ကမ္ဘာတွင်ကျော်ကြားစေသောထီးရိုး၊ထီးရွက်ရွေးနည်းအဟော

Astrology
ကမ္ဘာတွင်ကျော်ကြားစေသောထီးရိုး၊ထီးရွက်ရွေးနည်းအဟော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာတွင်ကျော်ကြားစေသောထီးရိုး၊ထီးရွက်ရွေးနည်းအဟော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာတွင်ကျော်ကြားစေသောထီးရိုး၊ထီးရွက်ရွေးနည်းအဟော

ထီးရိုး၊ထီးရွက်ဤနှစ်ချက်ရသည်မရတွက်လိုကမူဂြိုဟ်ပေါင်းမည်ရ တည်တုံထလျက်လက္ခဏာသခင် မည်တွင်ဂြိုဟ်သက် မြှောက်တုံလှစ်၍ မြှောက်ရသင်္ချာဂဏန်းမှာလျှင် ဂေါဇာမည်ထ သက္ကရာစ်မှန်စွာ နှောထားနဝ ရငြားလဒ်မှာမှတ်ထားပါဦး ၊တထူးထိုမှ စားကြွင်းတို့မှာ ကြွင်းဧကမှထီးရိုးဟူ၍ ၊ထိုတူလဒ်ကို ၊စားဖြိုးနဝ ကြွင်းသေသမူဧကလည်းကောင်း ၊ကြွင်းပြန်ရှောင်ကထီးရွက်ရ၏။ထီးရိုး၊ထီးရွက် ဤနှစ်ချက်ကိုရသည်ဖြစ်မူ ထိုသသူ၌ချမ်းသာသိုက်၍ပျော်ပိုက်ရိပ်ငြိမ်း ၊မင်းစည်းစိမ်သို့ ၊ဂုဏ်သိမ်မငြိုး၊ကျော်လိမ့်ဟိုးသည်၊ကောင်းကျိုးထိုအခါတည်း။

အဓိပ္ပါယ်ကား ထီးရိုး၊ထီးရွက်ရသည် မရသည် တွက်လိုသော်နံဂြိုဟ်ပေါင်းကိုတည်၊မိမိဇာတာလက္ခဏာသခင်ဂြိုဟ်သက်နှင့်မြှောက်။မိမိမူလသက္ကရာစ်နှော၊၉ ခုစား။လဒ်ကိုမှတ်၍ထား၊အကြွင်းသေသကိုရှု့။စားကြွင်းသေသတစ်ခုဖြစ်မူထီးရိုးဟူ၏။ရခင်မှတ်၍ထားသောလဒ်ကို ၉ ခုနှင့်တဖန်စား။စားကြွင်းသေသတစ်ခုဖြစ်မူထီးရွက်ဟူ၏။ထီးရိုး ၊ထီးရွက်ဤနှစ်ချက်ရမူလူတွင်အကျော်အစော အံ့ဩကုန် လုံးစုံပြည့်ထ ကြွယ်ဝချမ်းသာ ရေထိကြာသို့ ကမ္ဘာတွင် ထင်ပေါ်အံ့ဟု ဟောပါလေဆိုလိုသည်။

မှတ်ချက် (က)နံဂြိုဟ်ပေါင်းဆိုသည်မှာတနင်္ဂနွေ – ၆၊ တနလာ ၁၅ |အင်္ဂါ၈၊ ဗုဒ္ဓဟူး၁၇) စနေ ၁၀ | ကြာသတေး ၁၉၊ ရာဟု ၁၂ |သောကြာ ၂၁ တို့၏ပေါင်းလဒ်၁၀၈ ကိုဆိုလိုသည်။

(ခ)လက္ခဏာသခင်ဂြိုဟ်ဆိုသည်မှာမိမိဇာတာ၌လဂ်ရှိသောရာသီခွင်ရှိကသစ်ဂြိုဟ်သည်လက္ခဏာသခင်ဂြိုဟ်ဖြစ်သည်။

(ဂ)လက္ခဏာသခင်ဂြိုဟ်သက်ယူပုံနည်းကားဥပမာမိမိဇာတာ၌လဂ်သည်မိဿရာသီ၌ရှိသည်။မိဿရာသီ၏ကသစ်ဂြိုဟ်မှာ (စ) အင်္ဂါဖြစ်သည်။အင်္ဂါဂြိုဟ်၏အသက်မှာရှစ်နှစ်ဖြစ်၍လက္ခဏာသခင်ဂြိုဟ် အင်္ဂါ၏လက္ခဏာဂြိုဟ်သက်မှာရှစ်နှစ်ဟုသိရာ၊အခြားသောရာသီတို၏လက္ခဏာသခင်ဂြိုဟ်သက်ကိုလည်းဤနည်းအတိုင်းသိပေရာ၏။

၁၃၄၀ ခုနှစ်ဖွားသောဇာတာရှင်တစ်ဦးကိုဥပမာအနေဖြင့်တွက်ကြည့်ပါစို့။ဇာတာရှင်၏လဂ်မှာမိဿရာသီ၌ရှိသည်။

နံဂြိုဟ်ပေါင်း=၁၀၈၊လဂ်သည်မိဿလဂ်ဖြစ်၍လဂ်၏သခင်ဂြိုဂ်မှာအင်္ဂါဖြစ်သည်။အင်္ဂါ၏ဂြိုဟ်သက်မှာရှစ်ဖြစ်သောကြောင့်၁၀၈×၈=၈၆၄ရသည်။မူလသက္ကရာစ်နှေဟုဆိုသောကြောင့် ၈၆၄+၁၃၄၀=၂၂၀၄ ရသည်။၉ဖြင့်စာပါကရလဒ်၂၄၄၊အကြွင်း၈ဖြစ်ပေသည်။၈ကြွင်းသောကြောင့်ထီးရိုးမရပေ။တဖန်ရလဒ်၂၄၄ကို၉ဖြင့်စားပါက တစ်ခုကြွင်းပေသည်။ထီးရွက်ရ၏။သို့သော်ထီးရိုး၊ထီးရွက်၂ခုလုံးမဟုတ်သောကြောင့်တွက်ကိန်းဖြင့်မကိုက်ညီပါ။

ရေးသားသူ – မင်းခေါင် ကျော်စွာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။