မင်းရဲ့အချစ်ရေးကံက ဘယ်လိုရှိနေလဲ tarot ဗေဒင်

Astrology
မင်းရဲ့အချစ်ရေးကံက ဘယ်လိုရှိနေလဲ tarot ဗေဒင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းရဲ့အချစ်ရေးကံက ဘယ်လိုရှိနေလဲ tarot ဗေဒင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်းရဲ့အချစ်ရေးကံက ဘယ်လိုရှိနေလဲ tarot ဗေဒင်
How is your love life right now?

 

Pile 1

Pile 2

Pile 3

Pile 4

 

 

Pile 1

သက်ရောက်မှုရဲ့တန်ပြန်ကာလတစ်ခုကိုဖြတ်သန်းနေရတဲ့ အချိန်ကာလတစ်ခုဖြစ်နေတတ်ပါတယ်။အတိတ်မှာ အချစ်နဲ့ပတ်သက်ပြီး ပြုမူခဲ့တဲ့ အခိုက်တန့်ရဲ့ တန်ကြေးတစ်ခုကိုခံစားရတဲ့အချိန်အခိုက်အတန့်ဖြစ်နေတာကြောင့် တစ်စုံတစ်ယောက်အပေါ် ရည်ရွယ်ချက်နဲ့ဖြစ်သည်ဖြစ်စေ၊ မရည်ရွယ်ပဲဖြစ်စေ နာကျဥ်အောင်လုပ်ခဲ့မိတဲ့သူလေးတွေအနေနဲ့ သတိထားသင့်တဲ့ကာလဖြစ်ပါတယ်။

တစ်ချို့သူလေးတွေမှာဆိုရင် ကိုယ့်အနားမှာ။ကိုယ့်အပေါ်စောင့်ကြည့်နေတဲ့ တစ်စုံတစ်ယောက်ရှိနေတတ်တယ်။အတိတ်ကသူလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ် အသစ်တစ်ယောက်လည်းဖြစ်နိုင်တယ်။ဒါပေမဲ့လေ ခုလိုအချိန်က အချစ်နဲ့ပတ်သက်ပြီး တစ်ခုမဟုတ်တစ်ခုနဲ့ စိတ်အနှောက်ယှက်ဖြစ်ရတတ်တယ်။ချစ်တဲ့စိတ်ကြောင့်ဖြစ်ဖြစ်၊ မုန်းတဲ့စိတ်ကြောင့်ပဲဖြစ်ဖြစ် ရတာမလိုလိုတာမရတဲ့စိတ်အခြေနေကြောင့်ပဲဖြစ်ဖြစ်ပေါ့။

ဒီကာလအခိုက်အတန့်မှာ single လေးတွေကတော့ခဏလောက်ငြိမ်ငြိမ်လေးနေနေသင့်တယ်။မသိမသာဆန်းပွင့်တတ်ပေမဲ့ သွားမစမ်းသင့်တဲ့အချိန်ကာလလေးပေါ့။Relationship လေးတွေကတော့ ကိုယ့် partner အပေါ်ယုံကြည်နားလည်ပေးပြီး စိတ်ရှည်ရှည်ထားနိုင်တာကတော့ သူနဲ့ကိုယ်ကြားဒီကာလတွေမှာ အဆင်အပြေနိုင်ဆုံးပါပဲ။

Pile 2

ဒီpileကိုရွေးထားတဲ့သူလေးတွေက ကံကောင်းတယ်ပဲပြောရမလား?ဆန်းပွင့်လာတော့မဲ့ အခြေအနေလေးတွေမြင်နေရတယ်။ကိုယ်ဘက်ကပတ်သက်ချင်ချင်၊ မပတ်သက်ချင်ချင် ကိုယ့်အပေါ်ကိုစိတ်ဝင်စားပြီး ပတ်သက်လာမဲ့သူရှိလာပါလိမ့်မယ်။သူနဲ့ပတ်သက်ပြီး နည်းနည်းစိတ်တိုင်းမကျစရာလေးတွေရှိတတ်ပေမဲ့ အချိန်ကြာလာလေလေသံယောဇဥ်တွယ်လာလေလေဆိုတဲ့ အခြေအနေလေးတွေရှိလာဖို့တွေ့ရတယ်။ဒီpileကိုရွေးချယ်ထားတဲ့သူလေးတွေကတော့ အချစ်ကံကောင်းနေပြီးသားမလို့ အတိတ်ကဖြစ်ပျက်ခဲ့တဲ့ ဘယ်အခြေအနေမျိုးနဲ့ကြောင့်ပဲဖြစ်ဖြစ် စိုးရိမ်မနေပါနဲ့တော့နော်။

