မြန်မာငွေ သိန်း ၁၀၀၀ ကျသင့်တဲ့ ဥက္ကာခဲလက်ကိုင်အိတ်

International News
မြန်မာငွေ သိန်း ၁၀၀၀ ကျသင့်တဲ့ ဥက္ကာခဲလက်ကိုင်အိတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာငွေ သိန်း ၁၀၀၀ ကျသင့်တဲ့ ဥက္ကာခဲလက်ကိုင်အိတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာငွေ သိန်း ၁၀၀၀ ကျသင့်တဲ့ ဥက္ကာခဲလက်ကိုင်အိတ်

ပြင်သစ် တန်ဖိုးကြီး အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Coperni က ဥက္ကာခဲကို ထွင်းထားတဲ့ လက်ကိုင်အိတ် ဖန်တီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀၀၀ က ကမ္ဘာမြေပေါ် ကျလာခဲ့တဲ့ ဥက္ကာခဲကို လက်ကိုင်အိတ် ဖန်တီးခဲ့တာဖြစ်ပြီး အလေးချိန် ၂ ကီလိုဂရမ် ရှိပါတယ်။

ဥက္ကာခဲရဲ့ အရည်အသွေးနဲ့ အရွယ်အစားအလိုက် အိတ်ဈေးနှုန်း ကွာခြားနိုင်ပြီး ပျမ်းမျှအားဖြင့်တော့ ဥက္ကာခဲလက်ကိုင်အိတ် တစ်လုံးကို အမေရိကန်ဒေါ်လာ ၄၃၀၀၀ ( မြန်မာငွေ သိန်း ၁၀၀၀) ဝန်းကျင် ကျသင့်မှာပါ။ ဥက္ကာခဲအိတ်တွေကို မှာယူမယ်ဆိုရင် သီတင်းပတ် ၆ ပတ်အတွင်း ပို့ဆောင်ပေးမှာဖြစ်ပြီး ဝယ်ပြီးပစ္စည်းတွေကိုတော့ ပြန်လဲခွင့်၊ (Coperni အမှတ်တံဆိပ်ထံ) ပြန်ရောင်းခွင့် မရှိပါဘူး။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။