၊ 1988 ၊ 1992 ၊ 1996 ၊ 2000 ။

မြန်မာနှစ်ဆန်း ၁ရက် {April 17 }ဖြစ်သော နှစ်များ

1950 ၊ 1951 ၊ 1954 ၊ 1955 ၊ 1958 ၊ 1959 ၊ 1962 ၊ 1963 ၊ 1966 ၊ 1967 ၊ 1970 ၊ 1971 ၊ 1974 ၊ 1975 ၊ 1977 ၊ 1978 ၊ 1979 ၊ 1981 ၊ 1982 ၊ 1983 ၊ 1985 ၊ 1986 ၊ 1987 ၊ 1989 ၊ 1990 ၊ 1991 ၊ 1993 ၊ 1994 ၊ 1995 ၊ 1997 ၊ 1998 ၊ 1999 ၊ 2001မှ2022 အတွင်းမှာ ရှိသည့် နှစ်အားလုံး။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။