လစ်ပို လက်ဖက် စီးပွားတက်

Astrology
လစ်ပို လက်ဖက် စီးပွားတက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လစ်ပို လက်ဖက် စီးပွားတက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လစ်ပို လက်ဖက် စီးပွားတက်

စီးပွားရေး လုပ်ငန်းများ အဆင်မပြေလို့ ငွေကြေးနဲ့ပတ်သတ်ပြီး အခက်ခဲဖြစ်နေကြတဲ့ ခုနှစ်ရက် သားသမီးများအတွက် လွယ်ကူပြီး အစွမ်းထက်တဲ့ ယတြာနည်းလမ်းတစ်ခု မျှဝေပေးချင်ပါတယ်

ဒီယတြာလေးလုပ်ဖို့ ကြွေပန်းကန်တစ်ချပ်လိုပါတယ် ။ အဝိုင်းဖြစ်ဖြစ် ၊ လေးထောင့်ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ် ။

မနှပ်ထားတဲ့ လက်ဖက်အသားချည်းကို ၄ပုံကို လင်ဗန်းပေါ်မှာ ပုံရပါမယ် ။
ပြီးတာနဲ့ ကြွေပန်းကန်အလယ်မှာ လစ်ပို ပုလင်းအသစ်တစ်လုံးတင်ရပါမယ် ။

အကုန်လုပ်ဆောင်ပြီးတာနဲ့ ဗုဒ္ဓဟူးနေ့ နံနက် ၁ဝး၃၀ ကနေ ၁၂း၀၀ အတွင်း ၊ ပိုပြီးဓာတ်မိအောင် ၁ဝး၄၅ အချိန်မှာ ဘုရားကျောင်းဆောင်ပေါ်တင်ပြီး လစ်ပိုပုလင်း အပေါ်မှာ ဖယောင်းတိုင် တစ်တိုင် ထွန်းလိုက်ရုံပါပဲ ။

သုံးထားတဲ့ ပါဝင်ပစ္စည်းတွေဟာနဝင်းတွေချည်း ရွေးသုံးထားတာဖြစ်ပြီး ဖယောင်းတိုင်ထွန်းနေဆဲမှာ ကိုယ့်ရဲ့စိတ်က ငွေတွေ ကိုယ့်ဆီရောက်လာပြီလို့ အာရုံပြုထားနိုင်ရင် ပိုကောင်းပါတယ် ။

ဒီနေရာမှာ ပုတီးစိပ်နိုင်တဲ့သူတွေကတော့ ၁၀၈ လုံးပါတဲ့ ပုတီးနဲ့ လာဘ်ပွင့်ဂါထာဖြစ်တဲ့ ” ဒိဝါတပတိ ဂါထာ ” ကို ပုတီးတစ်ပတ်စိပ်ပေးနိုင်ရင် အတိုင်းထက်လွန်
ပိုကောင်းပါတယ် ။
ဒီယတြာလေးကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့ စီးပွားရေး လုပ်ငန်းများ အဆင်ပြေ အောင်မြင်လာပြီး ငွေကြေးဥစ္စာ ဒီရေအလား တိုးတက်လာပါလိမ့်မယ် ။

” ဒိဝါတပတိ ဂါထာတော်ကြီး “

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော ။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ ။
တာဒိသံ တဇေသမ်ပန်နံ၊ ဗုဒ်ဓံ ဝန်ဒာမိ အာဒရံ ။
နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ ။

( မှန်ကန်တိကျစွာ အသံထွက်နည်း )

ဒိဝါတပတိ အာဒိတ်စော၊
ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊
ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊
ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊
ဗုတ်ဓံ ဝန်ဒါမိ အာဒရံ။
နမက်ကာရာ နုဘာဝေန၊
သတ်ဗေ ပူရင်တု သင်ကပ်ပါ။

ရေးသားသူ – ဗေဒင်၊အစီအမံ ဘုန်းသီဟ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။