The Flash ရုပ်ရှင်မှာ Superman အဖြစ် ပါဝင်လာမယ့် Nicolas Cage

Celebrity International News
The Flash ရုပ်ရှင်မှာ Superman အဖြစ် ပါဝင်လာမယ့် Nicolas Cage

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ The Flash ရုပ်ရှင်မှာ Superman အဖြစ် ပါဝင်လာမယ့် Nicolas Cage ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

The Flash ရုပ်ရှင်မှာ Superman အဖြစ် ပါဝင်လာမယ့် Nicolas Cage

It ဒါရိုက်တာ Andy Muschietti လက်စွမ်းပြထားတဲ့ DCEU ရုပ်ရှင်သစ် The Flash ဟာ လာမယ့် ဇွန် ၁၆ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

The Flash ရုပ်ရှင်မှာ Ezra Miller ​က The Flash ခေါ် Barry Alllen အဖြစ်၊ Sasha Calle က Supergirl အဖြစ်၊ Michael Keaton နဲ့ Ben Affleck တို့က Batman နှစ်ယောက်အဖြစ်နဲ့ Michael Shannon က General Zod အဖြစ် ပါဝင်ထားကြပါတယ်။ Multiverse concept နဲ့ time travel သီအိုရီကို DCEU ပုံစံမိတ်ဆက်ထားတဲ့ရုပ်ရှင်ဖြစ်တဲ့အတွက် DC ပရိသတ်တွေကြားမှာ လွန်စွာရေပန်းစားနေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဒါရိုက်တာ Andy Muschietti ဟာ The Flash မှာ ပါဝင်လာမယ့် cameo ဇာတ်ကောင်တစ်ခုကို တရားဝင်ဖော်ပြကာ ပရိသတ်တွေကို ၎င်းကိုယ်တိုင် spoiler လုပ်လာခဲ့ပြီဖြစ်ပါတယ်။

The Flash ရုပ်ရှင်မှာ Supergirl အပြင် Superman ကိုလည်း cameo တစ်ခန်း တွေ့ရတော့မှာပါ။ အဲဒီ Superman cameo နေရာကို မင်းသားကြီး Nicolas Cage က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Nicolas Cage ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်က ဒါရိုက်တာ Tim Burton ရဲ့ မရိုက်ကူးလိုက်ရတဲ့ Superman ရုပ်ရှင် Superman Lives မှာ Kal-El ခေါ် Superman အဖြစ် ရွေးချယ်ခံခဲ့ရဖူးပါသေးတယ်။

Esquire Middle East သတင်းနဲ့ အင်တာဗျူးတစ်ခုမှာ Nicolas Cage ကို Superman အဖြစ် တွေ့ရမှာဖြစ်ကြောင်း ဒါရိုက်တာ Andy Muschietti ကိုယ်တိုင် အခုလိုအတည်ပြုပေးလာခဲ့တာပါ။

“Nic က တကယ်အံ့ဖွယ်ကောင်းတဲ့သူတစ်ယောက်ပါ။ ဇာတ်ကောင်နေရာက cameo ဆိုပေမယ့် သူသရုပ်ဆောင်ခဲ့တာအသက်ဝင်ပါတယ်။ သူနဲ့အလုပ်လုပ်ဖို့စိတ်ကူးခဲ့ရတာကြာပြီဗျ။ သူနဲ့လည်းနောက်မှာထပ်ပြီးရိုက်ကူးရေးလုပ်ချင်သေးတယ်။ သူက တကယ့် Superman ပရိသတ်ဗျ။”

Nicolas Cage ဟာ The Flash ရဲ့ ဖြတ်လျှောက် Superman ​ဖြစ်လာပေမယ့်လည်း DC Studios ဥက္ကဌ James Gunn ရဲ့ Superman: Legacy အတွက် Superman နေရာကိုတော့ မသိရသေးပါဘူး။

The Flash ဟာ DC universe အပြောင်းအလဲအတွက် အရေးပါတဲ့ရုပ်ရှင်တစ်ကားဖြစ်သလို ပရိသတ်တွေရဲ့စောင့်ကြည့်မှုကိုလည်းအထူးခံနေရပါတယ်။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။