Single လေးတွေကလဲ အချစ်နဲ့ပြန်လည်ထိတွေ့ခွင့်ရလာတော့မဲ့ကာလမလို့ မဖြစ်နိုင်တဲ့အချစ်တွေအတွက်ပဲ အချိန်ကုန်ခံနေမဲ့ အစား ကိုယ့်ကိုချစ်တဲ့သူတွေအပေါ်လဲ ရလာတဲ့အခိုက်အတန့်မှာ အမိအရထိတွေ့စေချင်ပါတယ်။Relationship ရှိတဲ့သူလေးတွေမှာတော့ မလိုအပ်တဲ့မာနတွေ၊ အရေးမပါတဲ့အကြောင်းတရားတွေကြောင့် တစ်ယောက်ပေါ်တစ်ယောက်နားလည်မပေးနိုင်တဲ့အခြေအနေလေးတွေရှိလာတတ်တာမလို့ သတိထားဖို့တော့လိုပါမယ်။

Pile 3

ဒီpileတွေအကုန်လုံးထဲမှာတော့ ဒီသူလေးတွေကတော့ အကောင်းဆုံးလို့ပြောရမယ်။အချစ်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမဲ့အချိန်ပဲ။ဒီpileတွေထဲမှာ အချစ်ရေးကံအကောင်းဆုံးသူလေးတွေလိုလည်းဆိုနိုင်တယ်။အရင်အချိန်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုအချိန်မှာအချစ်ရေးကံအကောင်းဆုံးဖြစ်လာပြီမလို့ စိတ်ညစ်မနေပါနဲ့တော့။

Crush နဲ့မှပြေလည်ချင်ပါတယ်ဆိုတဲ့သူလေးတွေလဲ ကြိုးစားဖို့၊ အဆင့်တက်ဖို့ အချိန်ကောင်းပဲနော်။Single လေးတွေကလဲ ကိုယ့်အပေါ် သဘောကျလာမဲ့တစ်စုံတစ်ယောက်နဲ့ဆုံတွေ့ခွင့်၊ အဆင့်တက်ခွင့်ရလာတော့မဲ့အခိုက်အတန့်ပါပဲနော်။

ဒါပေမဲ့လေ Ex မှ Exဆိုတဲ့သူလေးတွေအတွက်တော့ သူ့အပေါ်ပဲမျှော်လင့်ပြီး စောင့်နေမဲ့အစား အချစ်အသစ်ကသာအကောင်းဆုံးလို့ပဲမှာချင်ပါတယ်နော်။Relationship လေးတွေအနေနဲ့ကိုယ်ချစ်သူကြောင့် စိတ်ဆိုးစိတ်တိုရတဲ့အခိုက်အတန့်တွေရှိလာတတ်‌ပေမဲ့ မထင်မှတ်ထားတဲ့စကားလေးတစ်ခွန်းကြောင့် ပြန်အဆင်ပြေသွားမှာမလို့ ထွေထွေထူးထူးမစိုးရိမ်ပါနဲ့

Pile 4

အချစ်ရေးမှာ ကိုယ်မှန်းထား၊ တွေးထားသလောက် အဆင်မပြေတဲ့ အခြေအနေမျိုးနဲ့ကြုံတွေ့ရတတ်တယ်။ကိုယ်အတောင်းတဆုံးနဲ့ ဖမ်းဆုတ်အထားချင်ဆုံးအရာတွေကိုမှ လွတ်ထွက်သွားတဲ့ အခိုက်အတန့်တွေရှိလာတတ်တာကြောင့် အရမ်းသတိထားသင့်တယ်။

ဒီ pileကိုရွေးထားတဲ့သူလေးတွေထဲမှာ စိတ်တို၊ စိတ်ဆတ်ပြီး စိတ်သိပ်မရှည်တဲ့သူလေးတွေဆိုရင် တော်တော်ဂရုစိုက်သင့်တယ်။ကိုယ့်ရဲ့စိတ်တစ်ခုကြောင့် အချစ်ရေးမှာအဆင်မပြေဖြစ်လာရတတ်တယ်။တစ်ဘက်လူကြောင့် အဆင်မပြေဖြစ်ရတဲ့ အခိုက်အတန့်ထက် ကိုယ့်ရဲ့အမှားတစ်ခု၊ ကိုယ့်ကြောင့်စပြီး အဆင်မပြေစရာအခြေအနေတွေရှိလာတတ်တာကြောင့် ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆိုတွေ ဂရုစိုက်သင့်တဲ့ကာလလို့ဆိုနိုင်တယ်။

ဒါပေမဲ့လေ ချွဲတတ်ပြီးတီတီတာတာလုပ်တတ်တဲ့ သူလေးတွေမှာတော့ အခုအခြေအနေနဲ့ပြောင်းပြန်ဖြစ်နေတတ်တယ်။နူးညံ့ဖြေလျှော့နိုင်လေလေ ပိုကောင်းလေလေမလို့ စိတ်ရှည်သည်းခံရမဲ့ကာလလေးပေါ့။Single လေးတွေမှာဆိုရင် ဒီသံသရာထဲမှာပဲလည်နေတတ်တယ်။Relationship လေးတွေမှာတော့ စကားတွေအပြန်အလှန်ထိုးနှက်ရင်း အဆင်မပြေဖြစ်ရတတ်တာကြောင့် ကိုယ့် partner အပေါ်စကားအပြောအဆိုဂရုစိုက်သင့်ပါတယ်

ရေးသားသူ – Stella Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။