ထိုင်းနိုင်ငံမှာ နာမည်ကြီးအောင်မြင် ကျော်ကြားနေသော ထိုင်း-မြန်မာ ကပြားမလေး သရုပ်ဆောင် “LILY”

Celebrity International News
ထိုင်းနိုင်ငံမှာ နာမည်ကြီးအောင်မြင် ကျော်ကြားနေသော ထိုင်း-မြန်မာ ကပြားမလေး သရုပ်ဆောင် “LILY”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်းနိုင်ငံမှာ နာမည်ကြီးအောင်မြင် ကျော်ကြားနေသော ထိုင်း-မြန်မာ ကပြားမလေး သရုပ်ဆောင် “LILY” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နာမည်ကြီးအောင်မြင် ကျော်ကြားနေသော ထိုင်း-မြန်မာ ကပြားမလေး သရုပ်ဆောင် “LILY”

ထိုင်း-မြန်မာ ကပြားမင်းသမီးလေး Lily ဟာဆိုရင် ထိုင်းနိုင်ငံမှာ နာမည်ကြီး အောင်မြင်နေသူလေး ဖြစ်ပါတယ်။ Lily ရဲ့ နာမည် အရှည်ကောက်က Pantila Win Pansirithanachote ဖြစ်ပြီး အသက်က ၂၈ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။

Lily ရဲ့ အဖေက ထိုင်းလူမျိုးတစ်ယောက် ဖြစ်ပြီး Lily ရဲ့ အမေက မြန်မာလူမျိုး တစ်ယောက်ဖြစ်ပါတယ်။ Lily ပါဝင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေက ၂၀၁၃ ခုနှစ်မှာ Reuan Saneha ၊ Jaopayu နဲ့ E-Sa ဇာတ်လမ်း ၊ ၂၀၁၅ ခုနှစ်မှာ Roy Leh Sanae Rai ၊၂၀၁၇ ခုနှစ်မှာ Ching Ruk Rissaya ၊ ၂၀၁၈ ခုနှစ်မှာ Sai Rak Sai Sawat နဲ့ Prom Mai Dai Likit ၊ ၂၀၁၉ ခုနှစ်မှာ Luk Krung ၊ The Seer နဲ့ Nee Sanaeha ၊ ၂၀၂၀ ခုနှစ်မှာ Deja Vu နဲ့ Ruk Laek Pop ၊ ၂၀၂၁ ခုနှစ်မှာ Wanthong ၊ ၂၀၂၂ ခုနှစ် The Curse of Saree ဇာတ်လမ်းတွေ ဖြစ်ပါတယ်။

ထိုင်းမင်းသမီး Lily က လက်ရှိမှာ ထိုင်းမင်းသား Chinawut Indracusin နဲ့ တွဲနေတာ ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ထိုင်း-မြန်မာ ကပြားမင်းသမီးလေး Lily ရဲ့ အကြောင်းကို ဂုဏ်ယူဖွယ် ဖော်ပြပေး လိုက်ပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။