စင်ကာပူမှာ တည်ဆောက်မယ့် ကမ္ဘာ့အကြီးဆုံးကာဗွန်ဒိုက်အောက်ဆိုဒ်ဖယ်ရှားရေးစက်ရုံ

International News Tech
စင်ကာပူမှာ တည်ဆောက်မယ့် ကမ္ဘာ့အကြီးဆုံးကာဗွန်ဒိုက်အောက်ဆိုဒ်ဖယ်ရှားရေးစက်ရုံ

လာမယ့် ၁၈ လကျော်အတွင်း ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာအခြေစိုက်ကာဗွန်ဒိုင်အောက်ဆိုဒ်ဖယ်ရှားရေးစက်ရုံကို စင်ကာပူက စက်မှုဇုန်နေရာ Tuas မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဆောက်လုပ်ပြီးစီးပါက တစ်ရက်လျှင် Carbon-Negative Hydrogen ၃၀၀ ကီလိုဂရမ်ထုတ်လွှတ်ရင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၀ မက်ထရစ်တန် (၁၀၀၀၀ ကီလိုဂရမ်) ဖယ်ရှားနိုင်မှာဖြစ်တယ်လို့ University of California (UCLA) ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Equatic-1 လို့ခေါ်တဲ့ အဲဒီစက်ရုံက အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမှာဖြစ်ပြီး စင်ကာပူနိုင်ငံရဲ့ National Water Agency PUB, UCLA နဲ့ Equatic တို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလက လော့စ်အိန်ဂျယ်လိစ် နဲ့ စင်ကာပူမှာ ရှေ့ပြေးစမ်းသပ်မှု ၂ ခု အောင်မြင်စွာ စတင်လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ဒီပရောဂျက်ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကြေညာခဲ့တာပါ။ ဒီနည်းပညာကို TIME မဂ္ဂဇင်းရဲ့ Best Invention of 2023 စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံက Equatic ရဲ့ ရှေးပြေးစမ်းသပ်မှုစက်ရုံက အောင်မြင်ကြောင်း သက်သေပြခဲ့ပြီးပြီလို့ UCLA အရ သိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။