ဆီးချိူရောဂါအတွက် အထူးကောင်းမွန်တဲ့ ရုံးပတေသီးဖျော်ရည်

Health
ဆီးချိူရောဂါအတွက် အထူးကောင်းမွန်တဲ့ ရုံးပတေသီးဖျော်ရည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီးချိူရောဂါအတွက် အထူးကောင်းမွန်တဲ့ ရုံးပတေသီးဖျော်ရည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆီးချိူရောဂါအတွက် အထူးကောင်းမွန်တဲ့ ရုံးပတေသီးဖျော်ရည်

ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များနေတဲ့ ဆီးချိုရောဂါကို ခံစားရပြီဆိုတဲ့အခါ အသက်အန္တရာယ်မရှိစေဖို့အတွက် အစားအသောက်ကို အထူးဆင်ခြင်ရပါတယ်။ ဒါ့အပြင် ဆေးကိုလည်း အမြဲမှီဝဲနေရပြီး ဘယ်တော့မှ မေ့ထားလို့မရပါဘူး။ဒါပေမယ့် ရုံးပတေသီးရဲ့ အသားနဲ့ အစေ့တွေမှာ ဆီးချိုကို ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။

ဒီလိုရုံးပတေသီးကို ရေနဲ့စိမ်ပြီး သောက်သုံးပေးခြင်းက သွေးချိုကိုလျော့နည်းစေပါတယ်။ဒါကြောင့် ဆီးချိုကိုသက်သာစေမယ့် ရုံးပတေသီးအရည်ကို အိမ်မှာ ကိုယ်တိုင်ဖျော်သောက်ကြည့်လိုက်ရအောင်ပါ။ပါဝင်ပစ္စည်းများ – ရုံးပတေသီး (အလယ်အလတ်အရွယ်) – ၄ – ၅ တောင့် ရေ – တစ်ခွက်ဆားငရုပ်ကောင်း။

ပြင်ဆင်ပုံ–

၁။ ရုံးပတေသီးတောင့်များကို သေချာပြောင်စင်သွားအောင် ရေနဲ့ဆေးလိုက်ပါ။

၂။ ဖင်ပိုင်းတွေကို လှီးထုတ်ပစ်လိုက်ပြီး အလယ်ကနေ ထက်ခြမ်းခြမ်းလိုက်ပါ။ နောက်ထပ်အလယ်ကနေ ထက်ခြမ်းလိုက်ပါ။

၃။ ရေထည့်ထားတဲ့ ခွက်တစ်ခွက်ကိုယူလိုက်ပြီး ရုံးပတေသီးစိတ်တွေကို ထည့်ပါ။

၄။ ရုံးပတေသီးတွေကို ရေထဲမှာ ၈ နာရီကြာစိမ်ထားလိုက်ပါ။ ဆန္ဒရှိပါက တစ်ရက်ကြာလည်း ထားပေးနိုင်ပါတယ်။

၅။ နောက်တစ်နေ့မနက်ရောက်သည့်အခါ ရုံးပတေသီးတွေကို ဆယ်လိုက်ပြီး ခွက်ထဲကိုအရည်ပြန်ညှစ်ချလိုက်ပါ။ ပြီးရင်တော့ အဖတ်တွေကို လွှင့်ပစ်နိုင်ပါတယ်။

၆။ ရလာတဲ့အရည်ကို ဖန်ခွက်တစ်ခုထဲပြောင်းထည့်ပြီးရင် အာဟာရဓာတ်တွေပြည့်တဲ့ ရုံးပတေသီးအရည်ကို သောက်သုံးနိုင်ပါပြီ။ ပေါ့တယ်လို့ထင်ပါက ဆား၊ ငရုပ်ကောင်းတို့ကို ထည့်သွင်းပေးနိုင်ပါတယ်။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။