ဒူးနာ​​ခြင်းအတွက်ပန်းသီးစိမ်း နဲ့ စပါးလင်

Health Knowledge
ဒူးနာ​​ခြင်းအတွက်ပန်းသီးစိမ်း နဲ့ စပါးလင်

ဆေးဖက် တကယ်၀င်ကိုယ်တို့ဖေဖေက ဆိုင်ကယ်Accident ခဏခဏဖြစ်ဖူးပါတယ်။ဒါကြောင့် ဒူးခေါင်း က အရွတ်ကွာပြီးအတော်နာနေပုံ ရပါတယ်။

လှေကားအတက်အဆင်း သိပ်မလုပ်ချင်ပါဘူး။ဖေဖေ့ကို ဆေးခန်းခေါ်လို့လည်းမရပဲ လိမ်းဆေးတွေပဲလူးနေတာ မေမေမဆုံးခင်ကတည်းကပါပဲ။ဟိုတစ်ပတ်က အိမ်ရှင်မတို့ အိမ်မှု ကိစ္စ ဗဟုသုတ ဖလှယ်ကြစို့Group မှာ အမတစ်ယောက်ပြောတဲ့သောက်ဆေးလေးကို သိပ်မခက်လို့ဖေဖေ့ကို ၃ရက်တိုက်ကြည့်တာ အတော်သက်သာတယ်
ပြောပာတယ်။

ဆေးနည်းကို စင်ကာပူက သရုတ်တွေ အတော်သောက်ကြတယ်ပြောပါတယ်။ စင်ကာပူမှာ အိမ်အကူလုပ်ဖူးတဲ့ ကောင်မလေးတစ်ယောက်က ပြန်ပြောပြတယ် လို့အဲ့ဒီ အမက ပြောပါတယ်။

ဆေးနည်းကတော့ ပန်းသီးစိမ်းနဲ့ စပါးလင်ကို ၃ခွက်၁ခွက်ကြိုပြီး အေးအောင်ထား သောက်တာပါပဲ။

အရသာက ချဉ်ချဉ်မွှေးမွှေးလေးပါ။ ပန်းသီးစိမ်းက တစ်လုံးကို ၆၀၀ကျပ် + စပါးလင်က ၁၀၀ကျပ် = စုစုပေါင်း တစ်ရက်ကို ၇၀၀ ကျပ် ဖိုး နဲ့ ၃ခါ သောက်ကြည့်လိုက်တာ ဖေဖေကတော့ ထူးခြားတယ်ပြောတာပါပဲ။ ဒူးခေါင်းထဲက ဂျွတ် ဂျွတ် ဆိုတဲ့အသံ မကြားရတော့ဘူး လို့ပြောပါတယ်။

( စပါးလင်ကို အရိုးထုပြီး အရွက်တွေကို ကတ်ကြေး နဲ့ကိုက်ထည့် ။ ပဉ္စငါးပါး ပါအောင်အရွက်ပါကိုက်ထည့်ပစ်ပါတယ်။ ပန်းသီးစိမ်းတလုံးကို ၆ စိတ် စိတ်ပြီး ရေသန့်ထည့်ကျိုပါတယ်နော်။

ပန်းသီးစိမ်းကတော့ supermarket တွေ နဲ့ စျေးတွေမှာ အလွယ်တကူ ရနိုင်ပါတယ်။

လူတိုင်းသိအောင် Public ဖွင့်ထားတာ ဖြစ်တဲ့အတွက် အားလုံး ရှယ်နိုင်ပါတယ်နော်။ဖေဖေ့ ဒူးလေးနာနေတာသက်သာလို့ ဆေ:နည်းလေးမန့်ပေး တဲ့ အမကို မသိပေမယ့် ကျေးဇူးတင်ပါတယ်။)

ဒူးခေါင်းနာတတ်တဲ့သူတွေ စမ်းသပ်ကြည့်သင့်တဲ့နည်းလမ်းလေး မျှဝေပါတယ်။

credit

:မူရင်းရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။